ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် အလုံပိတ်ကန့်သတ်မှုများ ပြုလုပ်နေချိန်တွင် အမေရိကန်ပြည်ထောင်စု ပြည်နယ် အချို့၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း၊ သို့သော်လည်း နိုင်ငံများစွာ၏ စီးပွားရေး လုပ်ငန်းများကို ပိတ်ထားလျက်ရှိဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအခြေအနေက ပြည်နယ်တစ်ခုနှင့်တစ်ခုကြား ကန့်သတ်မှုအခြေအနေ မတူညီမှုကို မီးမောင်းထိုးပြခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ပြည်သူများ တစ်လနီးပါးအိမ်တွင်း၌ နေထိုင်ရန်ဖြစ်သော် လည်း ၎င်း၏ မြို့တော်ဝန်က ပြည်နယ်၏အလုံပိတ် ကန့်သတ်မှုများကို ဖယ်ရှားလိုသည့်သဘောတွေ့ရသည်။ ပြည်သူများသည် ယခုအခါ လွတ်လွတ်လပ်လပ်ဆံသ ချင်နေကြသလို စားသောက်ဆိုင်များ သို့မဟုတ် အားကစား ခန်းမများသို့ လွတ်လွတ်လပ်လပ် သွားလာနေပြီဖြစ်ကြောင်း သိရသည်။
အားကစားခန်းမပိုင်ရှင် မိုက်မာတီနိုက ၎င်း၏ အလုပ်သမားများကို သူတို့တွင် မိသားစုများရှိကြောင်း၊ သူတို့သည် သူတို့၏ကလေးများကို ကျွေးမွေးပြုစုရဦးမည် ဖြစ်ကြောင်း၊ သူတို့၏ ငှားရမ်းခများလည်း ပေးရဦးမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဂျော်ဂျီယာ မြို့တော်ဝန်က အိမ်ဖြူတော်၏ ညွှန်ကြားချက်များကို လျစ်လျူရှုလိုနေကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု၏ အချို့ပြည်နယ်များအနေဖြင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီ ကိုဗစ်-၁၉ ကူးစက်ခံရမှုသည် နှစ်ပတ်ကျော်ကာလအထိ ကျဆင်းလာ ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် အလက်စကာ၊ အိုကလာဟိုးမား၊ ကာရိုလိုင်းနားနှင့် တခြားပြည်နယ်အတော်များများတွင် ကန့်သတ်ပိတ်ပင်မှုများကို ဖြေလျှော့လျက်ရှိကြောင်း၊ များမကြာမီ အခြားပြည်နယ်များအနေဖြင့် ယခုလို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပြည်သူများသည် အိမ်တွင်း၌သာနေထိုင်ရမည့် ညွှန်ကြားချက်များအတိုင်း နေနေရဆဲဖြစ်သော်လည်း အပူချိန်မြင့်တက်လာမှုများကို ပြည်သူများအား ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လျစ်လျူရှုသလိုဖြစ်စေကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ထက် အခြားပြည်နယ်များတွင် ကိုဗစ်-၁၉ အတည်ပြုလူနာပိုမိုများပြားကြောင်း သိရသည်။ နယူးယောက်မြို့တော်ဝန် အန်ဒရူးကူမိုက အလုံပိတ်ကန့်သတ်ချက်များကို နောက်ထပ် မေ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။ ကူမိုက မိမိတို့အနေဖြင့် သင်ခန်းစာများကိုကောင်းကောင်းလေ့လာရမည်ဖြစ်ကြောင်း၊ ရှေ့ကိုဆက်လျှောက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့သည် စမတ်ကျ နေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ကိုဗစ်-၁၉ ကူးစက် မှုဖြစ်ပွားသည့်နေရာများတွင် နောက်တစ်ခါထပ်မံ ဖြစ်ပွားနေသည်ကို မိမိတို့အနေဖြင့် တွေ့မြင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဝါရှင်တန် ဧပြီ ၂၈
အင်န်အိတ်ခ်ျကေ