Price – 999 US$ @ www.nikonusa.com

Nikon ရဲ့ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ Coolpix P900 ကို ဆက်ခံမယ့် Bridge ကင်မရာအမျိုးအစားသစ်ဖြစ်ပါတယ် ။ 35mm Term နဲ့ တွက်ချက်မယ်ဆိုရင် Zoom Range အနေနဲ့ 24-3000mm အထိရှိအတွက် Zoom Master အဖြစ် တင်စားခေါ်ဝေါ်ကြပါတယ် ။ ကမ္ဘာမြေပေါ်ကနေ Zoom ဆွဲယူရိုက်ကူးမယ်ဆိုရင် လ ရဲ့ အသွင်သဏ္ဍာန်ကို ကြည်လင်ထင်ရှားပြတ်သားစွာ ဖမ်းယူပုံဖော်နိုင်မှာပါ ။

Dynamic Fine Zoom လုပ်ဆောင်မှုလည်းပါဝင်တဲ့အတွက် ထပ်မံအနီးဆွဲယူ ရိုက်ကူးဖို့အတွက် 6000mm အထိ Zoom Range ကို တိုးမြှင့်နိုင်ပါလိမ့်မယ် ။ Max. Aperture အနေနဲ့ 24mm Wide End မှာ F2.8 အထိ ရှိပြီး 3000mm အတွက် F6.5 အထိ အလင်းဝင်ပေါက်ကို ချဲ့ကားနိုင်ပါတယ် ။ P900 တုန်းကလည်း 16 Megapixel Resolution ရှိ ½.3’’ အရွယ်အစား Low-Light CMOS Sensor ကို ပြန်လည်အသုံးပြုထားပြီး Native Sensitivity အနေနဲ့လည်း ISO 100-6400 ရှိပါတယ် ။ Continuous Shooting – 7fps လို့ဆိုထားတဲ့အတွက် ၁ စက္ကန့်အတွင်းမှာ ဓါတ်ပုံပေါင်း ၇ ပုံအထိ ဆက်တိုက်ရိုက်ကူးသိမ်းယူနိုင်မှာဖြစ်သလို Bird, Wildlife နဲ့ Sport Photography ဓါတ်ပုံဝါသနာရှင်တွေအတွက် ခရီးဆောင်ကင်မရာအဖြစ်နဲ့ အသုံးပြုနိုင်ပါတယ် ။

2.36M-dot Resolution ရှိ OLED Viewfinder ကို တပ်ဆင်ပေးထားပြီး ကျောဘက်ဖော်ပြမျက်နှာပြင်အနေနဲ့ Vari-angle အမျိုးအစား 3.2’’ TFT LCD ပါရှိပါတယ် ။ Touchscreen မဟုတ်ပေမယ့် Full Articulated ဖြစ်တဲ့အတွက် Display ကို စိတ်ကြိုက်အနေအထားအတိုင်း ပြုပြင်ပြောင်းလဲသတ်မှတ်နိုင်ပါလိမ့်မယ် ။ အလင်းအားနည်းချိန် ရိုက်ကူးရေးများအတွက် ဖြည့်စွက်အလင်းပေးနိုင်ဖို့အတွက် Built-in Flash ပါရှိပြီး Flash Range – 12m အထိ ရှိခြင်းက အားသာချက်တစ်ခုလို့ ဆိုရမှာပါ ။ ရုပ်သံရိုက်ကူးရေးအတွက် 4K အရည်အသွေးအထိ ရရှိနိုင်ပြီး Frame Rate – 30p နဲ့ Record ပြုလုပ်နိုင်မှာပါ ။

အသစ်ဖန်တီးထုတ်လုပ်လိုက်တဲ့ ML-L7 Remote Control ကို အသုံးပြုပြီး Nikon Coolpix P1000 ကို အဝေးကနေ ထိန်းချုပ်စေခိုင်းကာ Zoom, Aperture, ISO, Shutter တို့ကို ပြုပြင်ပြောင်းလဲနိုင်ပါလိမ့်မယ် ။ Connectivity အတွက် SnapBridge အပြင် WiFi လည်းပါရှိပြီး USB 2.0 နဲ့ microHDMI တို့လည်း စီစဉ်ပေးထားပါတယ် ။ USB Charging ပြုလုပ်နိုင်ပြီး Battery Life (CIPA) – 250 ရှိ EN-EL20a Lithium-ion Battery ပါရှိပါတယ် ။ မှန်ဘီလူးအနေနဲ့ 125x Zoom-NIKKOR ED Glass Lens ကို အသုံးပြုထားပြီး ပုံရိပ်တည်ငြိမ်ပြတ်သားမှုကိုလည်း Shutter Speed – 5 Stop စာလောက်အထိ ထိန်းကျောင်းပေးနိုင်မှာပါ ။ နောက်ထပ် ဓါတ်ပုံဝါသနာရှင်တွေ အကြိုက်တွေ့မယ့် Feature တစ်ခုက – RAW (NRW) နဲ့ ရိုက်ကူးသိမ်းဆည်းနိုင်ခြင်းဖြစ်ပါတယ် ။ Weight – 1415g ရှိပြီး Nikon Coolpix P1000 ကို ဈေးနှုန်း ၉၉၉ ဒေါ်လာနဲ့ ၀ယ်ယူနိုင်ပါပြီ ၊ အသေးစိတ်အချက်အလက်တွေကို www.nikonusa.com/…/pr…/compact-digital-cameras/coolpix-p1000 မှာ လေ့လာပါ ။

Credit to: Cyra