၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင်းသဘင်ကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆုရရှိသူစာရင်းအား အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရပြီး ဆုနှင်းသဘင် အခမ်းအနားသို့ ဆုရရှိသူများ၊ ဆုရစာအုပ်များ ကို ထုတ်ဝေခဲ့သည့် စာပေတိုက်များနှင့် ထုတ်ဝေသူများ၊ အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရရှိခဲ့ဖူးသည့် စာပေပညာရှင်များအားလုံး အပါအဝင် စာပေဆိုင်ရာ အဖွဲ့အစည်းများသို့ ဖိတ်ကြားထားကြောင်း သိရသည်။
အစမ်းလေ့ကျင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ရာ ဆုရရှိကြသူများအနေဖြင့် စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ (စာပေ ဗိမာန်) ဖုန်း ဝ၁-၃၈၁၄၄၉ နှင့် ဝ၁-၃၇၆၅၆၉ တို့သို့ ဆက်သွယ်ကြရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခမ်းအနား တက်ရောက်မည့်သူများအနေဖြင့် နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲတွင် အခမ်းအနားကျင်းပမည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၌ ကြိုတင်နေရာယူထားကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
Credit: myanmaalin