မြန်မာနိုင်ငံ၏ ပထမဆုံးသော Indoor Skydiving ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၉ မိုင်ရှိ တော်ဝင်လမ်းတွင် အောင်မြင်စွာ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာနိုင်ငံအပျော်တမ်း လေထီးခုန်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇာနည်ဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်òန်ကြားရေးမှူး ဦးသန့်ဆွေတို့က Indoor Skydiving ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက Indoor Skydiving ဆိုင်းဘုတ်ကို စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သော Indoor Skydiving သည် မြန်မာနိုင်ငံအတွက် Free Fall နှင့် Skydiving လေ့ကျင့်မှုအဆင့်မြှင့်တင်ရေးအတွက် များစွာအထောက် အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်လေထီးခုန်စစ်သည်များ လေ့ကျင့်မှုအတွက် များစွာအထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာလေထီးခုန် အားကစားသမားများပေါ်ထွန်း လာရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် Indoor Skydiving အဆောက်အအုံအတွင်းရှိ Flight Chamber ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာ ကြသူများနှင့်အတူ Indoor Skydiving သရုပ်ပြအဖွဲ့၏ သရုပ်ပြပျံသန်းမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ Indoor Skydiving ကို နေ့စဉ်နံနက် ၉ နာရီ မှ ည ၈ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အသက်လေးနှစ်အထက်ရှိကာ ပေါင် ၂ဝဝ အောက်ရှိသူများ လာရောက်ကာ ပျံသန်းကစားနိုင်ကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် ပခုံးဒဏ်ရာရရှိထားသူများ ဝင်ရောက်ကစားနိုင်မည်မဟုတ် ကြောင်း သိရသည်။

မြင့်မောင်စိုး
Credit to: myanmaallin