မကြာသေးမီက ကျင်းပခဲ့သည့် Tokyo Motor Show တွင် ဂျပန်ထိပ်တန်း Brand တစ်ခုဖြစ် သည့် Mazda သည် ထူးခြားသော တင်ဆက်မှုများစွာဖြင့် ပါဝင်ခဲ့ပါသည်။ ထိုသို့ထူးခြားမှုများတွင် အလွန်လှပဆန်းသစ်သည့် (Mazda Kai Hatchback Concept) သည် ပရိသတ်များ၏အာရုံစိုက်မှု အားခံခဲ့ရပါသည်။ အဆိုပါ Kai Concept သည် တံခါး(၅)ပေါက်ပါသည့် Compact Hatchback ဖြစ်ပြီး မျိုးဆက်သစ်ကားလည်းဖြစ်ပြီး Mazda ၏အထူးနာမည်ကျော် Mazda 3 ၏နောက်မျိုးဆက် ကားအနေဖြင့် ရည်ရွယ်ကာ Design အနေဖြင့် Mazda 3 ၏(လှိုင်းအိပုံစံ) ပြေပြစ်လှပသည့် ကိုယ်ထည်အားအခြေခံကာဖန်တီးထားမည်ဖြစ်ပြီး (Body Panel) များကိုလည်း Mazda ၏ (KODO design Language) အတိုင်းဖန်တီးထားမည်ဖြစ်ပါသည်။ ယခု Kai Concept အားကျဉ်းမြောင်း လှပသည့် မီးလုံးများနှင့် ဂန္ဓ၀င်ဆန်သည့် Grille ပုံစံဖြင့် ဖန်တီးထားမည်ဖြစ်ပြီး (U)ပုံသဏ္ဍာန်ရှိ သည့် Moon roof လည်းပါဝင် ပါမည်/

Kai Concept တွင် Mazda ၏ နာမည်ကျော် Sky Activ ၏ မျိုးဆက်သစ် ဖြစ်မည့် (Sky activ – X Combustion Engine)အင်ဂျင် အားတပ်ဆင်ထားမည်ဖြစ်ပြီး (ဖိသိပ်မှုဖြင့် စက်နှိုး သည့်စနစ်)သည် ဓါတ်ငွေ့စွမ်းအင်အား အင်ဂျင်သို့ပို့ဆောင်ပေးမည်ဖြစ်ကာ အင်ဂျင်အတွက် ဆီချွေတာနိုင်ခြင်း/ အင်ဂျင်လိမ်အားနှင့် အရှိန်စွမ်းဆောင်မှုတို့အား တိုးမြှင့်ပေးခြင်းတို့အား ရရှိစေ နိုင်ပါမည်။ လက်ရှိ (Mazda 3)သည်လည်း စွမ်းအင်ချွေတာနိုင်မှုတွင် များစွာထင်ရှားပါသည်။

Kai Concept ၏အတွင်းခန်းအား များစွာဆွဲဆောင်မှုရှိသည့် ပုံစံဖြင့်ဖန်တီးထားမည်ဖြစ်ကာ (Chrom Accents) များကိုလည်း ကားအတွင်းလိုင်နာများနှင့် Dashboard ပတ်လည်တွင် လှပစွာ တပ်ဆင်ထားပါမည်။အတွင်းခန်း တစ်ခုလုံး၏ဒီဇိုင်းဖန်တီးမှုများကို တွေ့မြင်ရမည်မှာ သုခုမဟန်ပန် များကို ထင်ဟပ်မိစေမည်ဖြစ်ပါသည်။ ထို့အပြင် တိတ်ဆိတ်ငြိမ်သက်ပြီး သက်တောင့်သက်သာ စီးနင်းနိုင်မည့် ခံစားမှုကိုလည်း ပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။ (Mazda)အနေဖြင့် ယခု Kai Concept အား ထုတ်လုပ်မှုအဆင့်သို့ ရည်မှန်းထားသော်လည်း အသေးစိတ်အချက်အလက်များ အား မကြာမီအချိန်တွင် ထုတ်ပြန်မည်ဟု ကြေညာထားပါသည်။