ဂျပန်နိုင်ငံမှ တုပ်ကွေးရောဂါကုသ ဆေးဖြစ်သည့် Avigan ဆေးကို နိုင်ငံ ပေါင်း ၃၈ နိုင်ငံသို့ မကြာမီအချိန် အတွင်း ထောက်ပံ့ပေးတော့မည် ဖြစ်သည်။
ယင်းဆေးသည် ကိုဗစ် -၁၉ ကုသ ရာတွင် အလားအလာကောင်းသည် ဟု ယူဆခံထားရသည့်ဆေးလည်း ဖြစ်သည်။
ဂျပန်ကုမ္ပဏီမှ ထုတ်လုပ်သည့် ယင်းဆေးကို နယ်သာလန်၊ ဖိလစ်ပိုင် နှင့်မလေးရှားနိုင်ငံအပါအဝင် အခြား နိုင်ငံများသို့ ပေးပို့သွားမည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆု က ပြောကြားခဲ့သည်။
Avigan ဆေးကို တောင်းဆိုသည့် နိုင်ငံပေါင်း ၇၀ ကျော်ရှိကြောင်း ယင်း နိုင်ငံများထဲမှ နိုင်ငံပေါင်း ၃၈ နိုင်ငံကို အခမဲ့ထောက်ပံ့ပေးသွားမည်ဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။
ဆေးလက်ခံရရှိသည့် နိုင်ငံများ သည် ဂျပန်နိုင်ငံသို့ ယင်းဆေးအသုံး ပြုမှု အချက်အလက်များကို ပြန်လည် ပေးပို့ရမည်ဖြစ်သည်။ ယင်းအချက် အလက်များသည် ကိုဗစ် -၁၉ ကို နှိမ်နင်းနိုင်သည့် ဆေးဝါးထုတ်လုပ် နိုင်ရေးအတွက် အရေးပါကြောင်း ၎င်းကအလေးအနက်ထား ပြောကြား ခဲ့သည်။

တိုကျို ဧပြီ ၂၈
အင်န်အိတ်ချ်ကေ