အရိုး

အရိုးတွေ ချောင်လာတယ် ဒူးနာတတ်တယ် ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ် ခါးဆစ်ရိုးတွေလည်း နာတတ်တယ် ချော်မလဲအောင် ဂရုစိုက်ပါ ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့်တဖြေးဖြေး နာခြင်းသက်သာလာမယ် ။

ကြွက်သား

ကြွက်သား အားမရှိတာ အမျိုးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ ။

အကြော အဆစ်

အကြော အဆစ် နာတတ်တယ် ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနာဖြစ်လွယ်တယ် ( အကြောအားဆေး သောက်ပေးပါ ။ )ဦးနှောက် အာရုံကြောက ပိုအရေးကြီးတယ် အိပ်မပျော်တာများရင် ထိခိုက်သလိုခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

အသက်ကြီးလာတာနဲ့အမျှ ကိုယ်တွင်းကလီစာတွေက တဖြေးဖြေးအားနည်းလာတယ်။ နှလုံး ကျောက်ကပ် သရက်ရွက် သည်ခြေအသည်း ညဖက်ဆီးခဏခဏ သွားတာနဲ့ဆီးမခိုင်တာတွေ ဖြစ်တတ်တယ်။ အများအားဖြင့် ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက်၅၀ ကျော်တွေ အဖြစ်များတယ် ။

ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ အပူ အစပ်များစာလို့ အူလမ်းကြောင်းမှအညစ်အကြေးများရင် အူကင်ဆာဖြစ်လွယ်တယ် သတိထားကြပါ ။

နှလုံး

နှလုံးစဖြစ်ရင် အသက်ရူမဝခြင်း ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်းဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်းအပေါ်ကလည်း ညောင်းပြီး အကြောတက်တတ်တယ် ။အိပ်ရာထချိန် ဇက်ကြောတတ်တယ်လည်ပင်းညောင်းတတ်တယ် ။ မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခုထင်းကနဲ့ ပေါ်တတ်တယ်။

နှလုံးမှာ ( အဓိကကြောက်ရတာ ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။ နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ ။ အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ ။

အသည်း

အသည်းပြဿ နာဖြစ်ရင် ညာဖက် ဗိုက်ခေါက်အပေါ်ဘက်ကို နာကျင်တယ် ညာခါး အနောက်ဖက် ညောင်းနာမယ် ညာဖက်ပုခုံး ထုံးကျင်ညောင်းနာညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ် ။ အသည်းမကောင်းရင် ည ကောင်းကောင်းအိပ်မပျော်ပါ ပါးစပ်ခါးပြီး သွားထွက်လဝယ်တယ်အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ဗိုက်ပြည့်လွယ်တယ် လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်ခြေမခိုင်ဘဲ ချော်လဲလွယ်တယ်ခြေလိမ်တတ်တယ်

အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင် သတိထားပါ ။ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင်မွဲခြောက်ခြောက်နဲ့ မဲလာတယ်အရေပြား ခြောက်သွေ့ လာမယ်နှာခေါင်းထိပ်နီလာတယ်အသား လက်ဖဝါး မျက်လုံးအိမ်တွေ ဝါလာမယ်အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူးပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ်

( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ ကြည့်နည်းပါ )

ကျောက်ကပ်

ကျောက်ကပ်ပြဿ နာကတော့ ခါးနာ ကြောနာ မလန်းဆန်းဘူး ခြေသလုံး ညောင်းလွယ်တယ်အားမရှိဘူး။ အသားရေး ယားယံတတ်တယ်။ ဆီးသွားရင် အမြှုပ်ထတယ် ဆီးမခိုင်ဘူးခြေလက် အေးတတ်တယ် ခြေထောက်တွေရောင်လာတတ်တယ်။ အိပ်မကောင်းဘူးခဏခဏနိုးတတ်တယ် အထိုင်အထ ကြာကြာမလုပ်နိုင်ဘူး ။ ခြေသည်းခွံတွေ ကြမ်းလာတယ်အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် ကြမ်းပြီးထူလာမယ်အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ အမြဲဆေးသောက်ပါ ဆီးချိုချိန်ပါ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မှုးတတ်တယ်သွေးပေါင်ကျလည်း မူးတတ်တယ်ကျောက်ကပ်ကို အထူးဂရုစိုက်ပါ ။

သရက်ရွက်

သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်။ လည်ပင်း ဇက်ကြောတက်လွယ်တယ်။ ဝမ်းချုပ် ဝမ်းလျော၂ မျိုးလုံးဖြစ်တတ်တယ်။ အစာချေဖျက်မှုကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက်ပျောက်လွယ်တယ်။ ခေါင်းကိုက်တိုင်း အကိုက်အခဲပျောက်ဆေး သိပ်မသောက်ပါနဲ့ ။ အကိုက်အခဲပျောက်ဆေးက အသောက်များရင်ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းကိုထိပြီး သွေးယိုတတ်တယ်။ ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင်းဖြစ်နိုင်သလိုသွေးရောင် မဲညစ်ညစ်ဆို အစာအိမ်အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ ) ပေါက်ပြီးဖြစ်တတ်တယ်။ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကို အမြဲကြည့်ပါ ( ရှောကနဲ့ အဖြောင့်လိုက်သွားပြီးဖင်မကပ်ရင် အကောင်းဆုံးပါ – ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ )

တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်းဝေါကနဲ့ ပန်းတာမျိုးက အပူတွေ ထုတ်ပြစ်တာကြောက်စရာမလို ကောင်းတယ် တစ်ရက်လုံးပန်းရင်တော့ ဝမ်းလျောပြီ ( စကားပုံရှိတယ်ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတာ )

အူမကြီး

အူမကြီးမကောင်းရင် ပါးစပ်ခါးပြီး တချိန်လုံးရေသောက် ရေငတ်တတ်တယ်နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်လည်ပင်းရောင် ဖောင်းတတ်တယ်တော်ရုံ အနည်းငယ်လေးတာတောင် အလေး မမ နိုင်ပါ ။ ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်

( အပူများတဲ့သဘော ) ဝမ်းချုပ်ရင် ခါးလည်းတခါတလေ နာတတ်တယ်အူမကြီးက ဝမ်းနဲ့ဆိုင်တယ် ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပတ် ၂ စွဲနေတယ် လူတွေက အစာတွေ စုံအောင်စားပြီးဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်။

အစာအိမ်ကနေ အူနံရံပါး အနာဖြစ်ပြီးသွေးယိုလဲ ကြာရင် ကင်ဆာဖြစ်တတ်တယ် အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်( အစာမခံဘဲ ဗိုက်ဆာရင်စားပါ )

အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ ( တခါတည်း အများကြီးမစားပါနဲ့ ) တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူးပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿ နာ မရှိပါ ။ သို့သော် ဘယ်လောက်စားစား ( သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအားမကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး ( ဆရာဝန်နဲ့ သေချာပြပါ ) ဂေါက်ရောဂါရှိရင် ဘီယာနဲ့ မတည့်ပါ ရေချိုးရင် မချော်တတ်တဲ့ ဘိနပ်စီးပြီးချိုးပါ ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိအေးရင်လည်း အကြောချဉ် ကိုက်တယ်ချော်လဲကျလွယ်တယ်

အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီးအရိုးအားဆေးစာပါ ချော်မလဲကျပါစေနဲ့ ။

အသက် ၄၀ အရွယ်လုပ်သင့်သည့်အချက်များ ………

# နေ့တိုင်း နံနက်စာ မှန်မှန်စားပါ

# ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့လေ့ကျင့်ခန်းလုပ်ပါ နောက်ပိုင်း မှန်မှန်လမ်းလျှောက်ပါ ။

# ကယ်လ်စီယမ်းနဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ

# စိတ်ဖိစီးမှုကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ ရောဂ တရားထိုင် အသပ်ရူသွင်းထုတ်တဲ့ နည်းများလုပ်ပါ ။

# ငါး ကြက်သား အခွံမာစေ့များစားပေးရင်လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်စိတ်ခံစားမှု အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။

အဖော်နဲ့ ခရီးထွက်ပေးပါ သူငယ်ချင်းများနဲ့ တွေ့ဆုံပြီး စိတ်ဖိစီးမှုလျော့ပါ ပုံမှန် ကျန်းမာရေး စစ်ဆေးမူကို ခံယူပါ ။

အသက်ကြီးသူများလိုက်နာရန်

မျောက်လို လှုပ်ရှား ကြောင်လိုစား နွားလိုရေသောက် လိပ်လိုလျှောက် တုတ်ထောက်မပျင်းနဲ့

# မျောက်လိုလှုပ်ရှား အသက်ကြီးလာလျှင် လှုပ်လှုပ်ရှားရှားနေပါ လှုပ်ရှားမူ မရှိပါက အကြောများဆိုင်း၍ လူပမာဖြစ်တတ်သည် ။

# ကြောင်လိုစား လူကြီးများက နည်းနည်းနဲ့မကြာခဏအစာကို စားမှ အစာကိုကျေညက်စေနိုင်သည် တကြိမ်တည်းများစွာ မစားရ ။

# နွားလိုရေသောက် ဆီး ဝမ်းမှန် စေရန်အတွက်ရေကို များများသောက်ပေးပါ ။

# လိပ်လိုလျှောက် အသက်ကြီးလျှင်အရိုးအဆစ်မျာ မသန်မာသည့်အတွက်သွားလာလှုပ်ရှားလျှင် ချော်လဲ မကျအောင်ဖြေးဖြေးနှေးနှေး သွားလာပါ ။

# တုတ်ထောက်မပျင်းနဲ့ အရိုးအဆစ်များမသန်မာ အသက်ကြီးသူများ တုတ်ကောက်ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် မိမိကိုယ်ကိုလဲမကျအောင် တုတ်ကောက်ကအကူရသည် ။

_____________________

Credit ……