ကမ္ဘာ့ပတ်ဝန်းကျင်ဆိုသည် မှာ ကမ္ဘာမြေပေါ်ရှိ လေထု၊ ရေ ထု၊ မြေထုနှင့် သဘာဝအလျောက် ဖွဲ့စည်းတည်ဆောက်ထားသော သက်ရှိ၊ သက်မဲ့ ဂေဟစနစ်များ၊ မြေပေါ်၊ မြေအောက်၊ ရေပေါ်၊ ရေအောက်၊ လေထုအတွင်းရှိ သတ္တလောကနှင့် ရုက္ခလောက တို့ ပါဝင်ပါသည်။ နောက်တစ် နည်းဆိုရသော် သဘာဝပတ်ဝန်း ကျင်ဆိုသည်မှာ သဘာဝအ လျောက် ဖြစ်တည်နေသောအရာ များ၊ သက်ရှိအားလုံးနှင့် နေ ရောင်ခြည်တို့ကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။
ကျွန်ုပ်တို့စားသည့် အစား အစာများ၊ ကျွန်ုပ်တို့ရှူရှိုက်သည့် လေ၊ ကျွန်ုပ်တို့သောက်သုံးသည့် ရေနှင့် ကမ္ဘာဂြိုဟ်ပေါ်တွင် ကျွန်ုပ် တို့သက်ရှိများ နေထိုင်နိုင်စေရန် ဖြစ်ပေါ်စေသည့် ရာသီဥတုအား လုံးသည်လည်း သဘာဝမှပင်လာ ပါသည်။
လူသားတို့၏ သဘာဝပတ် ဝန်းကျင်အပေါ် အကျိုးသက် ရောက်မှု (သို့မဟုတ်) လူသားတို့ မှ ဖန်တီးသည့် သဘာဝပတ်ဝန်း ကျင်အပေါ် သက်ရောက်မှုသည် ဇီဝရူပဗေဒ ပတ်ဝန်းကျင်ပြောင်း လဲမှုများနှင့် ဂေဟစနစ်များ၊ ဇီဝ မျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်း အမြစ်များကို အပြောင်းအလဲဖြစ် စေသည့်အပြင် ကမ္ဘာကြီးပူနွေး လာမှုကိုပါ ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့လူဦးရေ အဆမတန် တိုး ပွားလာခြင်း၏ ပြဿနာမှာလည်း သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ အစုလိုက်အပြုံလိုက် မျိုးသုဉ်း ခြင်း၊ လူ့အဖွဲ့အစည်း၏ လိုအပ် ချက်များနှင့် ကိုက်ညီစေရန် ပတ် ဝန်းကျင်ကိုပြုပြင်ခြင်းသည် ပြင်း ထန်သော အကျိုးသက်ရောက်မှု များကို ဖြစ်ပေါ်စေပါသည်။ တစ် ကမ္ဘာလုံး အတိုင်းအတာဖြင့် သဘာဝပတ်ဝန်းကျင်ကို တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေသည့် အချို့သော လူ့ လုပ်ဆောင်မှုများတွင် သဘာဝ သယံဇာတများကို အလွန်အကျွံ သုံးစွဲမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် သစ်တောများပြုန်း တီးမှုတို့ ပါဝင်သည်။ ထို့အပြင် သမုဒ္ဒရာအက်စစ်ဓာတ်ပြုခြင်းကို ဖြစ်ပေါ်စေသည့် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) မှ အချိန်ကြာမြင့်စွာ စုပ်ယူခြင်း ကြောင့် ဖြစ်ပေါ်လာသော သမုဒ္ဒ ရာ၏ ရေအရည်အသွေး ကျဆင်း ခြင်းကြောင့် သမုဒ္ဒရာဓာတုဗေဒ ပြောင်းလဲမှု ဖြစ်စဉ်များသည် လည်း မရေမတွက်နိုင်သော သက်ရှိတို့၏ အပြုအမူနှင့် ဆိုး ကျိုးများကို သက်ရောက်စေနိုင် ပါ သည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုအပါ အဝင် ပြဿနာအချို့သည် လူ သားမျိုးနွယ်စုများအတွက် အမြဲ တမ်း အန္တရာယ်နှင့် စိန်ခေါ်မှုကို ဖြစ်ပေါ်စေပါသည်။
ထို့အပြင် လူတို့၏ ဖန်တီး မှုများကြောင့် ကမ္ဘာ့လေထုအထဲ တွင် လူနှင့် သဘာဝဂေဟစနစ်ကို ကောင်းကျိုးမပြုသော အမှုန်အ မွှားများနှင့် ဓာတုပစ္စည်းများပါ ဝင်နေခြင်းပင်ဖြစ်ပါသည်။ လေ ထုအတွင်း ရောက်ရှိနေသော အမှုန်အမွှားများသည် သစ်ပင် များမရှိသည့် ကြီးမားသော ဧရိ ယာများဖြစ်သည့် လွင်တီးခေါင် ကန္တာရများ၊ သစ်ပင်အနည်းငယ် သာ ပေါက်ရောက်သည့် ကုန်း ခေါင်ခေါင်အရပ်များမှ အစဉ်သ ဖြင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါ သည်။ ထို့အပြင် လူတို့၏ မဆင် မခြင် လုပ်ဆောင်မှုများကြောင့် အန္တရာယ်ရှိသော ဓာတ်ငွေ့များ၊ အမှုန်များ၊ ဖုန်မှုန့်များ၊ ဇီဝမော် လီကျူးများသည် ပမာဏကြီး စွာဖြင့် ကမ္ဘာ့လေထုအတွင်း အ လွန်အကျွံ ရောက်ရှိနေသည့်အခါ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာရ ခြင်းဖြစ်ပါသည်။ ညစ်ညမ်းသော လေသည် လူတို့အားကူးစက်စေ တတ်သောရောဂါများကိုဖြစ်ပေါ် စေခြင်း၊ အနာရောဂါ ထူပြော ခြင်း၊ အရေပြားနှင့်ဆိုင်သော ရောဂါများဖြစ်ပေါ်စေနိုင်ခြင်းတို့အပြင် ဇီဝမျိုးစုံမျိုးကွဲနှင့် အခြား သော သက်ရှိများ၊ ကောက်ပဲသီးနှံ များ၊ သဘာဝ (သို့မဟုတ်) လူတို့ နေထိုင်သော ပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်ပါသည်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ အစီရင်ခံစာတွင် ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အတွင်း ခန့် မှန်းခြေအားဖြင့် ကမ္ဘာ့လေထုညစ် ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူ ခုနစ်သန်းခန့်ရှိ ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ပါရှိပါသည်။
လူသားတို့၏ လုပ်ဆောင်မှု များကြောင့် အပင်နှင့် တိရစ္ဆာန် မျိုးစိတ် တစ်သန်းသည် မျိုးသုဉ်း ရန် အန္တရာယ်ရှိနေပြီး ဘရာဇီး၊ ယူနိုက်တက်စတိတ်နှင့် သြစ တြေးလျရှိ တောမီးလောင်ကျွမ်းမှု များမှအစ အရှေ့အာဖရိကတစ် လျှောက် ကျိုင်းကောင်ကျခြင်းနှင့် ယခုအချိန်တွင် ဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (COVID-19) ပျံ့နှံ့မှုသည်လည်း လူသားများနှင့် ၎င်းတို့တည်ရှိနေ သော ဘဝ၏ အပြန်အလှန်မှီခို မှုကို ပြသရာရောက်ကြောင်း သဘာဝတရားက လူသားများ ထံသို့ သတင်းစကားပေးပို့ခြင်း သာ ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ် ဝန်းကျင်နေ့အတွက် အဓိက ခေါင်းစဉ်မှာ ‘သဘာဝအတွက် အချိန်’ ဟူသော ကြွေးကြော်သံနှင့် အတူ ‘ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေး’ အတွက်ဖြစ်ပါသည်။ အရှိန် အဟုန်ဖြင့် ဇီဝမျိုးစုံမျိုးကွဲမျိုးစိတ် အများအပြားဆုံးရှုံးမှုနှင့် သဘာဝ ကမ္ဘာကြီး ပျက်စီးယိုယွင်းမှုကို တိုက်ဖျက်ရန် လှုံ့ဆော်သည့် ခေါင်းစဉ်လည်းဖြစ်ပါသည်။
၁၉၇၃ ခုနှစ်တွင် ကုလသ မဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ ကြီးပူနွေးလာမှု၊ သစ်တောပြုန်း တီးမှု၊ ပလတ်စတစ်ညစ်ညမ်းမှု နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ အာနိ သင်ကဲ့သို့သော သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာများကို အများပြည်သူသိရှိနိုင်စေရန်နှင့် နိုင်ငံတကာမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ နှစ်စဉ် ဇွန်လ ၅ ရက် နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အဖြစ် သတ်မှတ်ကာ ကမ္ဘာနှင့်အ ဝန်း ကျင်းပပြုလုပ်ကြခြင်းဖြစ် သည့်အပြင် ကမ္ဘာတစ်ဝန်းရှိ လူမှု အသိုင်းအဝိုင်းများနှင့် နိုင်ငံများ အနေဖြင့် သဘာဝထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုများကို အများ ပြည်သူစည်းရုံးလှုံ့ဆော်ရေးနှင့် လှုပ်ရှားမှုများမှတစ်ဆင့် လျှော့ ချခြင်းနှင့်ပတ်သက်သော အသိ ပညာများဖြန့်ဝေသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိနှင့် သတိ အစဉ်အမြဲရှိစေရန် သတိ ပေးရေးသားလိုက်ပါသည်။
credit to: 7day News