1.The Dual Camera

ပထမဦးဆုံးပြောရရင် ဖုန်းမျက်နှာပြင်အနောက်ဘက် Dual Camera Trend ကို Samsung အနေနဲ့ ဒီ Galaxy Note Series တွေရဲ့ Premium Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Galaxy Note 8 မှာ စတင် ပါဝင်လာခဲ့ပါတယ်။ မြင်ကွင်းကျယ်ပုံများ ( Wide-Angle ) အတွက် 12 Megapixel sensor, f/1.7 apertures နှင့် အဝေးမှနေ၍အနီးကပ်ပုံများ ရိုက်ကူးရန် ( Telephoto Lens ) 12 Megapixel sensor, f/2.4 apertures တို့ဝင်ပြီး ၎င်း ကင်မရာ နှစ်မျိုးလုံးအတွက် Optical Image Stabilization ( OIS ) ပါဝင်ခြင်းဖြစ်သည်။ ပိုမိုအဆင့်မြင့်သော Professional ဓာတ်ပုံရိုက်ကူးခြင်းများအတွက် Galaxy Note 8 မှာပါဝင်တဲ့ Live Focus လုပ်ဆောင်ချက်ဟာ ဆိုရင်လည်း ဓာတ်ပုံရိုက်ပြီးတဲ့အခါ ပြန်ကြည့်ရှူရတဲ့ Preview Mode မှာပါ Bokeh Effect ကို လိုသလိုပြန်ချိန်ညှိနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ “The camera that owns the night” ဆိုတဲ့ အတိုင်း ညဘက်လို မှောင်တဲ့အခြေအနေမျိုးမှာဖြစ်စေ အလင်းရောင်နည်းတဲ့ အချိန်မှာပဲဖြစ်စေ Image Noise အနည်းဆုံးနဲ့ ရိုက်ကူးနိုင်ခြင်းအပြင် နောက်တစ်ချက်က ဓာတ်ပုံ တစ်ပုံရိုက်ကူးရင် ကင်မရာ ၂ လုံး ကို သုံးပြီးရိုက်ပေမယ့် ကင်မရာ တစ်လုံးခြင်းဆီက ရိုက်ထားတဲ့ ပုံကို တစ်ပုံချင်း ပြန် save လို့ရတာပဲဖြစ်ပါတယ်။ တစ်ပုံထဲရိုက်ပေမယ့် ဓာတ်ပုံ ၂ ပုံ save လုပ်ပြီးသားဖြစ်စေမှာပါ။

2.Upgraded S-Pen

Galaxy Note 8 မှာအသုံးပြုထားတဲ့ S-Pen ဟာဆိုရင် အရင် Note Series များမှာ အသုံးပြုခဲ့တဲ့ S-Pen များနဲ့ မတူညီပဲ Upgrade လုပ်ထားခြင်းပဲဖြစ်ပါတယ်။ S-Pen ကို အသုံးပြုပြီး ဖုန်းအတွင်းရေးသားရန်၊ ပုံဆွဲရန် ပိုမိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ယခု Galaxy Note 8 မှာသုံးထားတဲ့ S Pen မှာဆိုရင်တော့ ယခင်ကထက် ပိုမိုပါးလွှာသော 0.7mm ထိပ်ဖျား နဲ့ 4096 pressure levels ကိုသုံးထားတဲ့အတွက် ယခင် Note Series များထက်ကောင်းမွန်တိကျသော S-Pen လုပ်ဆောင်ချက်များကို တွေ.ရဦးမှာပဲဖြစ်ပါတယ်။ ဒါတွေသာမက S-Pen ကိုယ်တိုင်ကလည်း Water resistance rating IP68 ရရှိထားတဲ့အတွက်ကြောင့်ပါ။

3.Display & Design

Galaxy Note 8 ဟာဆိုရင် ထွက်ရှိခဲ့သမျှ Note Series ဖုန်းများအားလုံးတွင် မျက်နှာပြင်အရွယ်အစားအကြီးမားဆုံး တစ်ခုပဲဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား 6.3″ Quad HD+ Super AMOLED ဖြစ်ပြီး Resolution အနေနဲကတော့ (2960 x 1440) 521 ppi ရုပ်ထွက်ကိုပေးစွမ်းနိုင်ပါတယ်။ Default အနေနဲ့ကတော့ FullHD+ resolution ကိုသာ ထားရှိမှာဖြစ်ပြီး Quad HD+ (WQHD+) resolution ကိုအသုံးပြုဖို့အတွက်ကတော့ Setting ထဲမှာလိုအပ်သလိုပြန်လည်ပြောင်းလဲ ချိန်ညှိပေးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Bezel-less, Full-frontal glass, Edge-to-edge screen ( Infinity Display ) ဖြစ်တဲ့အတွက်ကြောင့်လည်း လက်ရှိထွက်သမျှ စမတ်ဖုန်းတွေအနက်မှာ အကောင်းဆုံးသော ရုပ်ထွက်အရည်အသွေး ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ Galaxy Note 8 ကို Video များကြည့်ရှုရာတွက်ဖြစ်ဖြစ်၊ စာဖတ်ရင်ပဲဖြစ်ဖြစ်၊ ပုံဆွဲရာတွင်ပဲဖြစ်ဖြစ် တွင်ကျယ်အောင် အသုံးပြုနိုင်စေရန် ဖန်တီးထားတာကြောင့် လုပ်ဆောင်ချက်များစွာကို တစ်ပြိုင်နက်တည်း စွမ်းဆောင်နိုင်မည့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် ပါးလွှာသောကိုယ်ထည်ဖြစ်တာကြောင့် လက်တစ်ဖက်တည်းနဲ့လည်း လွယ်လွယ်ကူကူ အဆင်ပြေစွာ ကိုင်တွယ်နိုင်ဦးမှာပါ။

Samsung Galaxy Note 8 နဲ့ပတ်သက်ပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက် (၃) ချက်ကတော့ စာရေးသူကိုယ်တိုင် တစ်ခြားစမတ်ဖုန်းများထက် နှိုင်းယှဉ်ကြည့်ရင် နှစ်သက်မိတဲ့ အချက်များပဲဖြစ်ပါတယ်လို့ ပြောကြားရင်း Unboxing + Full Review လေးလည်း လုပ်ပေးဦးမှာမို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးဗျာ။

Credit To: MMTWave