မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်အတွင်းက စတင်ဝင် ရောက် ခြေချကျင်းပခဲ့သော Mix Martial Art (ကိုယ်ခံ ပညာပေါင်းစုံ အတိုက်ပြိုင်ပွဲကြီး)ကို စင်ကာပူနိုင်ငံအခြေစိုက One Championship အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံအများစုသို့ လစဉ်နီးပါး လှည့်လည်ကျင်းပလျက်ရှိသည်။ ယင်းသုံးနှစ်တာ ကာလအတွင်း MMA ပြိုင်ပွဲများကို မြန်မာနိုင်ငံ၌ လေးကြိမ်ကျင်းပခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ငါးကြိမ် တိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါငါးကြိမ်အတွင်း မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား အောင်လအန်ဆန် ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်မှာ ယခုအလိန်းနဂါလာနီစိန်ခေါ်ပွဲနှင့် ဆိုလျှင် လေးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ခြင်း ဖြစ်သည်။
အောင်လအန်ဆန်သည် ၂ဝ၁၆ ခုနှစ် မတ် ၁၈ ရက်တွင် မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် ကျင်းပသော MMA ပြိုင်ပွဲ၌ အီဂျစ်နိုင်ငံသား မိုဟာမက်အလီနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဂျူဂျစ်စုနည်းဖြင့် အနိုင်ရခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတား နက်နှင့် ဒုတိယမြောက် ယှဉ်ပြိုင်ထိုးသတ်ရာတွင်လည်း အမှတ်ဖြင့် အနိုင်ရခဲ့ သည်။
ယင်းနောက် အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ တတိယ မြောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်ရာ၌ အမှတ် ဖြင့်အနိုင်ရခဲ့သည်။ ယင်း MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲကြီးကို ယခုနှစ် ဇွန် ၃ဝ ရက်က သင်္ဃန်းကျွန်း မြို့နယ် သုဝ္ဏမိုးလုံ လေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ အဆိုပါ ရွှေခါးပတ်လုပွဲတွင် မြန်မာပြည်ဖွား အောင်လ အန်ဆန်ကို အားပေးသူပရိသတ် သုံးသောင်းကျော်သည် အထိ များပြားခဲ့သည်။
One Championship အဖွဲ့ကြီးက ကြီးမှူးကျင်းပလျက် ရှိသော ဗြ ပြိုင်ပွဲများကို မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် စတင်ကျင်းပခဲ့ရာ ယခုအကြိမ်သည် ပဉ္စမ အကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယခု ပဉ္စမအကြိမ် မြောက်တွင် စိန်ခေါ်ခံရသော လက်ရှိ MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်အနေဖြင့် ယခင် ပွဲများထက် ရုန်းကန်ရမည်ဟု လက်ဝှေ့ချစ်ပရိသတ်များက ကြိုတင်မှန်းဆထားကြသည်။ အကြောင်းမှာ စိန်ခေါ်သူ ပြိုင်ဘက်မှာ ဝိတ်ချင်းကွာခြားမှု ရှိနေခြင်းကြောင့်ပင်ဖြစ် သည်။
သို့သော် အောင်လအန်ဆန်ကလည်း ”ဝိတ်ချင်းကွာပေ မယ့် ဒီပွဲဟာ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်သစ်ဖြစ်လာမယ့် ပြိုင်ပွဲ တစ်ခုဖြစ်လို့ ကြိုးစားလေ့ကျင့်နေပါတယ်”ဟု အွန်လိုင်းမှ တစ်ဆင့် မြန်မာချစ်ပရိသတ်ကြီးဆီသို့ ရင်ဖွင့်ထားသည်။အောင်လအန်ဆန်သညMMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ပြီးနောက် ယခုကဲ့သို့ စိန်ခေါ်ခံရ မှုမှာ ပထမဆုံးဖြစ်ပြီး ယခုပြိုင်ပွဲသည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်နှင့်မဆိုင်ဘဲ အလွတ်တန်းစိန်ခေါ်မှုတစ်ခုသာ ဖြစ်သော ပြိုင်ပွဲဖြစ်သည်။ လက်ရှိတွင် အောင်လအန်ဆန် သည် အသက် ၃၂ နှစ်၊ အရပ် ၆ ပေ ၁ လက်မ၊ ကိုယ်အလေး ချိန် ၁၈၅ ပေါင်ရှိပြီး စိန်ခေါ်သူ ဟောင်ကောင်နိုင်ငံသား အလိန်းနဂါလာနီသည် အရပ်အားဖြင့် ၅ ပေ ၁၁ လက်မရှိကာ အောင်လအန်ဆန်ထက် အရပ် အနည်းငယ်နိမ့်သော်လည်း ကိုယ် အလေးချိန်အားဖြင့် ၂၂၉ ပေါင်ရှိကာ အသက် ၄၂ နှစ်ရှိသော လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။
အောင်လအန်ဆန်သည် ယှဉ်ပြိုင်ထိုးသတ်ခဲ့သောOne Championship ပြိုင်ပွဲ ၃ဝတွင် နိုင်ပွဲ ၂ဝ နှင့် ၁ဝ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသော လက်ဝှေ့ကျော်တစ်ဦးဖြစ် သည်။ ဂျူဂျစ်စုနည်းကို အဓိက အားထားကစားလေ့ရှိပြီး ယင်းနည်းဖြင့်ပင် ပြိုင်ဘက်များကို အနိုင်ယူခဲ့ခြင်းကြောင့် မြန်မာ့ရိုးရာလက်ဝှေ့နယ်ပယ်မှ ဆိုရိုးစကားဖြစ်သော ချုပ်သိုင်း ပိုင်၍ လုပ်တိုင်းနိုင်သည့် မြန်မာစပါးကြီြးေ>ွမဟုပင် က္ဘာ့အလယ်တွင် ထင်ပေါ် ကျော်ကြားခဲ့သည်မှာ ယနေ့ တိုင်ပင်ဖြစ်သည်။
ယခုစိန်ခေါ်ပွဲတွင် စိန်ခေါ်သူ တစ်ဖက်ပြိုင်ဘက် အလိန်း နဂါလာနီကHeavy Weight တန်းဖြစ်နေ၍ အောင်လ အန်ဆန်အနေဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန်မှာ လွယ်ကူသောပွဲ တော့မဟုတ်ပေ။ သို့သော် အောင်လအန်ဆန်၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်နှင့်အတူ ပြင်းထန်သည့် လေ့ကျင့် မှုတွေ နှင့်ပေါင်းစပ်ပြီး တစိုက်မတ်မတ် ကြိုးစားယှဉ်ပြိုင်မှ သာ အပြန်လမ်း မျက်နှာပန်းလှပေမည်ဖြစ်သည်။
One Championship ပြိုင်ပွဲ အတွေ့အကြုံများအရ သ္ဘာပိုင်းအရကြည့်မည်ဆိုလျှင် အောင်လအန်ဆန်သည် အားသာချက်များရှိသော်လည်း အလိန်းနဂါလာနီ ယှဉ်ပြိုင် ထိုးသတ်ခဲ့သောOne Championship ပြိုင်ပွဲများ၌ ရရှိသော နိုင်ပွဲများတွင် ပထမချီ၊ ဒုတိယအချီ အတွင်းမှာပင် တစ်ဖက်ပြိုင်ဘက်ကို အသာစီးယူ ယှဉ်ပြိုင်ခဲ့သည်များ ရှိနေ သည်။ အောင်လအန်ဆန်အနေဖြင့် ငယ်ဂုဏ်ရှိ၍ သက်လုံ ချွေကာ ယှဉ်ပြိုင်ကစားပါမှ အခွင့်အရေးကောင်းတစ်ရပ် ရမည်ဖြစ်ပြီး သူတစ်ပြန်ကိုယ်တစ်လှည့် တိုက်စစ်ဖွင့်ကစား လျှင် အောင်လအန်ဆန်အနေဖြင့် ကျားတစ်ကောင်ကို အားမတန်လို့ မာန်လျှော့လိုက်ရသော သမင်တစ်ကောင်လို အရေးနိမ့်ဖွယ်ရှိသည့် အလားအလာ ရှိနေသည်။
အောင်လအန်ဆန်သည် ပြီးခဲ့သောMMA ကမ္ဘာ့ချန်ပီယံ မစ်ဒယ်ဝိတ်တန်း ခါးပတ်လုပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်ကို ကစ်ဘောက်ဆင်နည်းဖြင့် ပညာသုံး အမှတ်ယူ ကာ အနိုင်ယူခဲ့သည်။ ယခုစိန်ခေါ်ပွဲတွင်လည်း ဘယ်နည်း၊ ဘယ်ပုံဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဆိုသည်ကို လတ်တလော ဖွင့်ဟပြောဆိုခြင်းမရှိသေးဘဲ ပြိုင်ပွဲအတွက်ကိုသာ အား စိုက်ကြိုတင်လေ့ကျင့်ပြင်ဆင်နေကြောင်း သိရသည်။
အောင်လအန်ဆန်အား စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်မည့် ဟောင်ကောင်နိုင်ငံသား အလိန်းနဂါလာနီသည် အသက် အားဖြင့် အောင်လအန်ဆန်ထက် ၁ဝ နှစ်ဝန်းကျင်ကြီး၍ သက်လုံပိုင်းဆိုင်ရာတွင် အောင်လထက် အခွင့်အရေးနည်း သော်လည်း ခွန်အားဖြင့် အနိုင်ယူနိုင်ခြေရှိနေသည်။ အလိန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ခြောက်ပွဲတွင် သုံးပွဲမှာ ခွန်အားကို အားပြုကစားကာ ယှဉ်ပြိုင်အနိုင်ယူခဲ့သည်များမှာ သက်သေ သာဓကဖြစ်သည်။
အလိန်းသည် One Championshipအဖွဲ့က စီစဉ် သော MMAnပြိုင်ပွဲလောကသို့ ပြီးခဲ့သော ၂ဝ၁၃ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ကာ ပထမဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့သောMahmoud Hassan နှင့်ပွဲတွင် ပထမအချီပွဲစပြီး ၃၁ စက္ကန့်မှာပင် အလဲထိုးဖြင့်အနိုင်ယူခဲ့သည်။ အလားတူ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော Igor Subora နှင့် ယခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် နောက်ဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သော Hideki Sekine တို့ပွဲများတွင် လည်း ပထမအချီ တစ်မိနစ် ဝ၉ စက္ကန့်နှင့် ပထမအချီ ၁၁ စက္ကန့်တို့တွင် အလဲထိုးဖြင့် အနိုင်ရယူထားသည်။ ထို့နောက် Paul Chean? Chi Lewis- Parry နှင့် Hideki Sekine တို့အား ရှုံးနိမ့်ခဲ့သောပွဲများတွင်လည်း ပထမအချီနှင့် ဒုတိယ အချီတို့မှာပင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အလိန်းနဂါလာနီ သည် ပြိုင်ပွဲတိုင်းတွင် ပါဝါထည့် အားပြုကစားပြီး ဘယ်ခြေ၊ ညာခြေကန်ချက်အားကောင်းသလို လက်သီးပိုင်းဆိုင်ရာ တွင်လည်း မြန်နှုန်းမြင့်ကာ ပါဝါအားကောင်းသည့် လက်ဝှေ့ ကျော်တစ်ဦးဖြစ်သည်။ MMAလောက၌ သံမဏိလူသား ဟုပင် တင်စားခေါ်ဝေါ်မှုများရှိသလို စက်ရုပ်လူသားဟုလည်း နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာပိုင်းဆိုင်ရာတွင် လည်းLevel ဖြင့် အားကစားသမားများထဲတွင် ပါဝင်နေ သော လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။
ယင်းသံမဏိလူသားကဲ့သို့ မာဂုဏ်မြင့် အလိန်းနဂါလာနီ နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာပြည် ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်သည် သူကျွမ်းကျင်ရာ ဂျူဂျစ်စုနည်းဖြင့် ယှဉ်ပြိုင်အနိုင်ယူမည်လား၊ အမှတ်ပေးစနစ်ဖြစ်၍ ကစ် ဘောက်ဆင်နည်းဖြင့် ယှဉ်ပြိုင်ကာ အနိုင်ယူမည်လား မည်သို့မည်ပုံယှဉ်ပြိုင်မည်ကို အောင်လအန်ဆန်ချစ် မြန်မာ ပြည် ပရိသတ်များက စိတ်ဝင်စားနေကြသည်။
လာမည့် အောက်တိုဘာ ၂၃ ရက်တွင် အောင်လအန်ဆန် သည် အမေရိကားမှ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး များမကြာမီ နိုဝင်ဘာ ၃ ရက် ညနေ ၆နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝ္ဏမိုးလုံလေလုံအားကစားပြိုင် ပွဲရုံ ကြီး၌ ယင်းလက်ဝှေ့ကျော်နှစ်ဦး ရေကုန်ရေခန်းယှဉ်ပြိုင်မှုကို မြန်မာပရိသတ်များ အားပေးကြည့်ရှုကြရတော့မည် ဖြစ် သည်။ သို့ဖြစ်၍ စိန်ခေါ်သူ ဟောင်ကောင်နိုင်ငံသား အလိန်း နဂါလာနီ ပဲ အရှက်ရပြီး ပြန်ရမည်လား၊ အိမ်ရှင်ကိုယ်စားပြု ယှဉ်ပြိုင်ထိုးသတ်မည့် အောင်လအန်ဆန်ကပဲ အခက်တွေ့ ကာ မည်သူအပြန်မျက်နှာပန်းလှမည်ကို မြန်မာနိုင်ငံ၏ ပဉ္စမ မြောက် MMA ပြိုင်ပွဲကြီးမှ အမှန်တကယ်မြင်တွေ့ကြရ တော့မည်ဖြစ်ပါကြောင်း။ ။

သတင်းဆောင်းပါး – မောင်စိန်လွင်(မြန်မာ့အလင်း)၊