Jaguar Land Rover (Myanmar) မှ မိုးရာသီအထူးပရိုမိုးရှင်းအနေဖြင့် Jaguar XJL, Land Rover Autobiography နှင့် Land Rover All-New Discovery အမျိုးအစား ၃ မျိုးကို အထူးရောင်း ချပေးသွားမည်ဖြစ်ကြောင်း သိရပြီး ထိုပရိုမိုးရှင်းကာလမှာ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အ ထိဖြစ်ကြောင်းလည်း သိရသည်။
Luxury နှင့် Racing Sport များကိုတစ်ပြိုင်နက်ခံစားရရှိနိုင်မည့် Jaguar XJL ဝယ်ယူမည်ဆိုပါက အထူးဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည့်အပြင် တစ်နှစ်စာအလုံးစုံမော်တော်ယာဉ်အာမခံနှင့် Car Accessories များကိုလည်း လက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၁၀၀% အပြည့် Luxury ဇိမ်ခံကားတို့၏ ခံစားမှုကို ရရှိနိုင်မည့် Range Rover Autobiography နှင့် Off Road လမ်းအမျိုးအစားများတွင် ငြိမ့်ညောင်းစွာ မောင်းနှင်နိုင်မည့် Land Rover All-New Discovery တို့ကို အထူးဈေးနှုန်းဖြင့်ရောင်းချသွားမည်ဖြစ်သည့်အပြင် ကျပ်သိန်း ၂၀၀ ခန့်တန်ကြေးရှိသည့် ရန်ကုန် လိုင်စင်နှင့် တစ်နှစ်စာအလုံးစုံမော်တော်ယာဉ်အာမခံကိုပါ ထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
Jaguar Land Rover (Myanmar) မှတင်သွင်းရောင်းချပေးနေသော မည်သည့်ကားအမျိုးအစားကိုမဆို နဂိုမူလ ၃ နှစ်အာမခံပေးထားသည့်အပြင် 5 Years Service လည်းထပ်မံပေးအပ်သွားမည်ဖြစ်သည့်အပြင် ယခုပရိုးမိုးရှင်းကာလအတွင်း ရောင်းချပေးသွားမည့် ကားများမှာ အရေအတွက် ကန့်သတ်ထားကြောင်းလည်း သိရသည်။

အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ဖုန်း 01 966 9036 နှင့် jlrsales@capitalautomotive.net (သို့) Facebook Inbox မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။