“မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Mobile ဖုန်းဖြင့် ငွေပေးချေနိုင်ခြင်း (Applepay ၊ Samsungpay၊ Android Pay ) များအား CB Bank မှ စတင်လုပ်ဆောင်လိုက်ပါပြီ …”

ယနေ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ အစည်ကားဆုံးဈေးဝယ် Center တစ်ခုဖြစ်သော Capital Hyper Market တွင် CB Bank ၏ “Touch CB” (Contactless Payment) ဝန်ဆောင်မှု စတင်မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Visa ၊ Mastercard ၊ Capital Hyper Market နှင့် သတင်းမီဒီယာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် CB Bank ၏ Managing Director ဦးသိန်းဇော်ထွန်း (Don) မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ထို့နောက် Mastercard Country Manager Mr. Donald Ong ၊ Visa Country Manager Mr. Arturo Planell နှင့် Capital Hyper Market (CEO) Mr. Cristophe Echivard တို့မှ ယခုလို CB Bank မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး “Touch CB” (Contactless Payment) ဝန်ဆောင်မှုကို Customerများမှ ငွေပေးချေမှုပြုလုပ်ရာတွင် ပိုမိုလျင်မြန် အဆင်ပြေချောမွေ့စေရန် CB Bank မှ ဆောင်ရွက်ပေးနိုင်ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အသီးသီးပြောကြားပေးခဲ့ပါသည်။

ထို့အပြင် “Touch CB” (Contactless Payment) ကို iPhone ၊ Samsung ဖုန်းတို့နှင့် ပေးချေသည့်နည်းပညာဖြစ်သော Applepay ၊ Samsaungpay ၊ Android pay၊ တို့ဖြင့်ပေးချေနိုင်မှုကို CB Bank ၊ Mastercard နှင့် Visa တို့၏ တာဝန်ရှိသူများမှ မီဒီယာများရှေ့မှောက်တွင် လက်တွေ့ ငွေပေးချေမှုများကို Capital Hyper Market တွင် ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်တွင်လည်း “Touch CB” Contactless ငွေပေးချေခြင်း ဝန်ဆောင်မှုကို တက်ရောက်လာကြသော ဧည့်သည်တော်များမှ Mastercard/Visa Contactless Card များကို အသုံးပြုကာ Capital Hyper Market ရှိ ငွေရှင်းကောင်တာများတွင် လက်တွေ့ ဈေးဝယ်ယူမှုများပြုလုပ်ခဲ့ကြပါသည်။ CB Bank ၏ “Touch CB” (Contactless Payment) ၀န်ဆောင်မှုကို “Touch CB” (Contactless Payment) စက်တပ်ဆင်ထားသော ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Source: CB Bank