ပြည်တွင်းဈေးကွက်အ တွင်း ရောင်းချနေသည့် ဘူးခွံ တွင် တရုတ်စာများဖြင့်ဖော်ပြ ထားသည့် နှာခေါင်းစည်း(Mask)  များကို သုံးစွဲရန်မသင့်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ နှာခေါင်းစည်းများ မှာ ကြိုးများပြုတ်ထွက်ခြင်း၊ ပြန် ကပ်ထားသည့်ကော်အရာများ တွေ့ရှိရခြင်း၊ ဘူးခွံ၌ ထုတ်လုပ် သည့်ကုမ္ပဏီအမည်၊ နိုင်ငံနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ ဖော်ပြထားခြင်းမရှိသည်ကို တွေ့ ရသောကြောင့် သုံးစွဲရန်မသင့် ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် အ လားတူ နှာခေါင်းစည်းအမျိုးအ စားများကို သတိပြုကြရန်နှင့် နှာ ခေါင်းစည်းများကို ဝယ်ယူရာတွင် ကုန်ပစ္စည်းအမျိုးအမည်၊ ထုတ် လုပ်သည့်ကုမ္ပဏီအမည်၊ နိုင်ငံ၊ ထုတ်လုပ်သည့်ရက်စွဲတို့အား ပြည့်စုံစွာ ဖော်ပြထားမှသာ ဝယ် ယူအသုံးပြုကြရန် FDA ထုတ်ပြန် ချက်တွင် ထည့်သွင်းဖော်ပြထား သည်။

လက်ရှိတွင်  နှာခေါင်းစည်း များတင်သွင်းရန် FDAသို့ ဆေး ပစ္စည်းမှတ်တမ်းတင်ထောက်ခံ ချက်လျှောက်ထားခြင်းနှင့် စိစစ် ကြီးကြပ်ခြင်းတို့ကို ယခုကာလအ တွင်း ကင်းလွတ်ခွင့်ပြုထားသည်။

ဈေးကွက်အတွင်း နှာခေါင်း စည်းတစ်ခုလျှင် ကျပ်  ၄၀၀ မှ ၆၀၀ ကြား နှုန်းဖြင့် ရောင်းချနေ ကြောင်း  စုံစမ်းသိရှိရသည်။

Credit to: 7 Day News