Apple အနေနဲ့ 2018 မှာ iPhone တွေရဲ့ရောင်းအားဟာခန့်မှန်းထားသလောက်တိုးတက်မှုမရှိခဲ့ပါဘူး ဈေးသက်သာတဲ့ iPhone XR ကိုထုတ်ခဲ့ပေမဲ့လည်း ထင်သလောက် မပေါက်ခဲ့ တာပါ ဒါပေမဲ့လည်း Apple အနေနဲ့ အဆင်ပြေတဲ့ အနေအထားမှာတော့ ရှိခဲ့ပါတယ် ဒီတော့ 2019 iPhone Series ကို မိတ်ဆက်ဖို့ ရက်ကလည်း September 10 ရက်နေ့မှာဆိုတာ ကြေငြာခဲ့ပြီးပြီ ဆိုတော့ အသစ်မိတ်ဆက်မဲ့ iPhone တွေမှာ ဘယ်လို Feature တွေ ပါလာသင့်လဲ ဆိုတာ တစ်ချက်ကြည့်လိုက်ကြတာပေါ့

Fast Charging Adapter (in box)& Type C Port

ဒါကတော့ ဒီနေ့ iPhone တွေရဲ့ အားနည်းချက်တစ်ခုဖြစ်ပါတယ် ဘူးထဲမှကာ Standard 5W Adapter ပဲပါဝင်ပါတယ် အားသွင်းရတာလည်း အကြာကြီးစောင့်ရတယ် ဆိုတော့ အလုပ်မဖြစ်ပါဘူး $1000 လောက်ပေးဝယ်ထားရတဲ့ ဖုန်းတစ်ခုမှာ Fast Charging Adapter ကတော့ ပါဝင်သင့်တယ် လို့မြင်မိပါတယ် (Fast charging က support လုပ်တယ် ပါတယ် ဒါပေမဲ့ $100 ဖိုးလောက် ထပ်ဝယ်ရအုန်းမယ်ဆိုတော အဆင်မပြေပါဘူး)

နောက်တစ်ခုက USB Type C Port ပါ Apple အနေနဲ့ သူ့ရဲ့ MacBook တွေမှာ ခေတ် ရှေ့ ပြေးလှပါတယ်ဆိုတဲ့ Type C ကို 2016 ထဲက တခြား Port တွေကို ဖြုတ်ပြီး Type C Port တွေ့ပဲ ထည့်ခဲ့တယ် ဒါပေမဲ့ iPhone တွေ မှာ အခုချိန် အထိ Lightning Port ကိုပဲ သုံးထားပါသေးတယ် iPad & Macbook တွေက Type C ပဲဆိုတော့ iPhone တွေမှာလည်း အသုံးပြုလာဖို့ မျော်လင့်ရပါတယ်

Bigger Battery

Apple အနေနဲ့ Software Optimizationကောင်းတာကြောင့် Battery ပမာဏ အများကြီးမလို ဘူးဆိုတာတော့မဖြစ်သင့်တော့ပါဘူး Software တွေက အရင်လို Graphic နိမ့်နိမ့်နဲ့ မဟုတ်တော့ပါဘူး Power စားကလည်း အရမ်းများနေပါပြီ iPhone တွေ အနေနဲ့ 2 Days Phone အဖြစ်ကို အသုံးပြုလို့မရသေးပါဘူး ( Admin ဆိုရင် iPhone XS Max အသုံးပြုတာ တစ်နေ့ကို အား ၂ ခါ အနည်းဆူံး သွင်းရပါတယ်) 2019 iPhone တွေ အတွက် မျော်လင့်တာက Battery ပမာ ဏ အနည်း ဆုံး 3500 mAh အထက် လောက်တော့ ပါဝင် သင့်တယ်လို့မြင်မိပါတယ်

Fast Wireless Charging & Reverse Wieless Charging

Wireless Charging စနစ်ကတော့ iPhone X ထည်းက စတင်ပါဝင်ခဲ့တယ် ဒါပေမဲ့ Fast Wireless Charging စနစ်မဖြစ်ပါဘူး နောက်ပြီးတော့ Reverse Wirless Charging စနစ်ကလည်း AirPods လို Device တွေကို အရေးပေါ်လို အချိန်တွေမှာ အားသွင်းမယ်ဆိုရင် အဆင်ပြေမှာဆိုတော့ ပါထင်လာသင့်တယ်လို့မြင်မိပါတယ်

More internal Storage

ဒါကတော့ 2018 iPhone တွေထဲက ဖြစ်သင့်တဲ့ အချက်တစ်ခုပါ Apple အနေနဲ့ Base Model iPhone တွေရဲ့ Storage ကို 64 GB Storage ကနေပဲစရောင်းချပေးတယ် တကယ်ဖြစ်သင့်တာက Base Model တွေကို အနည်းဆုံး 128 GB Storage ကနေ စတင်ရောင်းချပေးသင့်တယ်လို့မြင်မိပါတယ် 2019 မှာ 64 GB Storage အနေနဲ့က Photo တွေ နဲ့တင် ပြည့်နေတက်ပါတယ်

Better Camera

Camera ပိုင်းမှာ iPhone တွေ က တခြား ဖုန်းတွေကို အရမ်းကြီး သာနေတယ် ဆိုတဲ့ အချိန်တွေက ကုန်လွန်မလို ဖြစ်နေပါပြီ ဟုတ်ပါတယ် တခြား Android Flagship တွေ နဲ့ ယှဉ်ရင်ကို iPhone တွေက နည်းနည်း အားနည်းသလို ဖြစ်နေပါသေးတယ် အထူးသဖြင့် Low Light ရိုက်မယ်ဆိုရင် Night Mode Feature တွေလို က လိုအပ်နေပါပြီ ပြိုင်ဆိုင်မှုတွေ များနေချိန်မှာ ကင်မရာက က အခုထက်ပိုတိုးတက်သင့်တယ်လို့ ထင်မိပါတယ် အခု Leak တွေ အရတော့ Triple Camera ပါဝင်နေတယ် ဆိုပေမဲ့ လည်း ဘယ်လို လုပ်ဆောင်ချက်တွေ ပါဝင် မလဲဆိုတာကို့စောင့်ကြည့်ရပါအုန်းမယ် 2019 iPhone တွေ မှာတော့ Camera ပိုင်းကို Apple အနေနဲ့ အားစိုက်ထားနိုင်မယ်လို့မျော်လင့်ရပါတယ်

Smaller Notch , 5G

Notch Display ကိုပဲ Apple က ဆက်ပြီးအသုံးပြုမယ်လို့ Leak တွေ အရသိရတယ် ဒါပေမဲ့ Notch Area ကိုနည်းနည်းလောက်သေးပေးသင့်တယ်လို့တော့ မြင်မိပါတယ် Face ID စနစ်ကလည်း အခုထက် ပိုပြီးမြန်သင့်ပါတယ် 5G စနစ်ကတော့ တကယ်သေချာတာကတော့ 2020 မှ ပါဝင်မှာဖြစ်ပါတယ် ဒါပေမဲ့ လည်း သေချာမသိရသေးဘူးဆိုတော့ 2019 iPhone တွေ အနေနဲ့ Future Proof ဖြစ်အောင် 5G Support တော့ ပါဝင်သင့်တယ်လို့မြင်မိပါတယ်

အခု ဖော်ပြသွားတဲ့ 2019 iPhone တွေ အတွက် လိုအပ်ချက်တွေထဲက တစ်ချို့က ဒီ နှစ် Android ဖုန်း တော်တော်များများမှာပါပီးသားတွေကြီးပါပဲ Apple အနေနဲ့ ပြိုင်ဆိုင်မှု တွေ ပြင်းထန်နေချိန်မှာ တစ်ခုခုကိုကြီးကြီးမားမား ပြောင်းလည်းပေးဖို့လည်း လိုအပ်နေပါပီ iPhone မိတ်ဆက်ပွဲရဲ့ စာသားကလည်း ” By Innovation Only” ဆိုတော့ တကယ် တိုးတက်မှုတွေကိုမြင်တွေ့ရမယ် လို့ မျော်လင့်မိပါတယ် Apple အနေနဲ့ iPhone အသစ်တွေမှာ သိသိသာသာတိုးတက်မှုမရှိဘူးဆိုရင် User တွေက New iPhone Upgrade မလုပ်ပဲ အဟောင်းကိုပဲ ဆက်ကိုင်နေမှာ အသေအချာပါပဲ

Credit to: techworldmm.com