ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည် တတိယဆုရရှိသည့် စိုးမြင့်မောင် (သာရဝေါ) ၏ ”မုန်းခက် ပြုံးတစ်သက်” စာအုပ်ကို ဖြန့်ချိ ရောင်းချ လျက်ရှိသည်။
ယင်းစာအုပ်တွင် ရပ်ထဲရွာထဲတွင် အရက်သောက်ရင်း၊ ကြက်တိုက်ရင်း မိမိဘဝကို အချိန်ကုန်လွန်စေခဲ့သူ လူငယ် တစ်ယောက်သည် သဘာဝတရားအရ မေတ္တာရေးရာနှင့် ပတ်သက်လာသော အခါ စိတ်ကြမ်းများ စိတ်ယဉ်ဖြစ်လာပြီး မိမိဘဝကို အကျိုးရှိသောလုပ်ငန်းများ လုပ်ကိုင်ရင်း အချိန်ကုန်ရန် အသိတရား ရလာပုံကို ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးသူက လူငယ်လူရွယ်များ မိမိတို့အရွယ်အလိုက် လူ့တန်ဖိုးရှိသူများ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်လည်း ဆိုနိုင်ပါသည်။ ယင်းအတွက် စာရေးသူ၏ ဝတ္ထုရေးဖွဲ့ပုံ ကျွမ်းကျင်မှုများဖြင့် ဇာတ်လမ်းဆင်ကာ ရေးသားထားသည်။ ရသစာပေကောင်း များ၊ ဝတ္ထုကောင်းများ ဖတ်လိုသူများ အတွက် ဖတ်သင့် ဖတ်ထိုက်သော ရသစာအုပ် တစ်အုပ်ဖြစ်သည်။
ရောင်းဈေး ငွေကျပ် ၉ဝဝ ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၁-၂၄၉ဝ ၃၁၊ ဝ၁- ၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၆၇-၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မ္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၂-၃ဝ၁၈၆ နှင့် အမြို့မြို့ရှိ စာပေ ဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန ဖုန်း ဝ၁-၂၄၉ဝ၃၁၊ ဝ၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Source: Myanmaalinn