(၁၇)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာဝန်ကြီးအဆင့် အစည်းအဝေးနှင့် (၇၃)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့် နည်းပညာကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၁၂ ရက်မှ ၂ဝ ရက်အထိ ကျင်းပလျက် ရှိရာ အစည်းအဝေးများ ကျင်းပသည့်ရက်သတ္တပတ်ကို အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် သတ်မှတ်ပြီး အောက်တိုဘာ ၁၈ ရက်မှ ၂ဝ ရက်အထိ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပြပွဲကိုလည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်မှ ၂ဝ ရက်အထိ အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှု ညီလာခံကို လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆုချီးမြှင့်ပွဲကိုလည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။