ဈေးဝယ်စင်တာများ အပါအဝင် ပါဆယ်ရောင်းချသည့် ဆိုင်များနှင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသော လုပ်ငန်း များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက် ရမည့်အချက်များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အထက်ပါလုပ်ငန်းများအ နေဖြင့် ပိုးသန့်စင်ခြင်းလုပ်ငန်းကို တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် ဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များ အနေဖြင့် ဝန်ထမ်းများအတွက် မျက်နှာအကာ၊ နှာခေါင်းစည်း၊ လက်အိတ်၊ ဆပ်ပြာနှင့် ရေတို့ကို လုံလောက်စွာ ထားရှိပေးရန်နှင့် ဝန်ထမ်းများကို အများသုံးယာဉ် များကိုမစီးစေဘဲ ကြို၊ ပို့ ယာဉ်များ စီစဉ်ပေးရမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။
ထို့အပြင် လုပ်ငန်းဆောင် ရွက်သည့်အချိန်တိုင်းတွင် မျက် နှာအကာ၊ နှာခေါင်းစည်း၊ လက်အိတ်တို့ကိုဝတ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ လုပ်ငန်းခွင်တွင် ဝန်ထမ်းများအချင်းချင်း ကြား၊ ရောင်းချသူနှင့် ဝယ်ယူသူ ကြား ခြောက်ပေခွာ၍နေရန်၊ ဆိုင် ပိုင်ရှင်ဖြစ်စေ၊ ဝန်ထမ်းဖြစ်စေဖျားခြင်း၊ ချောင်းဆိုးခြင်း စသဖြင့်သံသယဖြစ်ဖွယ် လက္ခဏာများ ရှိခြင်း၊ ပိုးတွေ့လူနာနှင့် လွန်ခဲ့သော ၁၄ ရက်က ထိတွေ့မှုရှိခဲ့ လျှင် လုပ်ငန်းခွင်သို့ လာရောက်ခြင်းမပြုရန်လည်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား သည်။
ရှော့ပင်းမောလ်နှင့် စူပါမားကက်များအနေဖြင့် နှာခေါင်းစည်းတပ်ဆင်မလာသော ဈေးဝယ်သူ အား အတွင်းသို့ ပေးဝင်ခြင်းမပြု ရန်နှင့် လိုအပ်ပါက နှာခေါင်းစည်းများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားခြင်း၊ ဝင်ပေါက်တွင် ဈေးဝယ် သူအား ကိုယ်ပူချိန်တိုင်းတာ၍အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်)နှင့် အ ထက်ရှိပါက ဝင်ခွင့်မပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ် ပြီး ဆေးကုသမှုခံယူနိုင်ရန် စီစဉ်ထားခြင်း၊ ဈေးဝယ်သူများ ဆိုင်အ တွင်းသို့ မဝင်ရောက်မီနှင့် ဆိုင်မှ မထွက်ခွာမီ အချိန်တို့တွင် စနစ်တကျ လက်ဆေးရန် ကြီးကြပ်ခြင်း တို့ ဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းအပြင် ငွေရှင်းသည့်နေ ရာတွင် တန်းစီရန်လိုအပ်ပါက လူတစ်ဦးနှင့်တစ်ဦးကြား ခြောက်ပေခြား၍ တန်းစီနိုင်ရန် ကြိုတင် သတ်မှတ်ခြင်း၊ ငွေရှင်းသည့်နေရာတွင် ရောင်းချသူနှင့် ဝယ်သူ ကြား ပလတ်စတစ်အကာ၊ မျက် နှာအကာများကို ထားရှိခြင်းနှင့် ၎င်းတို့ကို ဆပ်ပြာနှင့်ရေအသုံး ပြု၍ မကြာခဏသန့်စင်ပေးခြင်း၊ ဈေးဝယ်သူများ ဆိုင်အတွင်းသို့ မဝင်ရောက်မီနှင့် ဝယ်ယူမှုအပြီး ဆိုင်က မထွက်ခွာခင်တွင် လက်ဆေးနိုင်ရန် ဆပ်ပြာနှင့်ရေ (သို့ မဟုတ်) လက်သန့်ဆေးရည် ထား ရှိခြင်းတို့ ဆောင်ရွက်ရမည်ဖြစ် သည်။ အစားအသောက်ပါဆယ် ရောင်းချသည့်ဆိုင်များအနေဖြင့် ပါဆယ်ဝယ်ယူရန် အွန်လိုင်း၊ ဖုန်းတို့မှတစ်ဆင့် ကြိုတင်အမှာပေး နိုင်ရန် စီစဉ်ထားခြင်း၊ ပါဆယ်လာရောက်ယူရာတွင် ပါဆယ်ပေးသည့်နေရာ ကိုသီးသန့်သတ်မှတ် ၍ လူတစ်ယောက်ချင်းစီသာ ဝင် ရောက်စေခြင်း၊ တစ်ချိန်တည်း၌လူအများအပြားမရှိစေဘဲ ခြောက်ပေခြား၍ တန်းစီနိုင်ရန် ကြိုတင်အမှတ်အသားများ ပြုလုပ်ထားခြင်း၊ ရောင်းချသူနှင့် ဝယ်သူကြား တွင် ပလတ်စတစ်အကာ (သို့ မဟုတ်) မှန်အကာကို ထားရှိ၍ ထိုအကာကို ရေနှင့်ဆပ်ပြာ (သို့ မဟုတ်) အရက်ပြန် ပမာဏ ၇၉ ရာခိုင်နှုန်း ပါဝင်သောအရည်ဖြင့် မကြာခဏ သန့်စင်ပေးခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။
အလားတူ အစားအသောက်နှင့် ပစ္စည်းများကို အိမ်တိုင်ရာ ရောက်ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့် လက်သန့် ဆေးရည်ကို အမြဲဆောင်ထား၍ ပစ္စည်းများ ပို့ဆောင်ချိန်တိုင်း၌ ၎င်းပစ္စည်းမကိုင်တွယ်မီနှင့် ကိုင် တွယ်ပြီးချိန်၊ ငွေများလက်ခံကိုင် တွယ်ပြီးချိန်တို့တွင် အသုံးပြုရန်၊ ဝယ်ယူသူနှင့် ပေးပို့သူကြား အနည်းဆုံး ခြောက်ပေအကွာတွင် သာနေခြင်း၊ ပေးပို့ရာတွင် ထားရှိရမည့်နေရာကို ဝယ်ယူသူနှင့် ညှိ နှိုင်း၍ ကြိုတင်သတ်မှတ်ထားရန်၊ ဝယ်ယူသူအား အသိပေးပြီးမှသာ အစားအသောက်နှင့် ပစ္စည်း များထားရှိခြင်းတို့ကို လိုက်နာရ မည်ဖြစ်ကြောင်း မေလ ၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။