လူတိုင်း မဖြစ်မနေ ရှောင်သင့်တဲ့ ကင်ဆာ အားပေး အစားအစာများ

မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။ ပထမဆုံးအနေနဲ့ ကင်ဆာရောဂါနဲ့ အစားအစာ ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဖြေ ။ ။ ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အစားအစာရွေးချယ်စားသောက်ပုံ မှန်ကန်မှုမရှိလို့ဖြစ်ရခြင်းဟာ အဓိကကျလှပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အစားအစာတွေကျတော့ မကြာခဏ ဆိုသလိုစားမိနေမယ်။ ကင်ဆာကို ကာကွယ်ပေးတဲ့အစားအစာတွေကျတော့ စားတာနည်းမယ်ဒါမှမဟုတ် လုံးဝမစားမိရင် ကင်ဆာဆိုတာဖြစ်ဖို့ အလားအလာ အလွန့်ကိုများပါတယ်။ ကင်ဆာဖြစ်စေနိုင် တဲ့ ဓာတ်ပစ္စည်းကို ကာဆီနိုဂျင်လို့ခေါ်ပါတယ်။

သဘာဝမှာ တွေ့ရ လို့ပဲဖြစ်ဖြစ်၊ လူတွေဖန်တီးယူလို့ပဲဖြစ်ဖြစ် Carcinogenလို့ပဲ သတ်မှတ်ပါတယ်။ သဘာဝအတိုင်းအစားအစာတွေ၊ရေ၊ မြေ၊ သစ်ပင်ေ တွမှာရှိတာကို Natural carcinogen လို့ခေါ်ပြီး ဓာတုဗေဒနည်းဖြင့် ဖန်တီးပြုလုပ်လို့ရတဲ့ ကင်ဆာဖြစ် စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကိုတော့ Chemical carcinogen လို့ခေါ်ပါတယ်။ အဲဒီ Carcinogen တွေဟာ ခန္ဓာကိုယ်ထဲကို တစ်နည်းနည်းနဲ့ ရောက်လာပြီးရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်ရဲ့ DNA ကို ပြောင်းလဲစေနိုင်တဲ့ သတ္တိရှိလို့ ကင်ဆာဆဲလ်အဖြစ်ကို ပြောင်းသွားရခြင်းဖြစ်ပါတယ်။ အစားအ စာတွေ ထဲမှာပါဝင်တဲ့ Carcinogen တွေကို လူတွေက သ တိမထားမိတော့ တစ်ခါစားရင် နည်းနည်းနဲ့ ကြာလာတဲ့အခါမှာ ကင်ဆာအဖြစ်ကို ကူးပြောင်းသွားတာဖြစ်ပါတယ်။

မေး ။ ။ ဘယ်လိုပစ္စည်းမျိုးတွေဟာ Carcinogen ဖြစ်ပြီး ဘယ်အစားအစာတွေမှာ ပါဝင်တယ်ဆိုတာလဲ သိပါရစေ။

ဖြေ ။ ။ Carcinogen တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဖြစ်အများဆုံးတွေကတော့-

(၁) Afl atoxin လို့ခေါ်တဲ့ မှိုဆိပ်ပါဝင်နေတဲ့ အစားအစာတွေ

(၂) တူးအောင်ကင်ထားတဲ့ အစားအစာတွေနဲ့ အပူချိန်လွန်ကဲစွာပေးထားတဲ့ အစားအစာတွေ

(၃) ပြည့်ဝဆီနဲ့ ပြောင်းလဲဆီပါဝင်မှုများတဲ့ အစားအစာတွေ

(၄) အသား၊ ငါးတွေကို တာရှည်ခံအောင်ပြုပြင်ထားတဲ့ ဓာတုဗေဒဆေးတွေပါဝင်တဲ့ အစားအစာတွေ (ဥပမာ Nitrite)

(၅) အခြားအထွေထွေ နေ့စဉ်စားသုံးလေ့ရှိတဲ့ အစားအစာတွေထဲက အချို့သောဓာတ်ပစ္စည်းများစတဲ့ Carcinogen တွေနဲ့ ထိတွေ့တာကြာရင် ကင်ဆာဖြစ်နိုင်ပါတယ်။

မေး ။ ။ Aflfl atoxin ဘယ်လိုကြောင့် ကင်ဆာဖြစ်နိုင်တယ်ဆိုတာလဲ နည်းနည်းရှင်းပြပေးပါ ဆရာ။

ဖြေ ။ ။ အစားအစာတွေမှာ ရေငွေ့ပါဝင်နှုန်း ၁၄ ရာခိုင်နှုန်းကျော်ခဲ့ရင် မကြာခင်မှာမှိုတက်တာ လူတိုင်းတွေ့ ဖူးကြမှာပါ။ မှိုတိုင်းဟာ လူကိုဒုက္ခပေးတာ မဟုတ်ပေမယ့် Aspergillus အမျိုးအစားဖြစ်ခဲ့ရင် Afl atoxin ထုတ်ပေးတဲ့ အတွက် စားသုံးသူကို ကင်ဆာရောဂါရစေနိုင်ပါတယ်။ Aspergillus မှိုစိတ်မျိုးပေါင်း ခုနစ်ခုကနေ Afl atoxin မှိုဆိပ် ထုတ်ပေးနိုင်ပါတယ်။ အဲဒီမှိုဆိပ်ကို အဓိကခြောက်မျိုး ခွဲခြားထားပါတယ်။

G1 G2 (G =Green), B1 B2 (B = Blue), နဲ့ M1 M2 (M = Milk) တို့ပဲဖြစ်ပါတယ်။ အဲဒီအဆိပ်ကို Fluorescence microscopeနဲ့ ကြည့်လို့ အစိမ်းရောင်မြင်ရရင် G အမျိုးအစားလို့ ခေါ်ပါတယ်။ အစိမ်းရောင်ရင့်ရင် G1 နဲ့နုရင် G2 ဆိုပြီးခေါ်ပါတယ်။ အပြာရောင်မြင်ရရင် B အရောင်ရင့်ရင် B1 နုရင် B2 ဖြစ်ပါတယ်။ M1 နဲ့ M2 ကတော့ နွားနို့ထဲမှာပါတဲ့ Afl atoxin ကို ကိုယ်စားပြုပါတယ်။ Aflatoxin B1 B2, G1 G2 ပါဝင်တဲ့ အစားအစာတွေကို အဓိကအုပ်စု သုံးစုခွဲထားပါတယ်။

(က) အများဆုံးတွေ့ရတဲ့ အုပ်စုကတော့ အစေ့ထုတ်ပြောင်းနဲ့ မြေပဲဖြစ်ပါတယ်။ မြေပဲကနေ ထုတ်တဲ့ မြေပဲဆီ၊ မြေပဲ ဖတ်၊ မြေပဲယို အားလုံးပါပါတယ်။

( ခ ) ဒုတိယအများဆုံးတွေ့ရတာကတော့ငရုတ်သီးခြောက်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ အုန်းဆံခြောက်တို့ဖြစ်ပါတယ်။

( ဂ ) တတိယတွေ့နိုင်တာကတော့ ပဲမျိုးစုံနဲ့ပဲကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

M1 M2 ပါဝင်တဲ့ အစားအစာတွေကတော့နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ မလိုင်တို့၊ထောပတ်တို့၊ ဒိန်ခဲတို့၊ နို့မှုန့်တို့ဖြစ် ပါတယ်။အဓိကအနေနဲ့ အဲဒီအစားအစာတွေမှာ မှိုတက်ခဲ့ရင် မှိုဆိပ်ဟာပါ လာနိုင်တာမို့ မစားမိဖို့ အဓိကလိုအပ်ပါ တယ်။ ဘယ်လောက်များများစားရင် အန္တရာယ်ရှိသလဲဆိုတာ ပါဝင်တဲ့ပမာဏပေါ် မူတည်ပါတယ်။

တော်ရုံတန်ရုံ အ နည်းငယ် စားရုံနဲ့တော့ ပါလာတဲ့ Aflatoxin ကို အသည်းကနေ ချေဖျက်နိုင်စွမ်းရှိလို့ အန္တရာယ်မရှိပါ။ ဒါပေမဲ့ ပမာဏ များရင်တော့ အသည်းက မချေဖျက်နိုင်လို့ ကင်ဆာဖြစ်နိုင်တာဖြစ်ပါတယ်။

Aflatoxin ကြောင့် အများဆုံးဖြစ်တာကတော့ အသည်းကင်ဆာဖြစ်ပါတယ်။

အသည်းကင်ဆာဖြစ်ရတဲ့ အကြောင်း ရင်းတွေထဲမှာ အဓိကအကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ အစားအစာထဲမှာ ပါလာတဲ့ Aflatoxin ဟာ အူကနေတစ်ဆင့် အသည်းကိုရောက်သွားပါတယ်။ အသည်းဆိုတာကတော့ ဝင်လာတဲ့ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ကို အန္တ ရာယ်မရှိအောင် လုပ်ပေးရတဲ့ တာဝန်ထမ်းဆောင်ရ တာဆိုတော့ သူ့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကိုယ်စား ဒဏ်တွေ အားလုံးကို ခံသွားရတာလို့ ပြောရင်ရပါတယ်။ အသည်းမှာရှိတဲ့ DNA တွေ ပျက်စီးပြီး ကင်ဆာအဖြစ်ကို ရောက်သွား ရခြင်းဖြစ်ပါ တယ်။

မေး ။ ။ ဓာတုဗေဒပစ္စည်းတွေနဲ့ ကြာရှည်ခံအောင်၊ အရသာရှိအောင် မျိုးစုံပြုပြင်ထားတဲ့ အစားအစာတွေကရော ဘာကြောင့် ကင်ဆာဖြစ်နိုင်ရတာပါလဲဆရာ။

ဖြေ ။ ။ အစားအစာတွေထဲမှာ ထည့်သွင်းလေ့လေ့ရှိတဲ့ အချို့သော ဓာတုဗေဒပစ္စည်းတွေကနေ ကင်ဆာဖြစ်လေ့ရှိပါ တယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ အသား၊ ငါးတွေကို တာရှည်ခံအောင်ပြု လုပ်ရာမှာ သုံးတဲ့ယမ်းစိမ်းဖြစ်ပါတယ်။ ဒီယမ်းစိမ်းတွေဟာတဖြည်းဖြည်း Nitrite တွေအဖြစ် ပြိုကွဲသွားပြီး ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထား ကို ၁၉၅၆ ခုနှစ်ကတည်းက အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် နှစ်ဦးဖြစ်တဲ့ John Barnes နဲ့ Peter Magee တို့ကကြွက် တွေမှာ စမ်းသပ်တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့လူတွေဟာ သိပ်သတိမမူခဲ့ကြပါဘူး။ ၁၉၇ဝပြည့်နှစ် မှာ နော်ဝေနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းတွေက တိရစ္ဆာန်တွေမှာ အသည်းကင်ဆာဖြစ်တဲ့ နှုန်းဟာ ကြောက်ခမန်းလိလိ မြင့်တက်လာလို့ ဘာကြောင့်လဲဆိုတာ စိစစ်တဲ့အခါ သူတို့စားတဲ့ အစားအစာထဲမှာ Nitrite တွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားလို့ဆိုတာ သိခဲ့ရတယ်။

အစားအစာတွေမှာ Nitrite ထည့်ရတဲ့ အဓိက ရည်ရွယ်ချက်က ဗက်တီးရီးယားတွေ ပေါက်ပွားမှုကို ဟန့်တားဖို့ဖြစ်ပါ တယ်။

ဒါမှသာ ကြာရှည်ခံမှာဖြစ်ပါတယ်။ အထူးသဖြင့် Clostridium botulinum လို့ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ဗက်တီးရီးယားတွေကို ထိန်းချုပ်ရာမှာ အလွန်ထိရောက်ပါတယ်။ ဒါပေမဲ့ အဲဒီ Nitrite တွေကို အပူပေးလိုက်ရင် ဥပ မာ-ကြော်လို့ပဲဖြစ်ဖြစ် ကင်လို့ပဲဖြစ်ဖြစ် အသား ထဲမှာ နဂိုကတည်းက ပါဝင်ပြီးဖြစ်တဲ့ Amine တွေနဲ့ ဓာတ်ပြုပြီး Nitrosamine အဖြစ်ကိုပြောင်းသွားပါတယ်။

အဲဒီဓာတ်ပစ္စည်းက ကင်ဆာဖြစ်စေနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ကြာ ရှည်ခံအောင်ပြု လုပ်ထားတဲ့ Nitrite ပါဝင်တဲ့ ဝက်အူချောင်း၊ ကြက်အူချောင်းတို့၊ ဝက်ပေါင်ခြောက်တို့အပါအဝင် အ သားငါးတွေစားရင် ကင်ဆာဖြစ်နိုင်တယ်လို့ သိခဲ့ရပါတယ်။
ဒါပေမဲ့ ကံကောင်းတာက သူ့ရဲ့အာနိသင်ကို ဗီတာမင်စီက ဖျက်ဆီးနိုင်တယ်ဆိုပြီး ဆက်လက်ရှာဖွေ တွေ့ရှိခဲ့တာ ကြောင့် အဲဒီအစားအစာတွေထဲမှာ ဗီတာမင်စီပါ တစ်ခါတည်း ထည့်သွင်း ထုတ်လုပ်ရ မယ်ဆိုပြီး အမေရိကန်နိုင်ငံ ကစလို့ ဥပဒေပြဋ္ဌာန်းဆောင်ရွက်ခဲ့ပါတယ်။ အနည်းဆုံး 550 Ppm ထည့်ရမယ်လို့ ဥပဒေကဆိုထားပါတယ်။

ဒါမှသာ ဈေးကွက်တင် ရောင်းချခွင့်ပြုပါတယ်။ အဲဒီ ဗီတာမင်စီ ဟာ Nitrosamine တွေကို Nitric oxide အဖြစ် ပြောင်းလဲပေး လို့အန္တရာယ်မရှိ ဆက်လက်စားသုံးနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရောင်းချနေတဲ့ ဝက်အူချောင်းတို့၊ ကြက်အူ ချောင်းတို့အပါအဝင် Nitrite နဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဗီတာမင်စီပါဝင်တယ်

မပါဝင်ဘူးဆိုတာ မသိနိုင်တာကြောင့် အဲဒီအစားအစာတွေစားမယ်ဆိုရင်ကြော်ပြီး ကင်ပြီးတာနဲ့ သံပုရာသီး ဒါမှမဟုတ် ရှောက်သီးညှစ်ပြီးစားရင် ပိုသင့်လျော်ပါတယ်။ ဒါမှမဟုတ် စားပြီးတာနဲ့ သံပုရာရည်သောက်တာတို့၊ ဗီတာမင်စီဆေး ပြားသောက်တာတို့ လုပ်ပေးဖို့လိုပါလိမ့်မယ်။

မေး ။ ။ ဆရာ့ အနေနဲ့ မြဝတီစာဖတ်ပရိသတ်ကို ဘာများအကြံပြု လိုပါသလဲဆရာ။

ဖြေ ။ ။ အစားအသောက်ဟာ ကင်ဆာဖြစ်မှု၊ ကင်ဆာကာကွယ်မှုကို ဆုံးဖြတ်ပေးတာမို့ အစားအစာကို ရွေးချယ်စား သောက်ဖို့အလွန်ပဲ အရေးကြီးပါတယ်။ ကင်ဆာမဖြစ်သေးသူတွေအနေနဲ့ ခုနကကျွန်တော်တင်ပြခဲ့တဲ့ Carcinogen ပါဝင်တဲ့ အစားအစာတွေကို တတ်နိုင်သလောက် လျှော့စားစေချင်ပါတယ်။ မဖြစ်တာတော့ အကောင်းဆုံးပါ။ ကင်ဆာ ဖြစ်ပြီးသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ အဆင့်ထက် ပိုဆိုးမသွားရလေအောင် Carcinogen ပါဝင်တဲ့ အစားအစာတွေ ကို လုံးဝရှောင်ကြဉ်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ။

Credit: U Aung Chit