ကျွန်တော် ဒီဆောင်းပါး ရေးဖို့တော်တော် လေးစဉ်းစားပြီး မှရေးတာပါ။ သူတစ်ပါးကို ပုတ်ခတ်သလို ဖြစ်မှာစိုးတာရယ်။ သူတစ်ပါးစီးပွားရေး ထိခိုက်မှာ စိုးတာရယ် ကြောင့်ပါ။ ဒါပေမဲ့ လူအများစု ဒုက္ခရောက် စေတဲ့ ကိစ္စ ဖြစ်နေလို့ တင်ပြပေးလိုက်ပါတယ်။

1.ပိန်ဆေးတွေ ပါ – အခု Online မှာ ပိန်ဆေးတွေ အရမ်းကြော်ငြာ လာတာတွေ တွေ့ရပါတယ်။သတိထားစေချင်ပါတယ်။ တချို့ဆေးတွေမှာ သိုင်းရွိုက် ပောာ်မုန်း တွေ ထည့်ထားတဲ့ အတွက်အန္တရာယ် အလွန်များပါတယ်။ ထိုသို့ရောင်းချနေတဲ့ ပိန်ဆေး အများစု က မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေး အဖွဲ့အစည်း မှ ခွင့်ပြုချက်မရှိကြတာ လည်းများပါတယ်။

ဆရာဝန် တစ်ယောက် အနေနဲ့ ပြောရရင် မသောက်သင့်ပါဘူး။ ကမ္ဘာပေါ်မှာ ယနေ့ အချိန်ထိ ဘေးထွက်ဆိုးကျိုးနည်းတဲ့ဆေး ဆိုလို့ orlistat compound ပါတဲ့ဆေးပဲရှိပါတယ်။ သူ့မှာတောင် ဘေးထွက်ဆိုးကျိုးတွေ ရှိပါသေးတယ်။ ဥပမာ ကြွက်သားတွေနာလာတာမျိုးပေါ့။ ပြီးတော့ သူက လည်း ကိုယ်စားလိုက်တဲ့ အစားအစာ ထဲ က အဆီ ကိုပဲ အတိုင်းအတာ တစ်ခုအထိ မစုပ် အောင်ကာကွယ်ပေးတာပါ။

ကိုယ်အတွင်း က အဆီ ကို မချပေးနိုင်ပါဘူး။ အခုနောက်ပိုင်း သမားတော် တော်တော် များများ ကတော့ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များတဲ့ သူတွေကို တိုက်လာကြပါတယ်။ လူနာတွေ အနေ နဲ့ သိသင့်တာ ကတော့ စားလိုက်တဲ့ အစားအစာ မှာပါတဲ့ အဆီ ကို အတိုင်းအတာ တစ်ခု အထိ မစုပ်အောင်ပဲ ကာကွယ်ပေးတာပါ။ အများကြီးစားရင်တော့ သတ်မှတ်ထားတဲ့ပမာဏကျော် ရင်တော့ ကိုယ်ခန္ဓာက ပြန်စုပ်ယူမှာပါ။

2.နောက်တစ်ခု ပြောချင်တာ ကတော့ လွဲမှားနေတဲ့ diet plan နဲ့ စားသောက်နည်းတွေပါ။တွေ့နေတဲ့ သုံးရက်တည်း စားရုံနဲ့ အလေးချိန် ၆ပေါင် ကျတဲ့ နည်းဆိုပြီး ကျွန်တော့် ကိုလာပြကြပါတယ်။ ကျွန်တော် အကြံ တစ်ခုပေးချင်တာ က ကျကောင်းကျနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ အဲ့ဒီလို ချပြီးရင် ခဏလေး အတွင်းမှာ နှစ်ဆ ပြန် ဝဖို့လည်း အရမ်းလွယ်ပါတယ်။ရေရှည် ဝိတ်ချ လိုသူတွေ အတွက် ကတော့ ကျန်းကျန်းမာမာ နဲ့ စားသောက်ဖို့ အတွက်ကတော့ အလွယ်နည်းတွေ မလိုက်ကြပဲ စနစ်တကျ လေးစားသောက်ပေးဖို့ အကြံပြုချင်ပါတယ်။

ပုံမှန်လေး လေ့ကျင့်ခန်း လုပ်ပြီး အစားအစာ ကို လည်း ထိန်းသင့်သလောက် ထိန်းပြီး ခန္ဓာကိုယ်အလေးချိန် ကို ထိန်းသိမ်းနိုင်တာပာာ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Credit to: Ondoctor