COVID -19 အတည်ပြုလူနာတွေထဲမှာ ရောဂါပိုးကင်းစင်သွားသူဟာ ၁၆ ဦးထိ ရှိလာပြီလို့ ဒီကနေ့ ညပိုင်းမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အစောပိုင်းက ပိုးမတွေ့တဲ့သူဟာ ၉ ဦး ရှိခဲ့တာဖြစ်လို့ နောက်ထပ် ပိုးမတွေ့သူ ၇ ဦးထပ်တိုးလာတာဖြစ်ပါတယ်။

ဒီလို ပိုးမတွေ့ တဲ့ ၁၆ ဦးထဲမှာ တော့ ၉ ဦးဟာ ဆေးရုံကနေဆင်းခွင့်ရထားပါတယ်။ ဆေးရုံကနေ ဆင်းသွားသူတွေကိုတော့ အသွားအလာကန့်သတ်ပြီးစောင့်ကြည့်ထားတယ်လို့သတင်းထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒီကနေ့ ညပိုင်း ၈ နာရီ ထုတ်ပြန်ချက်အရတော့ ဓာတ်ခွဲ လူနာ ၁၄၆ ဦးရှိပြီး ပိုးတွေ့သူမရှိခဲ့ပါဘူး။

ဒါကြောင့်လက်ရှိ အချိန်ထိ စုစုပေါင်းပိုးတွေ့လူနာဟာ ၁၄၆ ဦးအထိပဲရှိပါသေးတယ်။

ရုပ်သံသတင်းထောက် − အောင်ကျော်ထွန်း

Credit to 7 Day News