ဝါရှင်တန်ဒီစီ၊ မေ ၂

အမေရိကန်အစားအသောက်နှင့်ဆေးဝါးဆိုင်ရာအာဏာပိုင်အဖွဲ့ FDA က အီဘိုလာ ကုသဆေး remdesivir ကို ကိုရိုနာဗိုင်းရပ်စ်ကုသဆေးအဖြစ် အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း သတင်းများက ဖော်ပြထားသည်။

ပြင်းထန်သော Covid-19 ကြောင့် ဆေးရုံတက်နေရသော ပြည်သူများတွင် ဗိုင်းရပ်စ်ဆေးအဖြစ် အသုံးပြုရန် အတွက် အာဏာပိုင်များက ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းထန်စွာ နာမကျန်းဖြစ်နေသူများ အနေဖြင့် အဆိုပါဆေးကြောင့် အချိန်တိုအတွင်း ပြန်လည်သက်သာလာနိုင်ကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာသုံး စစ်ဆေးချက်တစ်ခုတွင် ဖော်ပြထားသည်။

FDA ၏ အရေးပေါ်အခြေအနေ ခွင့်ပြုချက်ဆိုသည်မှာ သုံးသပ်စစ်ဆေးမှုများ များပြားသော ပုံမှန်အတိုင်း ခွင့်ပြုချက်နှင့်တော့ မတူပေ။အီဘိုလာ ရောဂါကို တိုက်ဖျက်ရန်အတွက် ဖော်စပ်ထားသော အဆိုပါ ဆေးမျိုးကို ကိုရိုနာဗိုင်းရပ်စ် ပျောက်ဆေးသဖွယ် ရှုမြင်သုံးခြင်း မပြုသင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

အဆိုပါ ဗိုင်းရပ်စ်နှိမ်ဆေး ထုတ်လုပ်ထားသည့် Gilead ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် သည် သမ္မတထရမ့်နှင့် ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး FDA ၏ ခွင့်ပြုချက်သည် ပထမဆုံး အဆင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ကုမ္ပဏီအနေဖြင့် အဆိုပါ အီဘိုလာဗိုင်းရပ်စ်သတ်ဆေး တစ်သန်းခွဲလှူဒါန်းသွားမည်ဟု သမ္မတနှင့် တွေ့ဆုံစဉ် အမှုဆောင်အရာရှိက ပြောဆိုခဲ့သေးသည်။

Credit to: The Voice