သက်တမ်းတိုးမှတ်ပုံ တင်မည့် မော်တော်ယာဉ်များအ တွက် အချိန်နှင့်အစီးရေစာရင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ဇွန်လ ၆ ရက်တွင် အသိပေးကြေညာသည်။

ဇွန်လ ၈ ရက်တွင် တစ်နိုင်ငံ လုံးရှိ ကညနရုံးများ၏ ဝန်ဆောင် မှုလုပ်ငန်းများကို ပြန်လည်စတင် မည်ဖြစ်ရာ ရန်ကုန်နှင့် မန္တလေး တို့တွင် လုပ်ငန်းဆောင်ရွက်ရမည့် ယာဉ်အစီးရေ များပြားနိုင်သဖြင့် လူစုလူဝေးမဖြစ်စေရန် ရည်ရွယ် ၍ ယာဉ်အစီးရေနှင့် အချိန်စာရင်း ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးရှိ မော်တော် ယာဉ်အစီးရေ တစ်သန်းကျော်အ နက် ထက်ဝက်ကျော်ရှိနေသည့် ရန်ကုန်ရှိ ကညနရုံး အားလုံးတွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲ၊ ၁၀ နာရီခွဲမှ ၁၂ နာရီ၊ ၁ နာရီမှ ၃ နာရီနှင့် ၃ နာရီ မှ ၄ နာရီခွဲ အထိ အချိန်လေးခုသတ်မှတ်၍ သက် တမ်းတိုးယာဉ်များကို ဆောင်ရွက် ပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းရှိ (ရွာသာကြီး)ကညနရုံးတွင် ခရီးသည်တင် ယာဉ်များကို တစ်ချိန်လျှင် ၂၅ စီး သတ်မှတ်ကာ ကုန်တင်ယာဉ်များ အတွက် တစ်ချိန်လျှင် ၅၅ စီး မှ ၈၅ စီးအထိ သက်တမ်းတိုးနိုင် မည်ဖြစ်သည်။ အလားတူ ခရိုင်ရုံး ခွဲများတွင်လည်း ပိုင်ရှင်ကိုယ်တိုင်သက်တမ်းတိုးမည့်ယာဉ်များအတွက် တစ်ချိန်လျှင် အနည်း ဆုံး ယာဉ်အစီးရေ ၃၅ စီးမှ ၆၀ အထိ သက်တမ်းတိုးနိုင်မည်ဖြစ် ကာ ကိုယ်စားလှယ်ဖြင့် သက် တမ်းတိုးဆောင်ရွက်မည့် ယာဉ် အစီးရေကို အနည်းဆုံး ၆၅ စီးမှ အများဆုံး ၁၅၀ အထိ သတ်မှတ် သည်။

မန္တလေးတိုင်းရှိ ကညနရုံး နှစ်ခုတွင် နံနက်ပိုင်း၌ အစီးရေ ၃၀၀ စီနှင့် နေ့လယ်ပိုင်းတွင် အစီးရေ ၁၅၀ မှ ၂၅၀ အထိ သက်တမ်းတိုးလုပ်ငန်း ဆောင် ရွက်မည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ ယာဉ်မှန်၊ မမှန်စစ် ဆေးခြင်းလုပ်ငန်းများကို ရန်ကုန် နှင့် မန္တလေးရှိ ကညနရုံးများတွင် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တစ်ရက်လျှင် အနည်းဆုံး ၁၀ စီး မှ ၃၀ အထိ ရှိမည်ဖြစ် သည်။ အစိုးရရုံးပိတ်ရက် စနေ နေ့ကိုပါ ဝန်ဆောင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးမည်ဖြစ် ပြီး ၂၀၂၀ စက်တင်ဘာ နောက် ဆုံးပတ်အထိ အွန်လိုင်းဘွတ် ကင်ရယူနိုင်ကြောင်း အသိပေး သည်။