အခြေခံပညာကျောင်း များနှင့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ဇူလိုင် ၂၁ ရက်မှစဖွင့်မည်ဟု အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်မောင် ဝင်းကပြောသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအ ဆင့် ဗဟိုကော်မတီက အခြေခံ ပညာကျောင်းများကို ဇူလိုင် ၂၁ ရက်မှစဖွင့်ရန် ပညာရေးဝန်ကြီး ဌာနသို့ မေလ ၂၅ရက်တွင်ညွှန် ကြားခဲ့ခြင်းဖြစ်ပြီး အထက်တန်း  အဆင့် အတန်းနှစ်တန်းကို စဖွင့် ရန်ညွှန်ကြားထားသည်။

‘‘ဗဟိုကော်မတီရဲ့ ညွှန် ကြားချက်အရ ဇူလိုင် ၂၁ ရက်က စပြီး အထက်တန်းအဆင့်တွေကို  စဖွင့်ပါမယ်။ ဇူလိုင် ၁၃ ရက်က နေ ၁၇ ရက်အထိ အထက်တန်း အဆင့် အတန်းနှစ်တန်းအတွက်  ကျောင်းအပ်နှံရေး သီတင်းပတ် သတ်မှတ်ပေးမယ်။ ကျောင်းတစ် ကျောင်းချင်း အခြေအနေအရ နဂိုကျောင်းချိန်အတိုင်း ဖွင့်မယ့် ကျောင်းရှိတယ်။ နှစ်ချိန်ကျောင်း  ပြောင်းဖွင့်ရမယ့်ကျောင်းရှိမယ်။  တစ်ပတ်ခြားစီ (ဒါမှမဟုတ်) တစ် ပတ် သုံးရက်စီနှစ်ချိန်ခွဲဖွင့်တာမျိုးတွေရှိမယ်’’ ဟု ဒေါက်တာတင် မောင်ဝင်းကပြောသည်။

အထက်တန်းအဆင့် အ တန်းများဖြစ်သည့် သင်ရိုးသစ် ဒသမတန်း-Grade-10 (ယခင် ပညာသင်နှစ်က အဋ္ဌမတန်း-Grade-9 တက်ရောက်အောင် မြင်ခဲ့သူများတက်ရမည်)နှင့် သင် ရိုးဟောင်း ဒသမတန်း-Grade- 11 (ယခင်ပညာသင်နှစ်က နဝမ တန်း-Grade-10 တက်ရောက် အောင်မြင်ခဲ့သူများ တက်ရမည်)တို့ကို ဇူလိုင် ၂၁ရက်မှစဖွင့်မည် ဖြစ်သည်။

အထက်တန်းအဆင့် အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကိုသုံးသပ်ကာ အခြားအတန်း များဆက်ဖွင့်ရန် အဆင်ပြေပါက  အထက်တန်းအဆင့် ဖွင့်လှစ်ပြီး နှစ်ပတ်အကြာ (သြဂုတ်လ ဒုတိ ယပတ်)တွင် အလယ်တန်းအဆင့် အတန်းများဖွင့်မည်ဟု ဒေါက် တာတင်မောင်ဝင်းက ပြောသည်။

အလယ်တန်းအဆင့် အ တန်းများဖွင့်သည့် အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ(သြဂုတ်လ တတိယပတ်) တွင် မူလတန်းအဆင့်အတန်းများ  ဆက်ဖွင့်မည်ဟု ၎င်းကဆိုသည်။

အစိုးရ၏ အခြေခံပညာသင် ရိုးညွှန်းတမ်း သင်ကြားသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းနှင့်  ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၏ အထက်တန်းအ  ဆင့်အတန်းများကိုလည်း ဇူလိုင် ၂၁ ရက်မှစဖွင့်ခွင့်ပြုမည်ဖြစ်ပြီး  ထိုကျောင်းများသည်လည်း အ ခြေခံပညာ ကျောင်းများနည်းတူ  အတန်းအဆင့်အလိုက် တစ်ဆင့် ချင်း ဖွင့်လှစ်ရမည်ဟု ဒုတိယညွှန် ကြားရေးမှူးချုပ်ကပြောသည်။

ထိုကျောင်းများ ဖွင့်လှစ်ရာ တွင် ကျန်းမာရေးနှင့်ကိုက်ညီ အောင် စီမံမှုရှိ၊ မရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ် အဆင့် ကြီးကြပ်ရေးအဖွဲ့များက စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက် ညီမှသာ ဖွင့်ခွင့်ပြုမည်ဟု ဒေါက် တာတင်မောင်ဝင်းကဆိုသည်။

‘‘အစိုးရကျောင်းတွေလိုပဲ  ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ၊  ဘကကျောင်းတွေလည်းပဲ လိုက် နာရမယ်။ မလိုက်နာရင်တော့ အ ရေးယူဖို့ဆိုတာထက် COVID- 19 နဲ့ပတ်သက်တဲ့ ထိန်းချုပ်ကာ ကွယ်တဲ့ဥပဒေတွေက ရှိနေတော့  ဒါတွေမလိုက်နာဘူးဆိုရင်တော့ အဆင်မပြေဘူးပေါ့။ အခုစက်ရုံ တွေ ဖွင့်သလိုပဲ ကြီးကြပ်ရေးအဖွဲ့ က လိုက်စစ်မယ်။ သတ်မှတ်ချက် နဲ့ ကိုက်ရင်ဖွင့်ရမယ်။ မကိုက်ရင် မဖွင့်ရဘူးပေါ့’’ဟု ၎င်းကရှင်းပြ သည်။

COVID-19 ကြောင့် အခြေ ခံပညာကျောင်းများကို ပုံမှန် ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်တွင် မဖွင့်နိုင်ဘဲ ရက် ၅၀ နောက်ကျ ပြီးမှ ဖွင့်လှစ်မည်ဖြစ်သည်။