Online Sales Register တင်တာနဲ့ပက်သက်ပြီး ၃၁ ဒီဇင်ဘာ ဆို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပေးတာ သတ်မှတ်ရက်ပြည့်ပါပြီ။
လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေနှင့်လည်း အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆လပြည့်မြောက်မည့်နေ့မတိုင်မီ ဆောင်ရွက်ထားနိုင်ရန် လိုအပ်ပါတယ်။

Online sales တွေအတွက် အောက်တိုဘာ ၂ ကစတင်မှတ်ပုံတင်လို့ရတယ်ဆိုပေမယ့် online sales နဲ့ပတ်သက်တဲ့အမိန့်နဲ့ညွှန်ကြားချက်က ၂၀၂၃ ဇူလိုင် ၂၁ ကထွက်ခဲ့တာဆိုတော့ အရေးယူမှုအပိုင်းတွေက ၂၀၂၄ ဇန်နဝါရီ ၂၁ ဆိုရင် စတင်အရေးယူမှုစမယ်လို့ မှတ်ယူလို့ရပါမယ် သွင်းကြေးအနေနဲ့လည်း ဒီဇင်ဘာ ၃၁ ထိပဲကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဇန်နဝါရီမှစတင် register လုပ်မဲ့သူများအတွက် မှတ်ပုံတင်သွင်းကြေးကိုလဲကြော်ငြာထားပြီးပါပြီ။

အရေးယူမှုအနေနဲ့အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ၅အရဆောင်ရွက်မယ်လို့ သတ်မှတ်ချက်မှာပါရှိပါတယ်။
(အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်

(အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅)
မည်သူမဆို ပုဒ်မ၄အရထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူအား အနည်းဆုံးထောင်ဒဏ် ၆လမှ အများဆုံးထောင်ဒဏ် ၃နှစ်အထိချမှတ်ရမည့်ပြင် ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်လည်းချမှတ်ခြင်းခံရမည်။

Online sales register လုပ်ရန်နှင့် အသေးစိတ်သိလိုသည်များကို https://www.ecomreg.gov.mm မှာလေ့လာကြည့်ရူလို့ရပါတယ်။