ဒီတစ်ခေါက် Drive ရဲ့ Test Drive ကဏ္ဍမှာပါဝင်လာခဲ့တာကတော့ မြန်မာနိုင်ငံရဲ့ Iconic ဖြစ်ခဲ့ဖူးတဲ့ Nissan Sunny ကားသစ်လေးပဲဖြစ်ပါတယ်။ Nissan Sunny ဆိုတာ ကျွန်တော်တို့ငယ်စဉ်အချိန်ကတည်းက ရင်းနှီးပြီးသားဖြစ်သလို ကားဈေးကွက်ကိုလည်း အချိန်အတော်ကြာလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ Nissan ရဲ့ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ဆီဒင်အဖြစ်ရပ်တည်နေတဲ့ Nissan Sunny ဟာဆိုရင် အခုချိန်မှာ မျိုးဆက် ၁၀ ဆက် မြောက်အဖြစ် ပြောင်းလဲမှုများ၊အံ့အားသင့်စရာများနဲ့အတူ မြန်မာပြည်တွင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကမှ တစ် ကျော့ပြန်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်ရောင်းချနေပြီဖြစ်တဲ့ Sunny ရဲ့မူလ DNA ကိုက ဇိမ်ကျပြီး အကောင်းဆုံးသော ဟန်ချက်ညီမိသားစုသုံးဆီဒင်ကားအဖြစ် မျိုးဆက်အလိုက် အဆင့်ဆင့်ပြောင်းလဲထုတ်လုပ်လာတာဖြစ်ပါတယ်။ ဆီစားနှုန်းသက်သာခြင်း၊ သက်သောင့်သက်သာရှိခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ နည်းပညာတိုးတက်မှုကို ခံစားသိရှိစေနိုင်ခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်း၊ စိတ်ကျေနပ်ဖွယ်ရာ မောင်းနှင်မှုကို ရရှိနိုင်ခြင်းတွေက Nissan Sunny အသစ်ရဲ့ဝိသေသတွေပဲဖြစ်ပါတယ်။၁၉၆၆ ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တဲ့ သူ့ရဲ့အကြောင်းလေးကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်လားခင်ဗျ။

ရုပ်ထွက်နှင့် အပြင်ပိုင်း

Nissan Sunny က ရှေးကျတဲ့ပုံစံဟောင်းတွေထဲမှ ခွဲထွက်ပြီးကျော့ရှင်းသော၊သေသပ်ကြီးမားသော ရှေ့ဇကာဒီဇိုင်း၊ ကွေးညွတ်သော၊ စတိုင်ကျသော ရှေ့မီးခွက်ဒီဇိုင်း၊ ကားအစိတ်အပိုင်းတစ်ချို့ကြောင့် အလွန် ပင် ခန့်ညားလှပပါတယ်။ Sunny Sedan ကားများကို တစ်ကမ္ဘာလုံးတွင် အစီးရေ သန်း ၂၀ ကျော်ရောင်း ချခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ 1.5LDOHC 16 valve အင်ဂျင်ကို အသုံးပြုထားပြီး CVT Transmission စနစ်နဲ့ လာတဲ့ ဓာတ်ဆီအင်ဂျင်သုံး ကားလည်းဖြစ်ကာ Nissanရဲ့ နည်းပညာအစုံအလင်ကိုလည်း အဆိုပါ ကားမှာ ရရှိခံစား နိုင်မှာဖြစ်ပါတယ်။ အဲဒီကားမှာ Fog Lamps and Daytime Running Lamps ကဲ့သို့သော မီးစနစ်၊ စတိုင်ကျပြီး လင်းအားကောင်းသော မီးကြီးစနစ်၊လေးခွင်းအားစနစ်ကို ကောင်းမွန်စေသော Body Design အချိုးအဆစ်တွေပါဝင်ပါတယ်။နောက်ပြီး ၁၅ လက်မအလွိုင်းဝှီးတွေကို သုံးထားသလို ဆိုင်းထိန်း စနစ်ကလည်း Independent MacPherson Strut စနစ်ကို StabiliserBar တွေနဲ့ထိန်းချူပ်ပြုလုပ်ထား လို့ဟိုင်းဝေး မောင်းနှင်မှုတွေမှာပါ သက်သောင့်သက်သာရှိစေ မှာပါ။ အဲဒီအပြင် အရမ်းကိုကောင်းမွန်တဲ့ coil springs နဲ့ရှော့ဘားတွေက လမ်းကြမ်းတွေမှာတောင် တည်ငြိမ်တဲ့ ထိန်းကျောင်းမောင်းနှင်မှုကို ရရှိစေ မှာဖြစ် ပါတယ်။ ဆီစားနှုန်းကတော့ ၁လီတာကို ၁၆.၆ ကီလိုဖြစ်ပါတယ်။ ဆီတိုင်ကီရဲ့ဝင်ဆန့်တဲ့နှုန်းက ၄၁ လီ တာဖြစ်လို့ ခရီးသွားလာမှုအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

အတွင်းပိုင်း

ကြည့်ရလွယ်ကူတဲ့ မီတာပြခွက်နဲ့ အချက်အလက်ဖန်သားပြင်၊ အလိုအလျောက် အပူတိုင်းချုပ်မှုစနစ်၊ Push Start၊ sport ဆန်တဲ့ စပုတ်တံ ၃ ခုထောက်ပုံစံ စတီယာရင်စနစ်နဲ့အတူ Audio နဲ့Bluetooth တွေကိုထိန်းချူပ် ပေးနိုင်တဲ့ စတီယာရင်ကွန်ထရိုးလည်းပါဝင်ပါတယ်။ထိုင်ခုံတွေဟာဆိုရင်လည်း သက်သောင့်သက်သာဖြစ် အောင်စီမံထားလို့ပထမတန်းစားဇိမ်ကျမှုကို ခံစားနိုင်မှာလို့ Nissan ကဆိုထားပါတယ်။ နောက်ဘက်ထိုင်ခုံ မှာလည်း Premium လည်သာထိုင်ခုံတွေနဲ့အတူ ခေါက်နိုင်၊ဖြန့်နိုင်တဲ့ ခွက်ထည့်တဲ့ နေရာလည်းပါပါတယ်။

Engine Start stop system၊ intelligent key with Immobiliser,Keyless entry,ပါကင်ထိုးရာမှာ ယာဉ်မောင်းကို အပြည့်အဝကူညီပေးနိုင်တဲ့ Rear view mirror ၊အပူအအေးကို အလိုအလျောက်ထိန်းချူပ်ပေးနိုင် တဲ့စနစ်၊လိုသလို ချိန်ညှိနိုင်တဲ့ ဘက်ကြည့် ဘေးမှန်များ၊ ကားနောက်ခန်းပန်ကာ အပါအဝင် ကျယ်ဝန်းသော အတွင်းခန်းနဲ့ Cargo Space ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ဖျော်ဖြေရေးအဖြစ်တော့ အလွန်ကြီးမားတဲ့ ရောင်စုံ Screen မှာ AM/FM radio and CD player တွေကို အလွယ်တကူ ဖွင့်ပိတ်လုပ်လို့ရနိုင်ပါတယ်။

လုံခြုံရေးစနစ်

လုံခြုံရေးစနစ်အနေဖြင့် Air Bag (၂) လုံးပါဝင်မည်ဖြစ်ပြီး Anti Lock Breaking System (ABS) ၊ ဘရိတ်နင်းရာမှာ lock မကျစေတဲ့ စနစ် (EBD) နဲ့Brake Assist (BA) စနစ်တို့ပါဝင်ပါတယ်။။ဒီလိုအဆင့်မြင့် နည်းပညာတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Nissan Sunny ကားသစ်ကိုမြန်မာငွေကျပ်၂၁၈သိန်းဖြင့် ဝယ်ယူ နိုင်ပြီး ရန်ကုန်လိုင်စင်ရရှိ မှာဖြစ်ပါတယ်။သူ့ရဲ့ Specificationsကိုလည်းဖော်ပြပေးလိုက်ရပါတယ်။

Specifications

Engine – 1.5LDOHC 16 valve Petrol

Power – 134 Nm @ 4000 rpm

Transmission – 4-Speed Auto

Fuel Eco – 16.6 kms / Lit

Brake – Antilock Braking System,EBD,BA

Airbags – Driver / Front Passenger

Air-Con – Front and Rear Vents

Fuel Tank Cap – 41 Lit

Infotainment – AM-FM /CD Player/ Back Cam / Parking Sensor

Credit to: drive-myanmar.com