Price – 3299 US$ (Body Only) @ www.nikonusa.com/

ပေါက်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ ကောလဟာလတွေရဲ့ အဆုံးသတ်အဖြစ် Nikon ဓါတ်ပုံဝါသနာရှင်တွေ မျှော်လင့်စောင့်စားနေတဲ့ D850 ကို စင်တင်ပွဲထုတ်လိုက်ပါပြီ ။ Nikon ကနေ ပထမဆုံး ဒီဇိုင်းပြုလုပ်ဖန်တီးထားတဲ့ 45.7 Megapixels Resolution ရှိ BSI CMOS Image Sensor အသစ်ထည့်သွင်းပေးထားပါတယ် ။ Low Pass Filter ဖြုတ်ထုတ်ထားသလို D5 မှာ ပါဝင်ခဲ့တဲ့ 153-Point AF System ကို အသုံးပြုထားတယ် ။ EXPEED 5 Image Processor နဲ့ ပေါင်းစပ် ပုံရိပ်ဖမ်းစေမှာဖြစ်ပြီး Native Sensitivity အနေနဲ့ ISO 64-25600 ရှိတဲ့အတွက် Resolution မြင့် DSLR တွေထဲမှာ အလင်းအားနည်းချိန် ရိုက်ကူးရေး Low-Light Performance ကောင်းတဲ့ ကင်မရာအဖြစ် မှတ်ယူရပါလိမ့်မယ် ။ ဒါ့အပြင် ISO 32-102400 အထိ တိုးမြှင့်ယူနိုင်ပြန်တယ် ။

Continuous Shooting အနေနဲ့ ၁ စက္ကန့်အတွင်း ဓါတ်ပုံပေါင်း ၇ ပုံ တဆက်တစပ်တည်း ရိုက်ကူးသိမ်းယူနိုင်စွမ်းရှိသလို သီးခြား ၀ယ်ယူအသုံးပြုနိုင်တဲ့ MB-D18 Battery Grip နဲ့ EN-EL18a/b Battery တို့ တွဲဖက်လိုက်မယ်ဆိုရင် 9fps အထိ Upgrade ပြုလုပ်နိုင်ခွင့်ပေးတယ် ။ 14-bit RAW (NEF) နဲ့ မှတ်တမ်းတင်မယ်ဆိုရင် ဓါတ်ပုံပေါင်း ၅၁ ပုံအထိ သိမ်းယူပေးနိုင်ပြီး ယခင် D810 ရဲ့ ၂၈ ပုံထက် နှစ်ဆနည်းပါး Buffer Storage တိုးမြှင့်လာပါတယ် ။ 12-bit Lossless Compressed RAW (NEF) ဆိုရင် ဓါတ်ပုံပေါင်း ၁၇၀ ရပါလိမ့်မယ် ။ ထင်ရှားသားနားတဲ့ လုပ်ဆောင်မှုတစ်ခုက Uncompressed 4:2:2 8-bit 4K UHD (3840×2160) ရုပ်သံအရည်အသွေးကို Image Sensor တစ်ခုလုံး အပြည့်အ၀ အသုံးပြုပြီး ကြည်လင်ပြတ်သားစွာ ဖမ်းယူပုံဖော်ပေးနိုင်ပါတယ် ။ Frame Rate ကိုလည်း 30p, 25p နဲ့ 24p အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ပြီး 1080p Full HD Recording ပြုလုပ်မယ်ဆိုရင် Focus Peaking နဲ့ Zebra Stripe ဖော်ပြမှုကို ရယူနိုင်ပါလိမ့်မယ် ။ Microphone နဲ့ Headphone Input တွေ ပြည့်ပြည့်စုံစုံပါရှိပြီး 8K နဲ့ 4K Timelapse Movie တွေ ရိုက်ကူးနိုင်မှာဖြစ်တဲ့အတွက် Videographer တွေအကြိုက်တွေ့မှာပါ ။

D500 ရဲ့ ကျောဘက်ဖော်ပြမျက်နှာပြင်လိုပဲ အပေါ်အောက် Tilting ပြုလုပ်နိုင်တဲ့ 3.2’’ 2.36M-dot Touchscreen LCD Display ပါရှိလာပြီး XQD နဲ့ SD နဲ့ Memory Card တွေ ထည့်သွင်းနိုင်မယ့် Dual Card Slot စီစဉ်ပေးထားတယ် ။ Optical Viewfinder အနေနဲ့ Hybrid VF ပါဝင်လာမယ်ဆို့ ခန့်မှန်းပြောဆိုခဲ့ကြပေမယ့် Nikon DSLR အားလုံးထဲမှာ အမြင့်ဆုံး Magnification – 0.75x OVF ပါရှိလာတယ် ။ Live View Mode မှာ Electronic Shutter ကို အသုံးပြုလို့ Silent Shooting ပြုလုပ်နိုင်ပြီး Radio Flash Control ကို အထောက်အပံ့ပေးပါတယ် ။ ဓါတ်ပုံပေါင်း ၃၀၀ လောက်ကို ပြန်လည် ပေါင်းစပ်ပြီး Focus Shift Photography ဖန်တီးနိုင်သလို Micro-NIKKOR မှန်ဘီလူးတွေနဲ့ တွဲဖက်နိုင်တဲ့အတွက် ES-2 Film Digitizing Adapter ကြားခံလို့ ရှေးယခင် 35mm ဖလင်တွေကို ဒစ်ဂျစ်တယ်ပုံရိပ်တွေအဖြစ် ပြောင်းလဲခွင့်ပေးပါတယ် ။

D850 ကင်မရာကိုယ်ထည်မှာ ရာသီဥတုဒဏ်ခံနိုင်မယ့် Weather-Seal တွေ ထည့်သွင်းထားပြီး မဂ္ဂနီဆီယမ်သတ္တုစပ်နဲ့ တည်ဆောက်ထားတယ် ။ Connectivity အတွက် Built-in WiFi နဲ့ Bluetooth LE တို့ ပါဝင်ပြီး အသံဖမ်းယူမှုကို အထောက်အကူပြုနိုင်မယ့် Audio Attenuator ကို Feature သစ်အနေနဲ့ တွေ့မြင်ရမှာပါ ။ နောက်ထပ် Feature အသစ်တစ်ခုက FX, DX, 1:2, 5:4 နဲ့ 1:1 Square Format ဆိုပြီး Image Size အမျိုးမျိုးရွေးခြယ်နိုင်ခွင့်ပေးပါတယ် ။ အသစ်ပါဝင်လာတဲ့ EN-EL15a Lithium-ion က Battery Life (CIPA) – 1840 အထိ ရှိတဲ့အတွက် ယခင် D810 ရဲ့ 1200 ထက် များစွာ တိုးမြှင့်လာတယ်လို့ ဆိုရမှာပါ ။ Nikon D850 ကို Body Only – ၃၂၉၉ ဒေါ်လာ ဈေးနှုန်းသတ်မှတ်ထားပြီး အသေးစိတ်အချက်အလက်တွေကို www.nikonusa.com/en/nikon-products/product/dslr-cameras/d850 မှာ ၀င်ရောက်လေ့လာပါ ။

■ Cyra _ (လေ့လာရေးသားမျှဝေသည်)