တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက မောင်းနှင်အားဖြစ်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြင်သစ်နိုင်ငံမှ Total ရေနံကုမ္ပဏီနှင့် ဂျာမနီနိုင်ငံမှ လျှပ်စစ်ကုမ္ပဏီကြီးဖြစ်သည့်Siemensကုမ္ပဏီတို့ ပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကံပေါက်တွင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ မြန်မာနိုင်ငံတွင် အကြီးဆုံး ၅ဝဝ ကေဗွီ မဟာဓာတ်အားလိုင်း သွယ်တန်းတည်ဆောက်ခြင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းစီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်စီမံကိန်း ဆောင်ရွက်နေမှုအပြင် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်းပြီးSiemensကုမ္ပဏီ ရန်ကုန် ရုံးမှ အထွေထွေမန်နေဂျာ Mr.Peter Bruder နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

မေး ။ ။ SIEMENS အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်အချိန်
လောက်ကတည်းက ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး လုပ်ငန်းတွေဆောင်ရွက်နေသလဲဆိုတာ သိပါရစေ။
ဖြေ။ ။ SIEMENS က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇ဝ လောက်
ကတည်းက ဂျာမနီမှာ အခြေစိုက်ပြီး နိုင်ငံပေါင်း ၁၆ဝ လောက်မှာ ရုံးတွေရှိပါတယ်။ ထိုင်းမှာရှိတဲ့SIEMENS ရုံးရဲ့ ရုံးခွဲအနေနဲ့ ရန်ကုန်မှာ ရုံးဖွင့်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်ကတည်းကပါ။ ဒီကြားထဲမှာတော့ နိမ့်လိုက်မြင့်လိုက်တော့ ရှိတာပေါ့။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ကနေစပြီးတော့SIEMENS အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ တိုးချဲ့လာခဲ့တယ်။ မြန်မာ ပြည် ဖွံ့ဖြိုးတိုးတက်လာမှာကို ယုံကြည်တဲ့အတွက် လုပ်ငန်းတွေ တိုးချဲ့ဖို့၊ ဝန်ထမ်းတွေတိုးချဲ့ဖို့ လုပ်လာခဲ့တာပါ။ စွမ်းအင်နဲ့ ပတ်သက်တာ၊ အခြေခံအဆောက်အအုံဆိုင်ရာတွေ၊ စက်မှု လုပ်ငန်းတွေ ဒီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့အတွက်ပါ။

မေး ။ ။ SIEMENS အနေနဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်
ကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်နေရာတွေမှာ လုပ်ငန်းတွေ ဆောင်ရွက်နေသလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်
စွမ်းအင်ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မောင်းနှင်အားပါ။ မြန်မာပြည်မှာ စွမ်းအင်က အဓိက လိုအပ် တယ်။ ဒါ့ကြောင့်မို့ စွမ်းအင်ကို အဓိက အလေးထားပြီး လုပ်ဖြစ် တာပါ။ ပြန်ကြည့်ကြရင် မြန်မာပြည်က ၂ဝ၁၄- ၂ဝ၁၅ လောက် ကတည်းက က္ဘာကို ဖွင့်ပေးလိုက်တယ်။ အဲ့ဒီကတည်းကစပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ကြတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်က အဓိကလိုအပ်တယ်။ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်လို့ရှိရင်SIEMENS က နှစ်ပေါင်း ၁၇ဝ ကတည်းက လျှပ်စစ်ကုမ္ပဏီအနေနဲ့ စပြီးလုပ်ခဲ့တာဆို တော့ လျှပ်စစ်ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး၊ ဖြန့်ဖြူးရေး အကုန်လုံးလုပ်နိုင်တယ်။ ဒီနိုင်ငံအနေနဲ့ဆိုရင်တော့ ကျွန်တော်တို့က လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးမှာ သုံးစွဲတဲ့ ပစ္စည်းတွေကို Local မှာ ပြည်တွင်းကုမ္ပဏီတွေကနေ တစ်ဆင့်Supply လုပ်ပြီး ရောင်းချပေးတာ တောက်လျှောက် လုပ်လာ တာကြာပါပြီ။ ဒီမှာအဆင်ပြေပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ် ဓာတ်အား လိုအပ်ချက်က အတော့ ကို ကြီးမားလာတဲ့အတွက် ပြီးခဲ့တဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်ကစပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကိုပါ ကျွန်တော်တို့ အားစိုက် ပြီး လုပ်ဖို့လိုတယ်လို့ နားလည်လာတယ်။ ဒါ့ကြောင့်မို့လို့ လျှပ်စစ် ဓာတ်အား ထုတ်လွှတ်ရေးအတွက် ကျွန်တော်တို့ ထားဝယ်မှာ ရှိတဲ့ ကံပေါက်စီမံကိန်းကို လုပ်ခဲ့တယ်။ အဲ့ဒီစီမံကိန်းကို ကျွန်တော်တို့ Total ကုမ္ပဏီနဲ့ပေါင်းပြီး လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေးအတွက် စပြီး ဒီစီမံကိန်းကို develope ဖြစ်လာ အောင် လုပ်ဖြစ်တာပါ။ ၂ဝ၁၅-၂ဝ၁၆ ကစပြီး လေ့လာဆန်းစစ်မှု တွေ ပြုလုပ်ပြီး တိုးတက်လာအောင် ဆောင်ရွက်ခဲ့တာပါ။

မေး ။ ။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ကံပေါက်ဒေသမှာ
လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး Total ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ဖြစ်ခဲ့ပုံကို သိပါရစေ။
ဖြေ ။ ။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ ပတ်သက်လို့
အားလုံးသိကြတဲ့အတိုင်း မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ရရှိမှုက ၃၅ ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုတော့ လျှပ်စစ် လိုအပ်ချက်က အလွန်ကြီးမားတယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး လာရင်၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာရင် လျှပ်စစ်က ပိုလိုလာမယ်။ စီးပွားရေးဖွံ့ဖြိုးလာတာနဲ့အမျှ လျှပ်စစ်က ပိုပြီး လိုအပ်နေမှာပါ။ လျှပ်စစ်ထုတ်ဖို့ဆိုရင် လောင်စာလိုတယ်။ လျှပ်စစ်ထုတ်လို့ရတဲ့ လောင်စာမျိုးစုံရှိတဲ့အထဲမှာ ရေအား လျှပ်စစ်ကျတော့လည်း အချိန်အများကြီးကြာတယ်။ လျှပ်စစ်က ခုလိုနေပြီဆိုတော့လည်း ရေအားလျှပ်စစ် ပြီးအောင် မစောင့် နိုင်ဘူး။ သဘာဝဓာတ်ငွေ့ စဉ်းစားပြန်တော့ သဘာဝဓာတ်ငွေ့က သိတဲ့အတိုင်း တရုတ်နဲ့ထိုင်းကိုပဲ ရောင်းထားတာ။ သဘာဝ ဓာတ်ငွေ့ကလည်း မရှိဘူး။ ဒီတော့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖို့ ဆိုရင် ကျောက်မီးသွေးကျတော့လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတဲ့အတွက် ဘယ်သူမှ မလုပ်စေချင်ဘူး။ မကြိုက်ကြဘူး ဆိုတဲ့အခါကျတော့ သဘာဝဓာတ်ငွေ့နဲ့ပဲ လုပ်ရတော့မယ်။ သဘာဝဓာတ်ငွေ့ကလည်း မရှိဘူးဆိုတော့ သဘာဝဓာတ်ငွေ့ တင်သွင်းဖို့ဆိုရင် သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့ နားလည် တဲ့သူ ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာTotal က လွန်ခဲ့တဲ့ ၂၅ နှစ် လောက်ကတည်းက မြန်မာနိုင်ငံမှာ ဝင်ရောက်ပြီး လုပ်နေတာ ဆိုတဲ့အတွက်ကြောင့် သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့ရှိရင်Total က တစ်က္ဘာလုံးမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးပါ။ အဲ့ဒီ အတွက် ကျွန်တော်တို့က လျှပ်စစ်နဲ့ပတ်သက်ရင် အားလုံး သိတယ်။Total က သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်ရင် အားလုံး သိတယ်။ ဒီနှစ်ခုပေါင်းပြီး လုပ်တာဆိုရင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နှစ်ဖွဲ့ ပေါင်းပြီး သဘာဝဓာတ်ငွေ့ကို တင်သွင်းမယ်။ သဘာဝဓာတ်ငွေ့ ကို အလွယ်ကူဆုံးက အရည်အဖြစ်ပြောင်းပြီးတော့ LNG အနေနဲ့ တင်သွင်းပြီးတော့မှ ဓာတ်ငွေ့အဖြစ်ပြောင်းပြီးတော့မှ လျှပ်စစ်ဓာတ်အားထုတ်တာ အကောင်းဆုံးပဲဆိုပြီး ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်တာပါ။

မေး ။ ။ ထားဝယ်ကံပေါက်မှာ စမယ့် လျှပ်စစ်စီမံကိန်းရဲ့
လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကိုလည်း သိချင် ပါတယ်။
ဖြေ ။ ။ ဒီပရောဂျက်နဲ့ ပတ်သက်ပြီးတော့ ပြောရရင် ပထမဦး
ဆုံးအနေနဲ့ ဒီပရောဂျက်နဲ့ ပတ်သက်တဲ့ အကြမ်း အဆိုပြုချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို တင်ပေး လိုက်တယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒီအဆိုပြုချက်ကို ကြည့်ပြီး စိတ်ဝင်စားတယ်။ ကျွန်တော်တို့ကလည်း ငွေစိုက် ထုတ်ရင်းနှီးပြီး ဖြစ်နိုင်စွမ်းကို လေ့လာတယ်။ ဥပမာဆိုရင်LNG ကို ဘယ်လိုလုပ်မယ်။ လျှပ်စစ်ထွက်လာရင် ရန်ကုန်ထိ ရောက်အောင် ဘယ်လိုလုပ်မယ်။ ဘယ်နေရာမှာ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်မယ် စသဖြင့် ဖြစ်မြောက် နိုင်စွမ်းတွေကို လေ့လာတယ်။ လေ့လာပြီးတော့မှ ကျွန်တော်တို့ က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြန်တင်ပေးတော့ လျှပ်စစ်ဝန်ကြီးဌာနက ကောင်းတယ်၊ အားလုံးအတွက် အကျိုး ရှိတဲ့ ပရောဂျက်ဖြစ်တယ်ဆိုပြီး သူတို့လက်ခံတဲ့အတွက် အားလုံး သိတဲ့အတိုင်း Project လေးခုကို(NTP) ထိုးဖို့ ဖြစ်လာတယ်၊NTP က ဒီပရောဂျက်အတွက်တော့ ဒါဟာအရေးကြီးတဲ့ မှတ်တိုင်တစ်ခုပေါ့၊ ဒီ NTP ရမှ ဒီပရောဂျက် နောက်တစ်ဆင့် ဆက်သွားဖို့အတွက် ဆက်လုပ်ဖို့အတွက် ကုမ္ပဏီကို ဝန်ကြီးဌာန ကနေ ဒါဆက်လုပ်ပါလို့ အသိပေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု တွေထပ်လုပ်ပြီး ဖြစ်မြောက်နိုင်စွမ်းတွေကို အသေးစိတ်လေ့လာ တဲ့ အလုပ်တွေရှိမယ်။ နောက်ပြီးတော့ လုပ်ငန်းအကြီးတွေ လုပ်ပြီဆိုရင် ဌာနဆိုင်ရာ ဝန်ကြီးဌာနတွေအားလုံးရဲ့ ခွင့်ပြု မိန့်တွေလိုမယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ခွင့်ပြုမိန့်တွေလိုမယ်။ နောက်ထပ် ထပ်ပြီး အရေးကြီးတာက ငွေရေးကြေးရေး၊ နောက်ကနေ ငွေချေးပေးမယ့် ဘဏ်တွေ၊ ကုမ္ပဏီတွေဆီကနေ ပရောဂျက်နဲ့ဆိုင်တဲ့ ငွေကြေးတွေရအောင် လုပ်ဆောင်တဲ့လုပ်ငန်းတွေ ဆက်လုပ်ဆောင်ရဦးမယ်။ (PPA) ဆိုတဲ့ ဓာတ်အားဝယ်ယူရေး သဘောတူညီချက် ဓာတ်အားထုတ် တဲ့ ပရောဂျက်၊ အခုက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဝယ်မယ်ပေါ့၊ ဘယ်လိုဈေးနဲ့ ဘယ်အချိန်မှာ ဘယ်လိုဝယ်မယ် ဆိုတာမျိုးကို အသေးစိတ် ညှိနှိုင်းပြီးတော့ စာချုပ်ချုပ်မယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမှုတွေ လုပ်ရမယ်။ တစ်နှစ်အတွင်းမှာ အားလုံးပြီးအောင် လုပ်နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ပရောဂျက်ရဲ့ လက်ရှိအခြေအနေကတော့ အဲဒါပါဘဲ။

မေး ။ ။ ထားဝယ်မှာရှိတဲ့ ကံပေါက်စီမံကိန်းက မြန်မာနိုင်ငံ
အတွက် ဘယ်လို အကျိုးအမြတ် ရရှိလာမလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကံပေါက်ပရောဂျက်မှာ တိုင်းပြည်နဲ့ ကုမ္ပဏီအတွက်
ဘာတွေအကျိုးအမြတ်တွေ ဖြစ်လာမလဲ ဆိုတော့ ဒီပရောဂျက်က ထုတ်မယ့် လျှပ်စစ်ဓာတ်အားက ၁၂၃ဝ မဂ္ဂါဝပ်။ ဓာတ်အား ဘယ်လောက်ကြီးမားတယ်ဆိုတာ နှိုင်းယှဉ်ပြရရင် သဘာဝဓာတ်ငွေ့သုံးပြီးတော့ ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံ ဆိုတာ မြန်မာပြည်မှာအကြီးဆုံး တည်ဆောက်နေတဲ့ မြင်းခြံမှာ စင်ကာပူက လာလုပ်တဲ့စက်ရုံထက် ကျွန်တော်တို့က ငါးဆမက ကြီးတယ်။ အဲ့ဒီလောက်ကြီးမားတဲ့အတွက် ဓာတ်အားတွေ အများကြီးရမယ်။ အဲ့ဒါကတစ်ခု။ အဲ့ဒီလောက်အကြီးကြီး လုပ်တဲ့ အတွက် အကောင်းဆုံးလုပ်နိုင်တဲ့ နောက်ဆုံးအဆင့် နည်း ပညာသုံးပြီး ဓာတ်အားပေးစက်ရုံကို SIEMENS က တည်ဆောက်မှာပါ။ အဲ့ဒီလိုလုပ်တဲ့အတွက် တစ်ယူနစ် ထုတ်လုပ် တဲ့ ကုန်ကျစရိတ်ကို ယှဉ်ကြည့်ရင် အများကြီး သက်သာသွား မယ်။ ဒါတိုင်းပြည်အတွက် အကျိုးရှိတာပေါ့။ ဓာတ်အားခ ယှဉ်ကြည့်ရင် အများကြီးသက်သာတယ်။ ဓာတ်အားတွေလည်း အများကြီးရတယ်။ နောက်တစ်ခုက ကံပေါက်ကနေပြီး တော့ ရေး-မော်လမြိုင်ကို ဖြတ်ပြီး ရန်ကုန်ထိ ဓာတ်အား ပို့လွှတ်ရေး လုပ်မယ်ဆိုတော့ မြန်မာပြည်မှာက အခုထိကို 230 KV ဓာတ်အားလိုင်းက အမြင့်ဆုံးရှိတာ။ ဒီတိုင်းဒေသကြီး တစ်လျှောက်လုံးမှာဆိုရင် 230 KV မပြောနဲ့ ဘာမှကိုမရှိဘူး။ မဟာဓာတ်အားလိုင်းက မော်လမြိုင်အောက်ပိုင်း တစ်လျှောက် လုံး ကံပေါက်၊ ထားဝယ်ကနေ ကော့သောင်း ထိအောင်ကို မရှိ တာ။ ဘာမှမရှိတဲ့နေရာမှာ ကံပေါက်ကနေပြီးတော့ မြန်မာ နိုင်ငံမှာ မလုပ်ဖူးသေးတဲ့ 500 KV မဟာဓာတ်အားလိုင်းကြီးကို လာဆောက်မယ်။
ဘယ်လောက်ရှည်မလဲဆိုရင် အကြမ်းဖျင်း အားဖြင့် ၄၅ဝ ကီလိုမီတာရှိမယ်။ ကံပေါက်ကနေ ပဲခူး-ဘုရားကြီးနားအထိ ၄၅ဝ ကီလိုမီတာလောက်ထိရှိမယ်။ အသစ်ဆောက်မယ်။ မြန်မာ နိုင်ငံမှာတောင် တစ်ခါမှမရှိခဲ့ဖူးသေးတဲ့ မဟာဓာတ်အားလိုင်း ကြီး ဒီဒေသမှာ ရောက်လာမယ်။ မဟာဓာတ်အားလိုင်းကြီး ရောက်လာတဲ့အတွက် အဲ့ဒီဒေသတစ်လျှောက်မှာရှိတဲ့ ပြည်သူ တွေအနေနဲ့ မဟာဓာတ်အားလိုင်းရောက်လာပြီဆိုရင် ဓာတ်အား စနစ် ချိတ်လိုက်ပြီဆိုတာနဲ့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိမှု အတူတူဖြစ်သွားမယ်။ ရန်ကုန်မှာ တစ်ယူနစ် ၃၅ $ကျပ်ဆို အားလုံးလည်း ၃၅ $ကျပ်ပဲ။ အခုဆို မဟာဓာတ်အားလိုင်း မရှိတဲ့ နေရာမှာ ကိုယ်ပိုင် မီးစက်တွေနဲ့ဆို ဥပမာ မြိတ်ဆို တစ်ယူနစ် ၃၅ဝ$ ကျပ်ပေးရတယ်။ မီတာတစ်ယူနစ်က ဆယ်ဆလောက် ဈေးကြီးနေတယ်။ ပထမဆုံး လျှပ်စစ်မီးရဖို့ လုပ်ပေးနိုင်တယ်။
မီးရတယ်ဆိုတာနဲ့ တစ်နိုင်ငံလုံး တကယ့်ကို သက်သက် သာသာနဲ့ ရသွားမယ်။ ဒီပရောဂျက်နဲ့ ပတ်သက်လို့ရနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အားရနိုင်တဲ့ အခြေအနေတွေရှိတယ်။ ကံပေါက်တို့ ထားဝယ်မှာဆို တစ်နိုင် တစ်ပိုင်မီးစက်တွေနဲ့ ပေးနေတဲ့ လျှပ်စစ် ဓာတ်အားလိုင်းတွေက ရှိပြီးသား မဟာဓာတ်အားလိုင်းနဲ့ ချိတ်မိသွားဖို့ပဲလိုတယ်။ ကံပေါက်မှာရှိတဲ့ ဒေသခံတွေ၊ ထားဝယ်မှာရှိတဲ့ ဒေသခံတွေ အနေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲရာမှာ ဈေးနှုန်းက အစတည်ငြိမ် သွားမှာဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ မဟာ ဓာတ်အားလိုင်းဆောက်ဖို့က အလွန်ခက်ခဲတယ်၊ ကျေးလက်မီးလင်း ရေးလုပ်နေတဲ့ ကုမ္ပဏီတွေလည်း အများကြီး ကိုယ့်အစီအစဉ် နဲ့ကိုယ် လုပ်နေတာများတယ်။ အဲ့ဒီတစ်လျှောက်မှာလည်း ကိုယ့် အစီအစဉ်နဲ့ကိုယ် လုပ်နေတာတွေ ရှိနေပြီသား။ မဟာဓာတ်အား လိုင်းရှိသွားတယ်ဆိုရင် မော်လမြိုင်မှာ ခွဲရုံကြီး ရှိမယ်၊ အဲ့ဒီကနေ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အဲ့ဒါတာ တွေအကုန်လုံးက သှူရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ခွဲရုံတွေနဲ့ ချိတ်ပေးလိုက်ရင် လျှပ်စစ်ရလာမယ်။ ထပ်ချဲ့ဖို့ကျတော့ လည်း နိုင်ငံတော်အနေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ထူကိုယ်ထပဲဖြစ်ဖြစ်၊ ပြည်တွင်းကုမ္ပဏီတွေကပဲဖြစ်ဖြစ် လုပ်ဖို့ရာက မခက်ဘူး။
ခက်နေတာက မဟာဓာတ်အားလိုင်းရောက်ဖို့ လွတ်လပ် ရေးရပြီးကတည်းက ဒီတစ်လျှောက်မှာ မဟာဓာတ်အားလိုင်းက မရှိခဲ့ဘူး။ ဒီစီမံကိန်းသာ အကောင်အထည်ပေါ်မယ်ဆို လျှပ်စစ် အတွက် အဆင်ပြေသွားမယ်။ သေချာပေါက်က ထားဝယ် ကံပေါက်အပါအဝင် မော်လမြိုင်မှာလည်း ခွဲရုံအကြီးကြီး ဆောက်မယ်၊ မော်လမြိုင်ခွဲရုံကနေ ကရင်ပြည်နယ် မြဝတီထိ အောင်ချဲ့မယ်၊ ကရင်ပြည်နယ်ကြီးတစ်ခုလုံးလည်း လျှပ်စစ်ရသွား မယ်။

မေး ။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကို
ဝင်ရောက်လာဖို့ အဓိက လိုအပ်ချက်တွေက ဘာတွေ လို့ ထင်မြင်မိပါသလဲ။
ဖြေ ။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့် သူတွေအတွက် ပထမဆုံး
ဒီနိုင်ငံမှာ စွန့်စားရတာတွေ ရှိတယ်။ နိုင်ငံတော်က အာမခံချက်ပေးနိုင်မယ်ဆိုရင် စိုးရိမ်စရာ မရှိဘူးပေါ့၊ ရင်းနှီး မြှုပ်နှံသူတွေကို နောက်ကထောက်ပံ့သူတွေ သိသိသာသာ သက်သာစေတယ်။ အဲ့ဒီလိုသက်သာတဲ့အတွက်လည်း ရင်းနှီး မြှုပ်နှံသူတွေအတွက် နိုင်ငံတော်က အာမခံပေးတယ်ဆိုရင် စိုးရိမ်စရာမရှိဘဲ လာရောက် ရင်းနှီးမြှုပ်နှံမယ်ပေါ့။
ရင်းနှီးမြှုပ်နှံသူတွေကို သိရသလောက်က ပြန်ရတဲ့ ငွေ တွေကို မြန်မာငွေနဲ့ ပြန်ပေးတယ် ဆိုတာမျိုး။ မြန်မာငွေနဲ့ ပြန်ပေးတယ်ဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုကတည်း က နိုင်ငံခြားငွေနဲ့ပဲ ရင်းနှီးမြှုပ်နှံထားတာ။ လာမယ့်နှစ် ၂၅၊ ၃ဝ စီမံကိန်းကြီးလုပ်တဲ့အခါမှာ ပြန်ရတဲ့ ငွေအကုန်လုံးက မြန်မာငွေနဲ့ ရတယ်ဆိုရင် နောက်ငါးနှစ်၊ ၁ဝ နှစ်၊ အနှစ် ၂ဝ မှာ ဆို မြန်မာငွေက ဘယ်လိုဖြစ်မလဲမသိဘူး။ တခြားနိုင်ငံတွေမှာ ဆိုရင် ငွေကြေးလဲလှယ်မှုနှုန်းက ဘယ်လောက်ပဲ ပြောင်းပြောင်း ကြားထဲက အာမခံပေးထားတဲ့သူရှိတယ်။ အာမခံကြေးတော့ ပေးရတာပေါ့။ အာမခံပေးတဲ့သူရှိရင် ဈေးကွက်က စိတ်ချရတယ်။ သှူဟာသူ ငွေကြေးက ဘာပဲဖြစ်နေနေ ရင်းနှီးမြှုပ်နှံသူကတော့ ဒီနှုန်းအတိုင်း ပြန်ရနေမယ်။ အာမခံယူရင် ယူသလောက် နှစ်အတိုင်း ဒီနှုန်းအတိုင်း ပြန်ရနေမယ်။ မြန်မာကျပ်ငွေကျတော့ အဲ့ဒီလိုမျိုး မရဘူး။ အဲ့ဒီအခက်အခဲကလည်း ရှိတယ်။
နောက်တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ။ အဲ့ဒါတွေ
က အခုလက်ရှိ လုပ်နေတာရှိတယ်။ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဖို့လိုတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက အသစ်ထွက် လာတာ ကောင်းပါတယ်။ ဥပဒေဆိုတာများသောအားဖြင့် ယေဘုယျခြုံပြီး ပြောတာဖြစ်တဲ့အတွက် ဥပဒေက ကောင်း တယ်။ ဥပဒေကို အကောင်အထည်ဖော်ဖို့ နည်းဥပဒေတွေ မရှိသေးဘူး။ နည်းဥပဒေမရှိတဲ့အခါကျတော့ တစ်ခုခုဖြစ်လာရင် ဘယ်ကိုသွားပြီး ဘာလုပ်ရမယ် သေသေချာချာ မသိဘူး။ သိချင် ကြတယ်။ ဒါမှ ကိုယ်ဘာဖြစ်ရင် ဘာလုပ်သင့်တယ်ဆိုတာ သိပြီး စိတ်ချရမယ်။ ဒီ့ပြင်ဆို တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်ရမှန်း မသိဘူး၊ ဥပဒေထဲမှာသာ ဟိုဟာလုပ်ရတယ်၊ ဒီဟာလုပ်ရတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ ဘာလုပ်ရမှန်း သေချာမသိ သေးဘူး။ အဲ့ဒါက လိုနေသေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမယ့် သူတွေကို ပိုပြီးယုံကြည်လာစေမယ့် အချက်ထဲမှာပါပါတယ်။ ဒါကလည်း အဟန့် အတားတစ်ခုပေါ့။ အဓိက ဒီသုံးချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပိုတိုးတက်လာဖို့အတွက် ဒီသုံးချက်ကို အဆင်ပြေအောင်လုပ်ရင်တော့ ရင်းနှီးမြှုပ်နှံသူ တွေ ပိုများမှာပါ။

မေး ။ ။ ဖြည့်စွက်ပြောလိုတာရှိရင်လည်း ပြောပေးပါဦး။
ဖြေ ။ ။ နောက်ဆုံးပြောချင်တာက ကျွန်တော်တို့က စွမ်းအင်၊
စက်မှုလုပ်ငန်းတွေ တင်မဟုတ်ဘူး၊Digitaliza-tionမှာ တစ်ကမ္ဘာလုံးမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။ Digitalizationက မြန်မာနိုင်ငံမှာ နည်းနေသေးတယ်၊ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုတာ နည်းတယ်၊ ကျွန်တော်တို့ ကျွမ်းကျင်မှု တွေကို ဒစ်ဂျစ်တယ် နည်းပညာတိုးတက်ဖို့အတွက် မြန်မာ ပြည်မှာ ပြန်ဝေမျှချင်ပါတယ်၊ ဒီဟာက ဂျာမနီတင်မဟုတ်ပါဘူး၊ တစ်က္ဘာလုံးမှာ ပြောင်းလဲလာတာဖြစ်တဲ့အတွက် အဲ့ဒီကြီးမား တဲ့ ပြောင်းလဲမှုကို ဘယ်သူကမှ မလိုချင်လို့ မရပါဘူး။ မြန်မာ ပြည်ကို အနှေးနဲ့ အမြန် ရောက်လာမှာ ကိုယ်က အနှေးနဲ့အမြန် နောက်မကျဘဲ လုပ်နိုင်လို့ရှိရင် ပိုပြီးမြန်မာပြည်က ခုန်ကျော်ပြီး တိုးတက်သွားမှာပါ။ အစိုးရဌာနပဲဖြစ်ဖြစ်၊ ကုမ္ပဏီတွေကိုပဲ ဖြစ်ဖြစ်၊ လူမှုစီးပွားဘဝကို နေရာတိုင်းမှာ လုပ်နိုင်စွမ်းကို တိုးတက်အောင်လုပ်လို့ရပါတယ်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ မြန်ဆန်ပြီးမြောက်အောင် ဆောင်ရွက်ပြီး လူမှုစီးပွားတွေကို တိုးတက်အောင် လုပ်နိုင်စွမ်းရှိပါတယ်။
ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။