နှစ်​(၅၀)ပြည့်​အာဆီယံအထိမ်းအမှတ်​ စက်​မှုဝန်​ကြီးဌာန SMEsဖွံဖြိုး တိုးတက်​​ရေးဌာနနှင့်​BaganMart .comတို့ပူး​ပေါင်း​ဆောင်​ရွက်​မှုမြင့်​Smart Living Expo 2017ပြပွဲကို ယ​နေ့နံနက်​ပိုင်​ကတပ်​မ​တော်​ခန်းမ၌ဖင့်​လှစ်​ပြသသည်​။
အခမ်းအနားကိုစက်​မှုကြီးကြပ်​​ရေးနှင့်​စစ်​​ဆေး​ရေးဦးစီးဌာနညွှန်​ကြား​ရေးမှုးချုပ်​ ​ဒေါ်​အေး​အေးဝင်း၊ကုန်​သည်​စက်​မှုအသင်းချုပ်​ဥက္ကဌဦး​ဇော်​မင်းဝင်းနင့်​ပြပွဲတာဝန်​ရှိသူများကဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးသည်​။
“ကျွန်​မတို့ဒီပြပွဲက​နေSMEs စီးပွား​ရေးလုပ်​ငန်းရှင်​​တွေအ​နေနဲ့ ကမ္ဘာ့ထုတ်​ကုန်​​တွေ၊မြန်​မာ့ထုတ်​ကုန်​​တွေရဲ့အရည်​အ​သွေး​တွေကို ပိုမိုထိ​တွေ့​လေ့လာနင်​မှာဖြစ်​ပါတယ်​။ အာဆီယံစီးပွား​ရေးအသိုက်​အဝန်းနဲ့မြန်​မာSMEsလုပ်​ငန်းများပိုမိုချိတ်​ဆက်​လာနိင်​မယ့် အခွင့်​အလမ်း ​ကောင်းလည်းဖြစ်​ပါတယ်​။ဒါ့အပြင်​SMEsလုပ်​ငန်းများ​ချေး​ငွေရယူပြီးမိမိတို့လုပ်​ငန်းများဖွံ့ဖြိုးတိုးတက်​​အောင်​လုပ်​ကိုင်​နိင်​မယ့်​အခွင့်​အလမ်း​ကောင်း​တွေလည်းရရှိမှာဖြစ်​ပါတယ်​။”ဟုညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါ်​အေး​အေးဝင်းက​ပြောသည်​။
အဆိုပါပြပွဲတွင်​တိုင်း​ဒေသကြီးနှင့်​ပြည်​နယ်​အသီးသီးမှSMEsထုတ်​ကုန်​များ၊လက်​မှုထည်​ပစ္စည်းများ၊စက်​မှုဝန်​ကြီးဌာန​အောက်​ရှိဘီပီအိုင်​​ဆေးဝါးများ၊ အဝတ်​အထည်​များ၊စား​သောက်​ကုန်​များ၊ပရိ​ဘောဂများ၊​မော်​​တော်​ယာဉ်​နှင့်​စက်​ပစ္စည်းများစုစု​ပေါင်းSMEsထုတ်​ကုန်​၁၀၀​ကျော်​ခင်းကျင်းပြသထားသည်​။
ယင်းပြပွဲကိုသြဂုတ်​၁၃ရက်​အထိနံနက်​၉နာရီမှည​နေ၅နာရီအထိဆက်​လက်ခင်းကျင်းပြသထားမည်​ဖြစ်​​ကြောင်း၊ပြပွဲကာလအတွင်းSMEsလုပ်ငန်း များဖွံဖြိုးတိုးတက်​​ရေးအတွက်​ကျွမ်းကျင်​ပညာရှင် များက​ဟော​ပြောမည်ြ
ဖြစ်​​ကြောင်း သိရသည်​။
အာဆီယံကို၁၉၆၇ခုနှစ်​သြဂုတ်​၈ရက်​တွင်​ထူ​ထောင်​ပြီးယခုအခါနှစ်​၅၀ပြည့်​​မြောက်​ခဲ့ပြီဖြစ်​​ကြောင်း၊မြန်​မာနိင်​ငံက၁၉၉၇ခုနှစ်​တွင်​အာဆီယံသို့ဝင်​​ရောက်​ခဲ့သဖြင့်​အနှစ်​၂၀ရှိသွားပြီဖြစ်​​ကြောင်း၊အာဆီယံစီးပွား​ရေးအသိုက်​အဝန်းကိုထူ​ထောင်​​နေချိန်​မြန်​မာ့SMEsလုပ်​ငန်းများ အာဆီယံစီးပွား​ရေးလုပ်​ငန်းများနှင့်​မိုပိုချိတ်​ဆက်​သွားနိင်​​အောင်​အ​ကောင်​အထည်​​ဖော်​ကြိုးပမ်းသွားမည်​ဖြစ်​​ကြောင်းညွှန်​ကြား​ရေးမှူးချုပ်​ကထပ်​​လောင်း​ပြောကြားသည်​။

သတင်း မြင့်​​မောင်​စိုး ဓာတ်​ပုံတင်​စိုး