(Mazda)သည် (2012)ခုနှစ်က ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သည်။ (Rotary Engine) ထုတ်လုပ်ရေးနှင့် နည်းပညာဆိုင်ရာများအား ၄င်း၏အနာဂတ် ကားများတွင် ပြန်လည်ထည့်သွင်းမည်ဖြစ်ပြီး အနည်းဆုံး၎င်း၏ (Concept RX – Vision) တွင်ထည့်သွင်းထားပါမည်။ (Mazda) အနေဖြင့် (Rotary Tech) ဆိုင်ရာမူပိုင်ခွင့်များကိုလည်း ပြုလုပ်လျှက်ရှိပါသည်။ (Mazda) အနေဖြင့် အခြားသော (Rotary Concept) ကားများကို ယခုနှစ် (October) တွင်ကျင်းပမည့် (Tokyo Motor Show) တွင် ထည့်သွင်းပြ သမည် ဖြစ်ပါသည်။

(Mazda) အနေဖြင့် (Rotary Engine) နှင့် နည်းပညာသုံးကားများအား ကျယ်ပြန့်စွာ ထုတ်လုပ် မည်ဖြစ်ပြီး ၄င်းတို့တွင် (New Rotary Sports Car) များလည်း ပါဝင်မည်ဖြစ်ပြီး (Production)အနေဖြင့် (၂၀၂၀)၀န်း ကျင်ခန့်တွင် ဆောင်ရွက်နိုင်မည်ဟု (Auto Express) မှခန့်မှန်းထား ပါသည်။ (Mazda) ၏ အနာဂတ်ဖန်တီးမှုအနေဖြင့် (Hybridized Car) များကို ထုတ်လုပ်နိုင်ဖွယ်ရှိသော်လည်း ကုမ္ပဏီသည် (Rotary – Power) သီးသန့်သုံးကားများကိုသာ ပို၍ အလေးထားထုတ်လုပ်ဖွယ်ရှိပါသည်။ ထို့အတူ (Hybrid Rotary) အင်ဂျင်သုံးကားများကိုလည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု (Auto blog) မှ သုံးသပ်ထားပါသည်။ (လျှပ်စစ်မော်တာ) နှင့် (မော်တာ)စနစ်များသည် (Rotary Engine) ၏ (rpm) မြင့်မားလှသည့် မြင်းကောင်ရေများသည် လျှပ်စစ်မော်တာစတင်အသုံးပြု၍ လျော့နည်းသွားမည့် စွမ်းအင်များအား အစားထိုးဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် (Hybrid Power train) ကိုအသုံးပြုခြင်းဖြင့် (Rotary Engine)အတွက် လိုအပ်သည့်စွမ်းအင်ထုတ်လုပ်မှုများကိုလည်း အလျှံပယ် ရရှိစေပါမည်။ (Mazda) အနေဖြင့် ယခုအခါ (Hybrid)ဆိုင်ရာ အထူးကျွမ်းကျင်သည့် (Toyota) နှင့် ပူးပေါင်းထားပြီး (Hybrid System) ဆိုင်ရာများ ပူးတွဲတီထွင်မည်ဖြစ်ပါသည်။

Credit To: DriveMagazine