အခြေခံပညာကျောင်းတွေအတွက် လာမယ့် ဇွန်လမှာစတင်မယ့် ကျောင်ဖွင့်ရာသီမှာ ကျောင်းတွေပြန်ဖွွင့်၊ မဖွင့်ဆုံးဖြတ်ချက်ဟာ မေလ ၁၅ ရက် အခြေအနေပါ်မူတည်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောပါတယ်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးကို ဒီလ ၁၅ ရက်မတိုင်ခင်မှာကျင်းပမှာဖြစ်ပြီး အဲဒီကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့လည်းသိရပါတယ်။
အဲဒီကော်မတီက COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဌာနအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ လူစုလူဝေးနဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေမပြုလုပ်ဖို့၊ ရုပ်ရှင်ရုံတွေ၊ ကျောင်းတွေ စတာတွေကို မေလ ၁၅ ရက်နေ့အထိ မပြုလုပ်ဖို့ ထုတ်ပြန်ထားတာပါ။
COVID-19ရောဂါ ဖြစ်ပွားတာကာလရှည်လာရင် ပညာရေးအဆက်မပြတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး အွန်လိုင်းပညာရေးစနစ်ကို စမ်းသပ်ဆောင်ရွက်နေတယ်လို့လည်းဦးဇော်ဌေးက ပြောပါတယ်။
လတ်တလောမှာတော့ COVID-19 ရောဂါဖြစ်ပွားတာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာစစ်ဆေးတာတွေရပ်နားထားသလို အခြေခံပညာကျောင်းသား၊ ကျောင်းသူတွေအောင်စာရင်းလည်း မထုတ်ပြန်သေးပါဘူး။
မေလ ၂၊ ၂၀၂၀
ရုပ်သံသတင်းထောက် ဝင်းကိုကိုလတ်