အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိ ကျင်းပသော အိန္ဒိယနိုင်ငံလုံးဆိုင်ရာ စာနယ်ဇင်းနေ့ အခမ်းအနားနှင့် တောင်အာရှနိုင်ငံများ သတင်းမီဒီယာကောင်စီ အစည်း အဝေးသို့ တက်ရောက်ခဲ့သည့် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ – ၁ ဦးအောင်လှထွန်းနှင့် ကောင်စီဝင် ဦးဟန်ညွန့်(ဥပဒေ)တို့ သည် နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့သို့ စင်ကာပူ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ ခဲ့ကြသည်။
အဆိုပါအဖွဲ့သည် အိန္ဒိယနိုင်ငံတွင် ကျင်းပသော က္ဘာ့သတင်းမီဒီယာ ကောင်စီများအစည်းအဝေးသို့ တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအား ကမ္ဘာ့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုရန် တင်ပြခဲ့ရာ အစည်းအဝေးက တညီ တညွတ်တည်း ဝင်ရောက်ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ တောင်အာရှနိုင်ငံ များ သတင်းမီဒီယာ ကောင်စီအသင်း ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဘက်က တက်ြ<ွကစွာ ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီအား တောင်အာရှနိုင်ငံ သတင်းမီဒီယာ ကောင်စီအသင်းဝင်အဖြစ် လက်ခံခဲ့ သည်။
နိုင်ငံတကာမှ တက်ရောက်လာ ကြသော သတင်းစာဆရာများ၊ မီဒီယာကောင်စီဝင်များနှင့် သတင်း မီဒီယာဆိုင်ရာ စိန်ခေါ်မှုများအကြောင်း ကို ဆက်လက်ဆွေးနွေကြရာ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မိမိ အတွေ့ အကြုံ သင်ခန်းစာများဖြင့် ပါဝင် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
Credit: myanmaalin