Live life & Play ဆိုတဲ့ ဆောင်ပုဒ်ကို အတိုချုပ်ပြီး LiPlay လို့ Fujifilm က သူ့ရဲ့ နောက်ဆုံးပေါ် Instax Mini ကင်မရာအမျိုးအစားသစ်ကို ခေါ်တွင်ပါတယ် ။ 5 Megapixel Resolution ရှိ မြင်ကွင်းပုံရိပ်တွေကို သိမ်းယူပေးနိုင်ပြီး အချိန် ၁၀ စက္ကန့်စာ အသံ Audio File တွေပါ တွဲဖက် Record ပြုလုပ်ပေးနိုင်မှာပါ ။ Credit Card အရွယ်အစားလောက်ရှိတဲ့ Instax Film ပေါ်မှာ ပြန်လည် ပုံထုတ်ယူတဲ့အခါ Photo Frame အတွင်းမှာ QR Code တစ်ခု ယှဉ်တွဲပါဝင်လာမှာဖြစ်ပါတယ် ။ QR Code ကို LiPlay App နဲ့ Scan ပြုလုပ်လို့ ဓါတ်ပုံနဲ့အတူ အသံတွေကိုပါ ကြည့်ရှုနားဆင် ပြန်လည်အမှတ်ရနိုင်ဖို့ စီစဉ်ထားတယ် ။

အခုလို Photo နဲ့ Audio ကို ပေါင်းစပ်ပြီး အမှတ်တရ အခိုက်အတန့်တွေကို မှတ်တမ်းတင်နိုင်မယ်ဆိုတာက နည်းပညာအသစ်အဆန်း မဟုတ်တော့ပေမယ့် Instax Film ပေါ်မှာ QR Code အဖြစ်နဲ့ Audio File တွဲဖက်ခြင်းက ပထမဆုံးလို့ သတ်မှတ်ရမှာပါ ။ Internal Memory ပါဝင်တယ်လို့ဆိုထားပြီး ဓါတ်ပုံပေါင်း ၄၅ ပုံလောက်အထိ သိမ်းယူနိုင်ပါတယ် ။ 35mm Term နဲ့ တွက်ချက်မယ်ဆိုရင် မြင်ကွင်းကျယ် 28mm Focal Length ရှိတဲ့ Lens ကို အသေတပ်ဆင်ပေးထားပြီး Aperture F2.0 ရှိပါတယ် ။ ကျောဘက်ဖော်ပြမျက်နှာပြင်အနေနဲ့ အရွယ်အစား 2.7in ရှိ LCD Display ပါရှိသလို ရိုက်ကူးသိမ်းယူထားတဲ့ ဓါတ်ပုံတွေကို Review (သို့) Print ပြုလုပ်ဖို့အတွက် အထောက်အကူပေးနိုင်ပါတယ် ။

အသံဖမ်းယူဖို့အတွက် Button သီးခြားထည့်သွင်းပေးထားပြီး Smartphone ထဲက ပုံရိပ်တွေကိုလည်း LiPlay ကနေတဆင့် Direct Print ပြုလုပ်နိုင်မှာပါ ။ ထူးခြားချက်တခုက Remote Shooting Function ပါဝင်ခြင်းဖြစ်ပြီး အဝေးကနေ ကင်မရာကို ထိန်းချုပ်လို့ ရိုက်ကူးရေးတွေ ပြုလုပ်နိုင်ပါလိမ့်မယ် ။ Filter – ၆ ခုနဲ့ Frame – ၁၀ ခုလောက်အထိ ထည့်သွင်းပေးထားပြီး Printing Time အနေနဲ့ ဓါတ်ပုံ ၁ ပုံကို အချိန် ၁၂ စက္ကန့်လောက်သာ ကြာမြင့်တယ် ။ Lithium-ion Battery တပ်ဆင်ပေးထားပြီး Removable အမျိုးအစားမဟုတ်တဲ့အတွက် Micro USB Port ကနေသာ အားပြန်လည်ဖြည့်တင်းရပါမယ် ။ ကင်မရာကိုယ်ထည်အလေးချိန် – 255g လောက်သာရှိလို့ သေးငယ်ပေါ့ပါးပြီး အဝတ်အစားအိတ်ထောင်ထဲမှာ ထည့်သွင်းသယ်ဆောင်နိုင်ပါတယ် ။ Fujifilm Instax Mini LiPlay ကို Stone White, Blush Gold နဲ့ Elegant Black ဆိုပြီး အရောင် ၃ မျိုးခွဲခြားထုတ်လုပ်ထားသလို ဈေးနှုန်း ၁၅၉.၉ ဒေါ်လာနဲ့ မကြာခင် ဈေးကွက်တင်ပို့မှာပါ ။ အသေးစိတ်အချက်အလက်တွေကို www.fujifilm.com/…/instant_photo/cameras/instax_mini_liplay/ မှာ ဝင်ရောက်လေ့လာပါ ။

Credit to: Cyra Publishing