အမေရိကန်က ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများတိုးချဲ့လိုက်ခြင်းမှာ တရားမဝင် ကြောင်းနှင့် အ္တရာယ်ရှိကြောင်း ကရင်မလင်နန်းတော်က ဝေဖန်ပြောကြားလိုက် ကြောင်း သိရသည်။
ရုရှားသည် ပိတ်ဆို့မှုများကို အစမပျိုးလိုကြောင်း၊ ပိတ်ဆို့မှုများသည် တရား မဝင်သည့်အပြင် ရုရှားနှင့်အမေရိကန် နှစ်နိုင်ငံလုံးမှပြည်သူများနှင့် တစ်က္ဘာလုံးကိုနစ်နာစေသည့်အရာများဟု ယူဆကြောင်း ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်သောကြာနေ့က ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တစ်နှစ်ကျော်ကြာသည်အထိ ဆက်လက်ထိန်း ထားရန်အတွက် အမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် ရုရှားက ထိုသို့ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။
၂ဝ၁၄ခုနှစ် ခရိုင်းမီးယားရွေးကောက်ပွဲနှင့် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခများ အပြီးတွင် ယခင်အမေရိကန်သမ္မတ ဘားရက်အိုဘားမားအစိုးရအဖွဲ့သည် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကာကွယ်ရေးစနစ်မှန် သမျှကို ထိုးဖောက်နိုင်သည့် မဟာဗျူဟာလက်နက်သစ်အမြောက်အမြားကို ထုတ်ဖော် ပြသခဲ့ပြီး အမေရိကန်ပြည်တွင်းရေးရာဌာနက ရုရှားကို လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များကို ချိုးဖောက်နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
ဆင်ဟွာ