CES 2017 ပွဲမှာ တတ်ရောက်လာခဲ့သူ အများရဲ့ အလေးထားစောင့်ကြည့်ခြင်းကို ခံခဲ့ရတဲ့ TCL 2017 UHD Product Line မှ C2 series UHD TV များ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

ပထမဦးစွာအနေနဲ့ 49″ နဲ့ 55″ နှစ်မျိုးကို ရရှိနိုင်မှာပါ။
C2 series TV များနဲ့ အခြား series TV များရဲ့ အဓိက ခြားနားချက်ကိုပြောပြပါဆိုရင်တော့ Software နဲ့ Hardware ဆိုပြီး နှစ်ပိုင်းခွဲပြောပြချင်ပါတယ်။

Hardware ပိုင်းမှာ အဓိကခြားနားချက်ကတော့ Home Audio ပိုင်းမှာ ဆရာတစ်ဆူ ဖြစ်တဲ့ Harman Kardon Speaker များကို Built In အသုံးပြုလာခြင်း ပိုမိုအဆင်မြင့်တင်ထားတဲ့ UHD panel များ ကို အသုံးပြုလာခြင်းတို့ပဲဖြစ်ပါတယ်။

Software ပိုင်းမှာဆိုရင်တော့ Google Play Store Official ပါဝင်လာပြီး Google Music, Google Movie တို့ကိုအသုံးပြုလာနိုင်ခြင်း Web Searching ပြုလုပ်ရမှာ Voice Search ကိုပါအသုံးပြုလာနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ Google Play Store ပါဝင်နေမှာတော့ ထောင်ပေါင်းများစွာသော အခြား Android TV App တွေကိုလည်း အသုံးပြုနိုင်တာ မလွဲမသွေပဲဖြစ်ပါတယ်။ Operating System အနေနဲ့ Android M ကိုအသုံးပြုလာတာကလည်း ထူးခြားချက်တစ်ခုအနေနဲ့ပြောမယ်ဆိုပြောလို့ရနိုင်ပါတယ်။

C2 series TV များရဲ့ Detail Specification ကို အောက်ပါ Link မှာလေ့လာနိုင်ပါတယ်။

https://drive.google.com/open…

ယခု C2 UHD TV များကို စိတ်ဝင်စားလို့ ဝယ်ယူအသုံးပြုလိုတယ်ဆိုရင်တော့ Yangon နဲ့ Mandalay မြို့များမှာ ရှိတဲ့ TCL Showroom များ အပါအဝင် မြို့တိုင်းမှာရှိတဲ့ TCL တရားဝင် အရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

 

Source: TCL Myanmar