Sony ကတော့ IFA 2019 မှာပဲ Smartphone အသစ်တစ်ခုဖြစ်တဲ့ Xperia 5 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ Sony Xperai 5 ကတော့ Xperia 1 ရဲ့ Compact Variant အနေနဲ့ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်

Chipset ကတော့ Snapdragon 855 ကိုအသူံးပြုပေးထားပါတယ် 5G Support ကတော့ ပါဝင်ခြင်းမရှိပါဘူး Xperia 5 မှာတော့ Triple Camera ပါဝင်ပြီးတော့ 12 MP regular + 12 MP ultra-wide-angle + 12 MP telephoto တိူ့ကိုအသူံးပြုပေးထားပါတယ် Camera feature တွေ အနေနဲ့ကတော့ Sony Alpha Camera တွေမှာ အသုံးပြုထားတဲ့ Eye Auto Foucus လို Feature တွေ ပါဝင်တယ်လို့ဆိုပါတယ်

Sony Xperia 5မှာ တော့ 6.1 inch ရှိတဲ့ OLED Screen ကိုအသုံးပြုပေးထားပြီးတော့ CinemaWide screen ပါဝင်ပါတယ် Display ကတော့ 2520 x 1080 pixels ရှိတဲ့ Full HD+ resolution ရှိမှဖြစ်ပါတယ် Ascept Ratio ကတော့ 21:9 ဆိုတော့ နည်းနည်းတော့ ပိန်ရှည် ရှည်ဖြစ်နေမှာပါ ဒါပေမဲ့ လေးထောင့် ဆန်တဲ့ Deisgn ကို ကြိုက်နှစ် သက်တဲ့ သူတွေ အတွက်ကတော့ Xperia 5 က အဆင်ပြေစေမှာပါSpeaker အနေနဲ့ Stereo Speaker တွေပါဝင်ပြီးတော့ Dolby Atmos-enhanced stereo sound စနစ်လည်း ပါဝင်မှာဖြစ်ပါတယ် Battery ကတော့ 3140 mAh ပါဝင်မှာဖြစ်ပြီးတော့ 18 W Fast Chrging စနစ်ပါဝင်ပါတယ်

အရောင်ကတော့ black, white, blue, red တို့ရရှိမှာဖြစ်ပြီးတော့ ဈေးနှုန်းကတော့ $800 ဝန်းကျင် လောက် ကျသင့်မှာဖြစ်ပြီးတော့ October လထဲမှာ စတင်ဝယ်ယူနိုင်မှာပါ

Credit to: techworldmm.com