ဆီးချို ရောဂါ ရှိနေကြောင်းသိနိုင်တဲ့ လူတိုင်း သိထားသင့်တဲ့ အချက်လေးတေ

ဆီးချို ရောဂါ ရှိနေကြောင်းသိနိုင်တဲ့ လူတိုင်း သိထားသင့်တဲ့ အချက်လေးတေ
ဒါကြောင့် ဆီးချို ရောဂါ ကို အသံတိတ် လူသတ်သမား (silent killer) လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ဆီးချို သွေးချို ရောဂါ ဆိုတာ ကြောက်မက်ဖွယ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူတော်တော်များများကလည်း ကိုယ့်မှာ ဆီးချို ရောဂါ ရှိလို့ ရှိနေမှန်းတောင် မသိကြပါဘူး။ ဒါကြောင့် ဆီးချို ရောဂါ ကို အသံတိတ် လူသတ်သမား (silent killer) လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ဆီးချို ရောဂါ ကို စဖြစ်ဖြစ်ချင်းမှာ ထိန်းချုပ်ကုသနိုင်ခြင်းမရှိဘဲ လွှတ်ထားမယ်ဆိုရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အမြင်အာရုံ ဆုံးရှုံးခြင်းတို့ကို ကြုံရနိုင်ပါတယ်

အောက်မှာဖော်ပြထားတာကတော့ ဆီးချို ရောဂါ ရှိနေကြောင်း သိနိုင်တဲ့ လက္ခဏာ လေးတွေပါပဲ။

၁။ ဆီး ခဏခဏသွားတယ်
ဆီးချို ရောဂါ ရှိမယ်ဆိုရင် ခန္ဓာကိုယ် က အစားအစာ တွေကို သကြားအဖြစ် ဖြိုခွဲရာမှာ နှေးကွေးလာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သွေးထဲမှာ အချိုဓာတ် တွေ များလာတာဖြစ်ပါတယ်။ ခန္ဓာကိုယ် ဟာ သွေးထဲက အချိုဓာတ် တွေကို ဆီး ထဲကတဆင့် ပြန်လည်စွန့်ထုတ်တတ်ပါတယ်။ ဒါကြောင့် ဆီး ခဏခဏသွားချင်နေပြီဆိုရင် ဆီးချို ရောဂါ ရှိနေနိုင်ပြီလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ သေချာစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

၂။ ရေ ခဏခဏငတ်မယ်
ဆီး အသွားများခြင်းက သင့်ကို ရေ လည်းငတ်စေနိုင်ပါတယ်။ ဒီခေတ် လူငယ် တွေဟာ ရေငတ်ပြီလို့ခံစားရပြီဆိုရင် ရေမသောက်ဘဲ ဆိုဒါတွေ၊ ဖျော်ရည်တွေ၊ ချောကလက်နို့တွေ သောက်ကြတာများပါတယ်။ အဲဒီလို အချို များတဲ့ ဖျော်ရည်ယမကာတွေဟာ သွေး ထဲမှာ အချိုဓာတ် တွေ များပြားစေပြီး ဆီးချို ရောဂါ  ဦးတည်နိုင်ပါတယ်။ ဒါကြောင့်် ရေငတ်သလို ခံစားနေရရင် ရေသောက်တာဟာ အကောင်းဆုံးပါပဲ။

၃။ ရုတ်တရက်ကြီး ဝိတ်ကျသွားမယ်
ကိုယ်အလေးချိန် လွန်ကဲခြင်း က ဆီးချို ရောဂါ ဖြစ်နိုင်တဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်သလို ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း ဟာလည်း ဆီးချို ရောဂါ ဖြစ်စေနိုင်တဲ့ လက္ခဏာ တစ်ခု ဖြစ်နေတာကို လူ သိပ်မသိကြသေးပါဘူး။ တကယ်တော့ အစားလဲမလျှော့၊ လေ့ကျင့်ခန်း လည်း မလုပ်ဘဲ ရုတ်တရက်ကြီး ဝိတ်ကျတယ်ဆိုတာ ခန္ဓာကိုယ် က ရေဓာတ်အလွန်အကျွံ ဆုံးရှုံးလို့ဖြစ်နိုင်သလို ဆီး သွားရင်းနဲ့ ဆီး ထဲမှာ ကယ်လိုရီတွေအများကြီးပါသွားပြီး ခန္ဓာကိုယ် တွင်းမှာ ကယ်လိုရီ မလုံလောက်တာလည်း ဖြစ်နိုင်ပါတယ်။

၎။ ခဏခဏ ဗိုက်ဆာ မယ်
ဆီးချို ရောဂါ သည်တွေအဖို့ ရုတ်တရက်ကြီး ချွေးစေးတွေထွက်လာပြီး အစာတစ်ခုခုကို တောင့်တလာတာက မဆန်းပါဘူး။ ဒါဟာလည်း သွေးတွင်းသကြားမြင့်တက်လာတဲ့အခါမှာ ဂလူးကို့စ်ဓာတ်ကို ခန္ဓာကိုယ်က လက်ခံကိုင်တွယ်နိုင်စွမ်း လျော့နည်းလာလို့ပါပဲ။ ဥပမာ.. ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာ တစ်ခုကို စားလိုက်တဲ့အချန်မှာ အင်ဆူလင်တွေ ဆောင့်တက်လာပြီး ဂလူးကို့စ်ကတော့ ကျသွားပါလိမ့်မယ်။ ဒီလိုနဲ့ ဗိုက် ခဏခဏဆာလာပြီး တစ်ခုခုကိုစားဖို့ လိုအပ်လာပါလိမ့်မယ်။

၅။ အမြဲလိုလို မောပန်းနေပါလိမ့်မယ်
အလုပ် တွေများရင်၊ စိတ်ဖိစီးမှု တွေများရင် မကြာခဏလိုလို မောပန်းနွမ်းနယ်တတ်တာက သဘာဝပါပဲ။ ဒါပေမယ့် တောက်လျှောက်ကြီး မောပန်းနွမ်းနယ်နေမယ်ဆိုရင်တော့ အာရုံစိုက်အလေးထားသင့်တဲ့ လက္ခဏာ တစ်ခု ဖြစ်နေပါပြီ။ ဒါဟာ သင်စားလိုက်တဲ့ အစားအစာ တွေက စွမ်းအင်အဖြစ် ပြိုကွဲပြီး ဆဲလ်တွေရဲ့အသုံးပြုခြင်းကို မခံရဘူးလို့ ဆိုလိုနေတာပါ။ အတိုချုံးပြောရရင်တော့ ခန္ဓာကိုယ်ဟာ ဆက်လက်လည်ပတ်ဖို့အတွက် လောင်စာကို မရရှိတာပါ။ ဒီလိုနဲ့ အချိန်တိုင်းလိုလို မောပန်းနွမ်းနယ်နေရပါလိမ့်မယ်။

Source: Reader’s Digest
Credit: Duwun

About The Author

Leave a reply

Your email address will not be published. Required fields are marked *