Nikon ရဲ့ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ Entry-Level DSLR အမျိုးအစားသစ်ဖြစ်တဲ့ D3400 ကို အဆင့်မြှင့်တင်ပြောင်းလဲထားတဲ့ ကင်မရာဖြစ်ပါတယ် ။ D3500 လို့ အမည်ပေးထားပြီး D5600 ရဲ့ ဒီဇိုင်းတည်ဆောက်ပုံနဲ့ အလားသဏ္ဍာန်တူပါတယ် ။ D3400 ကို စင်တင်ပွဲထုတ်တုန်းက Kit Lens အပါအ၀င် ၆၄၉ ဒေါ်လာ ရောင်းချခဲ့ပေမယ့် ယခု D3500 Kit ကို ၄၉၉ ဒေါ်လာနဲ့ ဈေးကွက်တင်ပို့မှာပါ ။

ယခင် EN-EL14a Lithium-ion Battery ကို ပြန်လည် အသုံးပြုထားတယ်ဆိုပေမယ့် Battery Life (CIPA) – 1550 အထိ ရှိလာတဲ့အတွက် ဘက်ထရီသက်တမ်း ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့ ဆိုရမှာပါ ။ A DSLR that’s as easy to use as a point-and-shoot camera လို့ ကြော်ငြာထားပြီး DSLR ဆိုပေမယ့် Point-and-Shoot ကင်မရာလို အလွယ်တကူ ရိုက်ကူးရေးတွေ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် ဓါတ်ပုံဝါသနာရှင်တွေ အကြိုက်တွေ့မှာပါ ။ 24.2 Megapixel Resolution ရှိ APS-C CMOS Image Sensor ကို ထည့်သွင်းထားပြီး Expeed 4 Image Processor နဲ့ တွဲဖက် ပုံရိပ်ဖမ်းပါလိမ့်မယ် ။ Sensitivity အနေနဲ့ ISO 100-25600 အထိ ရှိပြီး Continuous Shooting – 5fps လို့ ဖော်ပြထားတဲ့အတွက် ၁ စက္ကန့်အတွင်းမှာ ဓါတ်ပုံပေါင်း ၅ ပုံအထိ တဆက်တစပ်တည်း ရိုက်ကူးနိုင်ပါတယ် ။

11-Point AF System ကို ပိုင်ဆိုင်ပြီး ရိုးရှင်းလွယ်ကူတဲ့ Guide Mode နဲ့အတူ Smartphone/Tablet နဲ့ အပြန်အလှန်ချိတ်ဆက်ပြီး ဓါတ်ပုံ/ဗီဒီယိုတွေ လွှဲပြောင်းနိုင်ဖို့အတွက် SnapBridge App ကိုလည်း ထောက်ပံ့ပေးထားပါတယ် ။ Connectivity အတွက် Bluetooth သာပါရှိမှာဖြစ်ပါတယ် ။ ရုပ်သံရိုက်ကူးရေးတွေအတွက် Full HD အရည်အသွေးကို 60p နဲ့ မှတ်တမ်းတင်နိုင်မှာဖြစ်ပြီး Mono Microphone နဲ့ Speaker တို့ ပါရှိပါတယ် ။ ကျောဘက်ဖော်ပြမျက်နှာပြင်အနေနဲ့ အရွယ်အစား 3.0’’ ရှိ 921k-dot TFT LCD Display တပ်ဆင်ပေးထားပြီး Touchscreen အမျိုးအစား မဟုတ်ပါဘူး ။ Coverage – 95% နဲ့ Magnification – 0.85x ရှိ Optical Viewfinder ပါရှိပြီး Flash X Sync Speed – 1/200sec ဖြစ်ပါတယ် ။ ကိုယ်ထည်အလေးချိန် 365g သာရှိတဲ့အတွက် ယခင်ကထက် 30g လောက် ပေါ့ပါးလာပါတယ် ။

Nikon D3500 ဟာ D3400 ထက် ဈေးသက်သာသလို ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ပြီး သေးငယ်ကျစ်လျစ်ပေါ့ပါးလာပါတယ် ။ D3500 ကို AF-P DX NIKKOR 18-55mm F3.5-5.6G VR Kit Lens နဲ့ တွဲဖက်မယ်ဆိုရင် ၄၉၉.၉၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး AF-P DX NIKKOR 70-300mm F4.5-5.6G ED ထပ်မံဖြည့်တင်းမယ်ဆိုရင် ၈၄၉.၉၅ ဒေါ်လာကျသင့်ပါလိမ့်မယ် ။ အသေးစိတ်အချက်အလက်တွေကို www.nikonusa.com/…/nikon-products/product/dslr-cameras/d3500 မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်

Credit to: Cyra Publishing