ဒီမေးခွန်းရဲ့အဖြေကို Knowledge Sharing အနေနဲ့ရေးချင်တာကြာပါပြီ။ ခုမှ အချိန်ရတာရယ် လုံလောက်တဲ့ အတွေ့အကြုံအချက်အလက်‌ရပြီမို့ Sharing လုပ်ပေးတဲ့သဘောပါ။ Website တစ်ခုနဲ့ ကြော်ငြာတစ်ခုဟာ Marketing ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိတာတူပေမယ့် သဘောသဘာ၀၊ ရည်ရွယ်ချက် နဲ့ လုပ်ငန်းစဉ်တွေ ကွဲပြားခြားနားပါတယ်။ ဒါကို ပြည်တွင်းလုပ်ငန်းရှင် တော်တော်များများက ရောထွေးပြီးနားလည်ထားကြတာများပါတယ်။ သူတို့အဆိုအရ Website ကြော်ငြာပေါ့ဗျာ။

Website တစ်ခု တည်ဆောက်ရတဲ့ရည်ရွယ်ချက်က လုပ်ငန်းတစ်ခုရဲ့ ရုံးခန်းကို ခေတ်နဲ့လျော်ညီစွာ Internet ကွန်ယက် ပေါ်မှာတည်ဆောက်ထားတဲ့သဘောပါ။ မြင်သာအောင်ပြောရရင် ပြည်တွင်းသာမက တစ်ကမ္ဘာလုံးကပါ မိမိ လုပ်ငန်းအကြောင်း၊ ထုတ်ကုန်အကြောင်း၊ ၀န်ဆောင်မှုအကြောင်းတွေကို ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပါတယ်။
ခုလိုကပ်ရောဂါဘေး၊ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရချိန် လုပ်ငန်းတော်တော်များများ အပြီးတိုင်ရပ်စဲသွားတာတွေရှိသလို၊ work from home နဲ့ ရသလောက်လုပ်ငန်းလည်ပတ်နေရတာတွေလဲရှိပါတယ်။ လုပ်ငန်းရဲ့ထွက်ငွေတွေကို စီစစ်ပြီး ကြော်ငြာစရိတ်တွေ အားလုံးနီးပါး လျော့ပြစ်တာရှိသလို၊ Marketing Department တစ်ခုလုံးတောင် အနားပေးထားရတဲ့ လုပ်ငန်းတွေအများကြီးရှိပါတယ်။ ဒီလိုစရိတ်တွေလျော့တဲ့ထဲမှာ လုပ်ငန်းတစ်ခုရဲ့ မျက်နှာစာဖြစ်တဲ့ Website ကို ကြော်ငြာနဲ့ရောပြီး ရပ်ဆိုင်းပစ်တဲ့ လုပ်ငန်းအသေးလေးကအစ Coporate Level ရှိတဲ့ လုပ်ငန်းကြီးတွေထိပါနေတာ တော်တော်လေးအံ့ဩဖို့ကောင်းပါတယ်။ လုပ်ငန်းကြီးတွေမှာ IT Team တွေရှိကြတာများပါတယ် ဘာ့ကြောင့် အကြံမပြုသလဲဆိုတာတော့ နားမလည်နိုင်အောင်ပါပဲ။

အပြီးတိုင်ဖျက်သိမ်းလိုက်တဲ့လုပ်ငန်းတွေအတွက်တော့မဆိုလိုပါဘူး။ လုပ်ငန်းလဲမဖျက်သိမ်းဘူး ရသလောက်လဲလုပ်နေတယ် အခြေအနေအရ ရုံးခန်းပါ ယာယီပိတ်ထားရတဲ့ လုပ်ငန်းတွေအတွက် Website ကိုဖျက်သိမ်းတာဟာ မှားယွင်းတယ်လို့ပဲထင်မြင်ယူဆမိပါတယ်။ဘာလို့မှားယွင်းတယ်လို့ယူဆရသလဲဆိုရင်

၁။ Website တစ်ခုရဲ့ တစ်နှစ်စာ ကုန်ကျစရိတ်ဟာ Print Medi‌a, Social Media, TV, Radio ကြော်ငြာတွေရဲ့ကုန်ကျစရိတ်ထက် အများကြီးသက်သာတယ်။ ဒါဟာ Marketing Budget ဆိုတာကြီးကို ခေါင်းခဲနေကြတဲ့သူတွေအတွက်ပါ။

၂။ မိမိလုပ်ငန်း၊ ထုတ်ကုန် နှင့် ၀န်ဆောင်မှုအကြောင်းအသေးစိတ်ကို Presentation ကောင်းကောင်းနဲ့ ၂၄ နာရီပါတ်လုံး ပြည်တွင်းပြည်ပမှ အလွယ်တကူလေ့လာချိတ်ဆက်ဆောင်ရွက်နိုင်တယ်။

၃။ ခုလိုကာလမျိုးမှာ ရုံးခန်းပိတ်ထား အလုပ်တွေနားထားသည့်တိုင် သင့်လုပ်ငန်းတည်ရှိနေသေးတာကို Website ကိုမြင်ယုံဖြင့် သိနိုင်ပါတယ်။ ဖောက်သည်တွေ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ အဆက်အသွယ်မပြတ်စေဘူးပေါ့။

၄။ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ Website တစ်ခုရဲ့ Value ဟာ ဘယ်လောက်အရေးပါလဲဆိုတာကို ပြည်တွင်းလုပ်ငန်းရှင်တွေထည့်မတွက်ကြတာများပါတယ်။ ဥပမာ ၅ နှစ်သက်တမ်းရှိတဲ့ Website တစ်ခုဟာ ၅ နှစ်စာ ဖောက်သည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေမှာပါ။ ဒါတောင် Technical Value ကိုထည့်မတွက်သေးပါဘူး။

ဒီအချက်တွေက သိသာအထင်ရှားဆုံးဖြစ်တာမို့ဆွဲထုတ်ပြခြင်းသာဖြစ်ပါတယ်။ အများကြီးကျန်ပါသေးတယ်။

ပြည်တွင်းလုပ်ငန်းရှင်အတော်များများရဲ့အတွေးက Marketing Budget ကို လျော့ချတဲ့အနေနဲ့ Website ကြော်ငြာပါရပ်ပစ်တော့ အဆင်ပြေမှပြန်လုပ်မယ်လို့ ပြောလေ့ရှိပါတယ်။ Website ဟာ ကြော်ငြာမဟုတ်ပါဘူး သင့်ရုံးခန်းပါ။ ကြော်ငြာဆိုတာမျိုးက ရပ်ချင်တဲ့အချိန်ရပ်ပြစ်လို့ရပါတယ် ဒါပေမယ့် သင့်ရုံးခန်းကတော့ ရပ်ချင်တိုင်းရပ်လို့မရပါဘူး။ လုပ်ငန်းတည်ရှိနေသရွေ့ရှိနေမှာပါပဲ။

လုပ်ငန်းတစ်ခုလည်ပတ်နိုင်ရန် ရုပ်၀တ္ထု ရုံးခန်းတစ်ခုဖြစ်လာဖို့ဆိုတာမလွယ်ကူသလို Website ဆိုတဲ့ Internet အခြေပြုရုံးခန်းဖြစ်လာဖို့ဆိုတာလဲမလွယ်ကူပါဘူး။ အချုပ်ပြောရရင် Website ဟာ ကြော်ငြာတစ်ခုမဟုတ်ပါဘူး ဒါ့ထက်အများကြီးပိုတဲ့ သင့်ရုံးခန်းတစ်ခုပါ။

Author: Ye Lynn Oo
#myanmarinfohub