ဗုဒ္ဓဝင်ကို မြန်မာဘာသာစကားဖြင့် ရေးသား သော စာအုပ်များတွင် ပထမငါးခုန်ဆရာတော်ကြီး၏ ဗုဒ္ဓဝင်က အတော်လေးရှေးကျပြီး လူသိများထင်ရှား သည်မှာ မင်းကွန်းဆရာတော်ကြီး၏ ခြောက်အုပ်တွဲ စုစုပေါင်း ရှစ်အုပ်စာအုပ်ကြီးဖြစ်သည်။ လူပုဂ္ဂိုလ်များထဲတွင် ဦးရွှေအောင်၏ ဗုဒ္ဓ(သို့မဟုတ်)လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်စာအုပ်ကြီးသည် အတွေးအခေါ်ဆန်းသစ်ပြီး ပါရမီတော်(၁၀)ပါးဖြင့် ချဉ်းကပ်ရေးထားသည်။ ယခုအသစ်ထွက်ရှိလာသော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ၏ ဗုဒ္ဓဝင်စာအုပ်ကြီးတွင် သာမန်လူများ ဗုဒ္ဓကို ပိုမိုနားလည်သိရှိလာအောင် အလှမ်းကွာဝေးသော တန်ခိုးရှင်အဖြစ်မှ ဖယ်ခွာကာ လူသားများနှင့် ပို၍နီးစပ်အောင် ပြုစုဟောကြားထားသည်။ ဆရာတော်ကြီး၏ တရားတော်များကို နာယူဖူးသူတိုင်း အလွယ်တကူ သဘောပေါက်စေမည့် နက်နဲသောစာအုပ် ဖြစ်ပေသည်။
ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ သည် ယခုစာအုပ်ပါ တရားတော်များကို ၂၀၁၃ နှစ် လယ်မှ နှစ်ဆုံးအထိ (၈၂)ညတိုင် ဟောကြားခဲ့ပြီး ဆရာတော်ကြီး၏ဆန္ဒဖြင့်ပင် စာအုပ်ထုတ်ဝေရန် စီ စဉ်ခဲ့ကာ တပည့်ဒကာများက သက်တော်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် အမှတ်တရထုတ်ဝေခြင်းဖြစ် သည်။ ညပေါင်းများစွာကြာ ဟောကြားခဲ့သော တရား ဒေသနာတော်ဖြစ်သည့်အလျောက် စာအုပ်အဖြစ် ထုတ်ဝေရာတွင် အပိုင်းလေးပိုင်း၊ လေးအုပ်ခွဲထား ရာ ယခုစာအုပ်သည် ပထမတွဲဖြစ်ပါသည်။ စာအုပ် တွင် ဒီပင်္ကရာဘုရားလက်ထက် သုမေဓာရှင်ရသေ့ ဘဝဘုရားဆုပန်ရာမှ သိဒ္ဓတ္ထမင်းသားဘ၀ တော ထွက်ခြင်း၊ ဒုက္ကရစရိယာကျင့်ကြံခြင်း၊ သစ္စာလေးပါး ကို ရှာဖွေတွေ့ရှိခြင်း၊ ဘုရားအဖြစ်သို့ ရောက်တော်မူ ခြင်း၊ ဓမ္မစကြာတရားဟောကြားခြင်း၊ ပထမဝါမှ ၁၁ ဝါမြောက် သက်တော်(၄၅)နှစ်အထိ ကာလအတွင်း လောကသားတို့အတွက် သယ်ပိုးဆောင်ရွက်ခဲ့သည့် ကြိုးပမ်းချက်များကို ယခင်ဖတ်ဖူးသော ဗုဒ္ဓဝင်များနှင့် မတူ အမြင်သစ်ဗုဒ္ဓဝင်အဖြစ် မြင်တွေ့ရပေမည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဝင်ကို ဟောကြားစဉ် ဝိနည်း တော်နှင့်ပတ်သက်၍ စာအုပ်တစ်နေရာတွင် ‘ဝိနည်း စည်းကမ်းဆိုတာ အမှန်တရားမဟုတ်ဘူး။ Concept လို့ခေါ်တယ်။ အယူအဆတစ်ခုပဲ Society တစ်ခုမှာ လိုအပ်လို့ ဥပဒေဆိုတာလုပ်ကြတာ။ ဥပဒေဆိုတာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားမဟုတ်သည့်အ တွက်ကြောင့် ဥပဒေဆိုတာ အခါအားလျော်စွာပယ် ဖျက်ကြတယ်။ ပြင်ကြတယ်။ ဥပဒေဆိုတာ ပြင်လို့ရ တယ်။ ပယ်ဖျက်လို့ရတယ်’’ဟူ၍ ဟောကြားထား သည်။ ထို့အတူ ဘုရားရှင်၏ သည်းခံမှုနှင့်စပ်လျဉ်း၍ …‘လောကလူတွေဆိုတာ ကိုယ်ကျင့်တရားကောင်း တဲ့ ပုဂ္ဂိုလ်၊ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ဆို တာ အလွန်နည်းတယ်တဲ့။ သည်းခံဖို့ရာ ငါ့တာဝန်ပဲ။ လောကသားတွေနဲ့ တုဖက်ပြီးတော့ ပြောစရာမလို ဘူး။ သည်းခံရမယ်။ ဥပမာ ဘာနဲ့တူသလဲဆိုရင် ရှေ့ တန်းစစ်မျက်နှာမှာ ဝင်ပြီးတော့ တိုက်ပွဲဝင်နေရတဲ့ ဆင်ပြောင်ကြီးတစ်ကောင်၊ ရှေးခေတ်စစ်တိုက်တာ ဆင်နဲ့တိုက်ကြတာနော်။ ရှေ့တန်းကနေတက်ပြီး တော့ ထိုးစစ်ဆင်ရတဲ့ ဆင်ပြောင်ကြီးဟာ ပစ်လိုက် တဲ့မြားတွေ၊ ပစ်လိုက်တဲ့လှံချက်တွေ၊ ခုတ်တဲ့ဓား ဒဏ်ရာတွေ အဲဒါတွေအားလုံးကို အောင့်အည်းသည်း ခံပြီးတော့ တိုက်မှ သူက နိုင်တာကိုး။ ရှေ့တန်းစစ် မျက်နှာကို တိုက်ပွဲဝင်သွားတဲ့ အဲဒီဆင်ကြီးဟာ မြား ဒဏ်ကို မခံနိုင်လို့ နောက်ပြန်ပြီးတော့ ဆုတ်မယ်ဆို ရင် စစ်ပွဲတစ်ပွဲဟာ ရှုံးသွားနိုင်တယ်ပေါ့။ ဘယ်ကနေ မြားနဲ့ပစ်ပစ် နာကျင်မှုဒဏ်တွေ သည်းခံပြီးတော့ ရန် သူတွေရဲ့ခံတပ်ပေါက်သွားအောင် ဆင်ကြီးက ကြိုး စားပြီးတော့ တိုက်ပွဲဝင်ရတာ။ အဲဒါလိုပဲတဲ့။ ရှေ့ တန်းက ဆင်ပြောင်ကြီးဟာ မြားဒဏ်တွေကို ခံရသလိုပဲ ကိုယ်ကျင့်တရားမကောင်းတဲ့၊ စိတ်ဓာတ်မကောင်းတဲ့လူတွေကနေပြီးတော့ မြတ်စွာဘုရားအပေါ်မှာ ဘယ်လိုပဲစွပ်စွဲစွပ်စွဲ ပြောဆိုဆဲရေးဆဲရေး မြတ်စွာဘုရားဟာ ကြံ့ကြံ့ခံပြီးတော့ မတုန်လှုပ်တဲ့ စိတ်ဓာတ်နဲ့ မိမိလုပ်တဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်တော်မူခဲ့တယ်။ ဒါဆောင်ရွက်တာ လောကသားတို့အတွက် မြတ်ဗုဒ္ဓရဲ့ ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်’ ဟု ဖော်ပြထားပါသည်။
ယခုစာအုပ်ကို ပဉ္စဂံစာအုပ်တိုက်က စက္ကူအဖြူ အချော၊ စာအုပ်ဆိုဒ်ကြီးနှင့် ရောင်စုံသရုပ်ဖော်ပုံများ ဖြည့်စွက်ကာ တန်ဖိုး ၁၀,၀၀၀ ကျပ်ဖြင့် ထုတ်ဝေပြီး ဖုန်း ၀၁-၈၃၇၇၀၆၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
(မှတ်ချက်။။ စာတန်ဖိုး လွန်စွာကြီးမား သောစာအုပ်ဖြစ်ပါသည်။)
credit to: 7Day News