သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည့် Investment Compe-titiveness Forum တွင် ကမ္ဘာ့ဘဏ်အုပ်စု (The World Bank Group)က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအား ‘Star Reformers Award” ကို ချီးမြှင့်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က”How to operationalize the Investment Reformers Network” ဆွေးနွေးမှုစကားဝိုင်းတွင်Panelist အဖြစ် ပါဝင် ဆွေးနွေးခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်ကို လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ Star Reformers Award ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်ခြင်း၊ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းအောင် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ နည်းပညာ များ၊ ပြည်တွင်းလုပ်ငန်းများသို့ လွှဲပြောင်းရရှိစေခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုရ လောက်အောင် အောင်မြင်စွာဆောင်ရွက်နိုင်ခြင်း အစရှိသည့် အချက်များကို အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ကမ္ဘာ့ဘဏ်အုပ်စုမှ Star Reformers Award, Strong Reformers Award နှင့် Aspiring Reformers Award စသည့် ဆုအမျိုးအစားသုံးမျိုး ချီးမြှင့်ခြင်းဖြစ်ပြီး Star Reformers Award သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမျာကို အသိသာအထင်ရှားဆုံး ပြုလုပ်နိုင်သည့်နိုင်ငံများကို ချီးမြှင့်သည့် အမြင့်ဆုံးဆု အမျိုးအစားဖြစ်ပြီး ယခု ၂ဝ၁၇ နှစ်တွင် Star Reformers Award ကို မြန်မာနို’င်ငံနှင့် အီသီယိုပီးယားနိုင်ငံတို့မှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit : myanmaalin