နေ၀င် ၊ နေထွက်ချိန်တွေမှာ ရှုခင်းဓါတ်ပုံရိုက်ကူးရေးတွေ ပြုလုပ်မယ့် ဓါတ်ပုံဝါသနာရှင်တွေနဲ့ သင့်လျော်ပါတယ် ။ သာမန် Graduated ND Filter နဲ့နှိုင်းယှဉ်မယ်ဆိုရင် Reverse ND Filter တွေရဲ့ ထူးခြားချက်က Filter ရဲ့ အလယ်မှာ အလင်းရောင် ကွယ်ကာမှု အမြင့်ဆုံးဖြစ်ပြီး Filter အစွန်းဘက်သို့ တဖြည်းဖြည်း အားပျော့ လျော့ပါးသွားတဲ့ အသွင်ဒီဇိုင်းရှိပါတယ် ။ ဒါ့ကြောင့် မနက်ခင်း အာရုံတက်ချိန်နဲ့ ညနေ နေ၀င်ချိန်တွေမှာ မိုးကုတ်စက်ဝိုင်းနားက နေလုံးနဲ့ အတူ ကောင်းကင်နဲ့ တိမ်တွေရဲ့ အလှကို အလင်းအမှောင် ဖွဲ့စည်းမှု မျှတစွာ ဖမ်းယူပုံဖော်ပေးနိုင်ပါတယ် ။ သဘာဝကျတဲ့ ပြာလွင်တဲ့ ကောင်းကင်အရောင်နဲ့အတူ လုံးကြွသက်ဝင်နေတဲ့ တိမ်တိုက်တွေကို မြင်ကွင်းပုံရိပ်အတွင်းမှာ ထည့်သွင်းရိုက်ကူးနိုင်ပါလိမ့်မယ် ။

Lee Reverse ND Filter တွေကို အလင်းရောင် လျော့ချနိုင်မှု Exposure Reduction အပေါ်အခြေခံပြီး 0.6ND, 0.9ND နဲ့ 1.2ND ဆိုပြီး ၃ မျိုးခွဲခြားထားပါတယ် ။ 0.6ND အနေနဲ့ Shutter Speed – 2 Stops လျော့ချရိုက်ကူးဖို့ ထောက်ကူပေးနိုင်သလို 0.9ND က 3 Stop နဲ့ 1.2ND က 4 Stop အထိ Density ရှိပါတယ် ။ Reverse ND Filter တွေကို အသုံးပြုတဲ့နေရာမှာ တွဲဖက်ရမယ့် မြင်ကွင်းကျယ် မှန်ဘီလူးတွေအနေနဲ့ Focal Length – 24mm အနည်းဆုံး ရှိသင့်တယ်လို့ Lee Filters က အကြံပြုထားပါတယ် ။

Reverse ND Filter တွေကို Lee 100mm, Seven5 နဲ့ SW150 System တွေနဲ့ ၀ယ်ယူရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ ၁၂၅ ဒေါ်လာ ၊ ၁၇၅ ဒေါ်လာနဲ့ ၂၀၀ ဒေါ်လာ အသီးသီးဖြစ်ပါတယ် ။ အသေးစိတ်အချက်အလက်တွေကို www.leefilters.com/index.php/camera/reverse-nd မှာ ၀င်ရောက်လေ့လာပါ ။

 

Credit to: Cyra