ပြည်တွင်းရွှေဈေးတည်ငြိမ်စေရန် လက်ထဲတွင် ရွှေနှင့်ငွေရှိမှသာ တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ရန် ပွဲစားများနှင့်ဝယ်ရောင်းများကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက စက်တင်ဘာ ၄ ရက်၌ အသိပေးသည်။

စက်တင်ဘာ ၃ ရက်တွင် ပြည်တွင်းရွှေဈေး ရုတ်တရက် ဆက်တိုက်မြင့်တက်သည့် အခြေအနေမျိုး ကြုံတွေ့ရပြီး နောက်တစ်ရက်၌ အသင်းကသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ အသိပေး သည်။‘‘ရွှေထိ၊ ငွေထိမှ အရောင်း အဝယ်လုပ်ဖို့ ကျွန်တော်တို့ အ သင်းသားတွေကို အသိပေးထား ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

စက်တင်ဘာ ၃ ရက်ကစ၍ ရွှေဈေးဆက်တိုက်မြင့်တက်လာ ခြင်းသည် ပြည်တွင်းဘဏ်များမှ ငွေထုတ်ပြီး ရွှေဝယ်ယူလာကြ ခြင်း၊ နိုင်ငံတကာ ရွှေဈေးမြင့်တက်ခြင်း၊ မူဆယ်−မန္တလေးပြည်ထောင်စုလမ်း ပိတ်နေခြင်း ကြောင့် တရုတ်နိုင်ငံမှ တရားမဝင်ရွှေများ အဝင်နည်းပြီး ဈေးကွက် အတွင်း ရွှေရှားခြင်းကြောင့်ဖြစ် ကြောင်း ရွှေလုပ်ငန်းရှင်များ အ သင်းဝင်တို့က ပြောသည်။

‘‘ဘဏ်ကနေ ငွေထုတ်ပြီး ဆိုင်တွေမှာ ဝယ်တာများတယ်’’ ဟု အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြသည်။ စက်တင်ဘာ ၃ ရက် တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းရုံး၌ ဈေးကွက်ဖွင့် ပြီး အချိန်ပိုင်းအတွင်း ရွှေငါး ပိဿာခန့် ရောင်းချရကြောင်း၊ အဆိုပါ ရွှေပမာဏကို ယခင်က တစ်နေကုန် ရောင်းချရကြောင်း ၎င်းက ဆိုသည်။

သို့သော် ဗဟိုဘဏ် ထုတ် ပြန်ချက်ကြောင့် စီးပွားရေးလုပ် ငန်းရှင်များနှင့် ဘဏ်များအကြား ပြန်လည်အဆင်ပြေမည်ဆိုပါက ရွှေဈေးထိုးကျနိုင်သည်ဟု ဦးမျိုး မြင့်က ခန့်မှန်းပြောကြားသည်။

ထိုကဲ့သို့ ရွှေဝယ်လိုအားများ ခြင်းကြောင့် စက်တင်ဘာ ၃ ရက် နံနက်တွင် ရွှေတစ်ကျပ်သား ကျပ် ၁,၂၆၃,၀၀၀ မှ ညနေဈေး ပိတ်ချိန်၌ ကျပ် ၁,၂၇၃,၀၀၀ သို့ မြင့်တက်သည်။ စက်တင်ဘာ ၄ ရက်တွင် အခေါက်ရွှေတစ်ကျပ် သား ကျပ် ၁,၂၈၀,၀၀၀ ဖြင့် ဈေး စဖွင့်သည်။

ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ အတက်၊ အကျများခြင်းကြောင့် ညနေတွင် ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ရွှေ အသင်းကိုယ်စား ဈေးနှုန်းနှင့် ဈေး ကွက်အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့သည်ဟု အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ထို့ကြောင့် ရွှေဈေးကွက် တည်ငြိမ်ရေး စက်တင်ဘာ ၄ ရက်တွင် အစည်းအဝေးပြုလုပ် ပြီး သတင်းမီဒီယာများသို့လည်း လက်ရှိ အခြေအနေအချို့ကို ထုတ်ဖော်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အချက် ငါးချက်ကို သဘောတူညီခဲ့ပြီး ‘ရွှေလုပ်ငန်းရှင်များ၏ အသုံးအ နှုန်းဖြစ်သော’ ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန် ရောင်းချရန်၊ ကြို ရောင်းကြိုဝယ်များ မပြုလုပ်ရန်၊ အသင်းဂုဏ်သိက္ခာ ကျဆင်း အောင် မပြုလုပ်ရန်နှင့် ပြုလုပ်ပါ က အသင်းမှ ထုတ်ပယ်မည်ဟု အသိပေးခဲ့သည်။

အဆိုပါ သဘောတူညီချက် များတွင် ရွှေဝယ်ယူမှုကို ဝိတ်တန်း လျှော့ပြီး ဝယ်ယူပေးရန်နှင့် ရွှေ ဝယ်ရောင်းပြုလုပ်သူများနှင့် ပွဲစားများက ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းကို ဝိုင်းထိန်းပေးရန်လည်း ပါဝင်သည်။

ထို့အပြင် အသင်းက ချမှတ် သော အချက်ငါးချက်ကို အသင်းဝင် ရွှေလုပ်ငန်းရှင်များ၊ ပွဲစားများ လိုက်နာရန်လည်း အသင်းက မေတ္တာရပ်ခံသည်။

Credit to: 7 Days Daily News