ပြည်တွင်းထုတ်ကုန်များ နိုင်ငံတကာဈေးကွက်နှင့် ချိတ် ဆက်နိုင်ရေး ထုတ်ကုန်ပြပွဲကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း ချုပ် (UMFCCI)က ဦးဆောင်၍ သုံးရက်ကြာ ကျင်းပရန် စီစဉ်နေ သည်။

သာကေတမြို့နယ်ရှိ For-tune ပလာဇာတွင် စက်တင်ဘာ ၂၀ မှ ၂၂ ရက်အထိ UMFCCI Centennial International Expo 2019 ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ထုတ်ကုန်ပြပွဲ၌ ပြည်တွင်းရှိ အ သေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များ ကို ပြခန်း ၂၀၀ ကျော် ပြသရန် စီစဉ်ထားသည်။

‘‘ပြပွဲကြီးက ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအခွင့် အလမ်းများ အကောင်းဆုံးရရှိ လာနိုင်မှာပါ’’ဟု ပြပွဲကျင်းပရေး ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးမျိုးသန့်က ပြောသည်။

ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင် ပေ)နှင့် ပြည်တွင်းလုပ်ငန်းရှင်များ မှ စီးပွားရေးပြခန်းများ ပါဝင်ပြသ မည်ဖြစ်သည်။

မော်တော်ယာဉ်၊ စက် ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက် လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ အလှ ကုန်ပစ္စည်းနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာ၊ စား သောက်ကုန်ပစ္စည်းများ၊ ယာဉ် အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာကဏ္ဍမှ ဆိုင်ခန်းများ ပါဝင်ပြသမည်ဖြစ်သည်။

Credit to: 7 Days Daily News