ဘန်ကောက် မေ ၂၆
ထိုင်းနိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားမှု ကျဆင်းလာပြီးနောက် နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းရန် အတိုက်အခံများက တောင်းဆိုနေ သော်လည်း စစ်အစိုးရက အရေးပေါ် အခြေအနေကြေညာချက်ကို ဇွန်လ ကုန်အထိဆက်လက်ထားရှိရန် အချိန် ထပ်တိုးလိုက်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုကို ဖြေလျှော့လိုက် သည့်အတွက် နောက်ထပ်ကိုဗစ်-၁၉ ဒုတိယလှိုင်း ထပ်မံဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်ရန် ယင်းသို့ မဖြစ်မနေ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူ နာရူမွန်ပင်ရိုဆင်ဝပ်က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအတွင်း အစိုးရက စီးပွားရေး ပြန်လည်စတင်ဖွင့်လှစ် နိုင်ရေးအတွက် ကန့်သတ်ပိတ်ဆို့မှု များကို တစ်ဆင့်ချင်းပြန်လည် ဖြေလျှော့ပေးလျက်ရှိပြီး အရေးပေါ် အခြေအနေကြေညာချက်က ကပ် ရောဂါကို ရင်ဆိုင်နိုင်မည့် နိုင်ငံရေး မပါသည့် လက်နက်တစ်ခုဖြစ်ကြောင်း သိရသည်။ အတိုက်အခံများက လွန်စွာ တင်းကျပ်လွန်းခြင်းမရှိသည့် ဥပဒေဖြင့်သာ ကပ်ရောဂါကူးစက်မှုကို ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နောက်ဆုံး လုပ်ဆောင်ခဲ့သည့် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာချက် အချိန်ထပ်တိုးမှုသည် မလိုလားအပ်ဘဲ အာဏာကိုအသုံးပြုခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အကြီး ဆုံး အတိုက်အခံပါတီဖြစ်သည့် ပျူထိုင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ အနူဆွန် အမ်ဆာအတ်က ပြောကြား ခဲ့သည်။
အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်အောက်တွင် အစိုးရထံ မှ ဘတ်ငွေတစ်ထရီလီယံငွေချေးမည့် အစီအစဉ်နှင့် ထိုင်းဘဏ်မှ ဘတ်ငွေ ၉၀၀ ဘီလီယံငွေချေးမည့် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ကိုပါ ထုတ်ဖော် ခဲ့သည်။
ဘန်ကောက်ပို့စ်