COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်း များပြင်ဆင်ထားရှိပြီး ဖွင့်လှစ် လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုး အစားများကို အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနက မေလ ၃ ရက် တွင် ထုတ်ပြန်သည်။

COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်နေသည့်ကာလအ တွင်း မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အများ ပြည်သူအတွက်လိုအပ်သောလုပ် ငန်းများမှာ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက လမ်းညွှန် ထားသည့် ယင်းရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍  ဆောင်ရွက်ထားရမည့်အချက် များကိုပြင်ဆင်ထားရှိပြီး ဖွင့်လှစ် နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မရှိမဖြစ်လိုအပ်သည့် လုပ် ငန်းများတွင် နိုင်ငံပိုင်စက်ရုံ၊အ လုပ်ရုံနှင့်လုပ်ငန်း၊ ရေပေးဝေရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာစွမ်းအင်ထုတ်လုပ်ပို့ လွှတ်ဖြန့်ဖြူးသည့်လုပ်ငန်း၊ မီး သတ်လုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန် ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်  ရေးသတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းတို့ ပါ  ဝင်သည်။

အများပြည်သူဆိုင်ရာ ဝန် ဆောင်မှုလုပ်ငန်းများတွင် သယ် ယူပို့ဆောင်ရေး၊သိုလှောင်ရုံနှင့်ပွဲ ရုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ကုန် တင်ကုန်ချလုပ်ငန်း၊ ပို့ကုန်သွင်း ကုန်လုပ်ငန်းများနှင့်ကုန်သွယ်မှု လုပ်ငန်း၊ စည်ပင်သာယာဆိုင်ရာ လုပ်ငန်း၊ ဘဏ်နှင့်ငွေကြေးဆိုင် ရာလုပ်ငန်း၊ အာမခံကုမ္ပဏီနှင့် ကုန်ထုတ်လုပ်မှုမရှိသော ကုမ္ပဏီ လုပ်ငန်း၊  အလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်း၊ ပြန်ကြားရေးလုပ် ငန်း၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြု ခ၊ တံတားဖြတ်သန်းခကောက်ခံ သည့်လုပ်ငန်း၊ ဟိုတယ်၊ မိုတယ် နှင့်တည်းခိုခန်းလုပ်ငန်းတို့ပါဝင် ကြောင်း ရှင်းလင်းဖော်ပြထား သည်။

အများပြည်သူအတွက်လို အပ်သည့်လုပ်ငန်းများတွင် ပုံနှိပ် ခြင်းနှင့်ထုတ်ဝေခြင်းဆိုင်ရာလုပ် ငန်း၊ သတ္တုနှင့်သယံဇာတလုပ် ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါး၊ ပုစွန်မွေးမြူရေး၊ ဖမ်းဆီးရေးနှင့် အအေးခန်းလုပ်ငန်းတို့ ပါဝင် ကြောင်း ဆက်လက်ဖော်ပြထား သည်။

ယင်းလုပ်ငန်းများသည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရမည့်အချက် များပြင်ဆင်ပြီးပါက အထောက် အထားများဖြင့် အလုပ်သမား၊လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်  အား ဝန်ကြီးဌာနနှင့်ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသို့တင် ပြရန်နှင့်သက်ဆိုင်ရာပူးပေါင်းအ ဖွဲ့များ၏စစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိရန် ညွှန်ကြား ထားသည်။ ‘‘အဲဒီလုပ်ငန်းတွေက စစ်ဆေးမှု အရင်ခံယူစရာမလိုဘဲ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ထားရမယ်။ ဖွင့်လှစ်  ထားရင်းနဲ့စစ်ဆေးခံရမှာဖြစ်ပါ တယ်’’ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။

ထိုသို့ လုပ်ငန်းများဖွင့်လှစ် နိုင်သည့် ညွှန်ကြားချက်ကြောင့်  ကျန်းမာရေး ဆိုင်ရာလမ်းညွန်မှုများအတိုင်းပြင်ဆင်မှုများပြုလုပ် ၍ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ ကြောင်း  အထက်ပါလုပ်ငန်းအ မျိုးအစားများတွင် ပါဝင်သည့် လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘ဒီနေ့ပဲ ရုံးသန့်ရှင်းရေး ပြန် လုပ်နေတယ်။ ထိုင်ခုံနေရာ ပြန် ပြင်ဆင်တာ။  လက်ဆေးဖို့နေရာ ချတာတွေလုပ်နေပါတယ်’’ ဟု နွယ်ရိုး ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှမန်နေဂျင်း ဒါရိုက်တာဦးကျော်စိုးထွဋ်က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနသည် စက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများအား ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန က လမ်းညွှန်ကြားထားသည့် COVID-19 ရောဂါကာကွယ်မှု ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထား ရှိမှု ရှိ၊မရှိစစ်ဆေးမှုခံယူပြီးမှသာ  ဖွင့်လှစ်လုပ်ကိုင်ရန်ဧပြီ ၁၉ ရက် က အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်တွင် အလုပ်ဌာန အမျိုးအစားများကို ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိ၍ နားလည်မှု လွဲမှားစေသည့် အခြေအနေများရှိ နေသည်ဟု မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းမှတွဲ  ဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဧပြီ ၂၂ ရက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ထံ တင် ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က  ရှင်းလင်းမှုမရှိသည့်အချက်များ ကို နောက်ဆက်တွဲညွှန်ကြားချက် ထုတ်ပြန်၍ အသိပေးမည်ဟု ကတိပြုခဲ့ပြီး ၁၂ ရက်မြောက်၌ လုပ်ငန်းအမျိုးအစားများနှင့်ပတ် သက်၍ ဖြည့်စွက်အသိပေးချက် ထွက်ရှိခြင်းဖြစ်သည်။