ကျွန်တော့်ရှေ့က ကားတစ်စီးက လိပ်တစ်ကောင်လို သွားနေပြီး ကျွန်တော် ဆက်တိုက် ဟွန်းတီးနေပေမယ့် လမ်းမပေးဘူး။ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်တော့မယ့်ဆဲဆဲမှာပဲ သူ့ကားနောက်ဘက်ရှိ စတစ်ကာလေးကို သတိပြုမိတယ်။ ရေးထားတာက…

“မသန်စွမ်းသူ ယာဉ်မောင်းဖြစ်၍ ကျေးဇူးပြုပြီး စိတ်ရှည်ပါ။”

ဒါဟာ အားလုံးကို ပြောင်းလဲစေခဲ့တယ်။ ကျွန်တော့်စိတ်လည်း ချက်ချင်း ငြိမ်သွားပြီး အရှိန်လျှော့လိုက်တယ်။ တကယ်တော့ ကျွန်တော့်မှာ ကားနဲ့ ယာဉ်မောင်းကိုတောင် အကာအကွယ်ပေးချင်စိတ်လေး ပေါ်လာမိတယ်။ ကျွန်တော် အလုပ်ရောက်တာ မိနစ်အနည်းငယ် နောက်ကျပေမယ့် အဆင်ပြေပါတယ်။

ပြီးတော့ ကျွန်တော် စဉ်းစားမိတယ်။ စတစ်ကာသာမရှိခဲ့ရင် ငါ စိတ်ရှည်မှာလား။ လူတွေအပေါ် စိတ်ရှည်ဖို့ စတစ်ကာတွေကို ဘာကြောင့် လိုကြတာလဲ။

လူတွေ နဖူးမှာ တံဆိပ်တွေကပ်ထားရင် ကျွန်တော်တို့ သူတပါးကို ပိုစိတ်ရှည်ပြီး ကြင်နာမှာလား။

ဘယ်လို တံဆိပ်တွေလဲဆိုတော့…..

~ အလုပ်ပြုတ်ထားတယ်

~ ကင်ဆာဖြစ်နေပါတယ်

~ အိမ်ထောင်ရေး ကွာရှင်းထားတယ်

~ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကို ခံနေရတယ်

~ ချစ်ရသူ ဆုံးရှုံးသွားတယ်

~ အသုံးမကျသူလို့ ခံစားနေရတယ်

~ ငွေကြေး အဆင်မပြေပါ။

…..စသည့် တံဆိပ်မျိုးတွေပေါ့။

လူတိုင်းဟာ ကျွန်တော်တို့ ဘာမှမသိတဲ့ တိုက်ပွဲတစ်ခုကို တိုက်နေကြရတယ်။ အနည်းဆုံး ကျွန်တော်တို့ လုပ်ပေးနိုင်တာက စိတ်ရှည်ပြီး ကြင်နာပေးဖို့ပါပဲ။

သင် နေ့စဉ် အသက်ရှင်နေထိုင်တဲ့အခါ လူတိုင်းမှာ မမြင်နိုင်တဲ့ တံဆိပ်တစ်ခုရှိတယ်ဆိုတာ အမြဲသတိရပါ။ သည်းခံခြင်းဆိုသည့် သူတော်ကောင်းတရားဖြင့်သာ ထိုမမြင်နိုင်သော စာတန်းတံဆိပ်အား သင် လေးစားမှုကို ပြနိုင်ပါ၏။

English text credit – Austin Tang

Burmese translation – Dr. Soe Than