မြန်မာငွေ ၅ သိန်းကျော်ကနေ ၆ သိန်းကျော်ဈေးအထိ ရှိမှာပါ။

တရုတ်မှာ ဒီနေ့ ကျင်းပနေတဲ့ Xiaomi ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကတော့ အကောင်းဆုံးစမတ်ဖုန်း ၂ လုံးကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ mid-range ဖုန်းတစ်လုံးကို အကောင်းဆုံးနဲ့ အပြီးပြည့်စုံဆုံး အသွင်မြင်ရမယ့် ဖုန်းကတော့ Xiaomi Mi Note 3 ပဲ ဖြစ်ပါတယ်။

Xiaomi Mi Note 3 ဟာ မျက်နှာပြင် ၅.၅ လက်မ ရှိပြီး ဘေးလေးဘက်စလုံးကို ကွေးထားတဲ့ မှန်ကိုယ်ထည်နဲ့  ထွက်လာတာပါ။ ဖရိန်ကိုတော့ အလူမီနီယံနဲ့ ကွပ်ထားတာကြောင့် ဒီဇိုင်းသက်သက်ကိုက ကြည့်ရတာ အတော်လေး မိုက်နေပါတယ်။  တစ်ခြား specs အနေနဲ့ ပြောရင်လည်း ဒီဖုန်းဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

တစ်နေ့ တည်း မိတ်ဆက်သွားတဲ့ Xiaomi Mi Mix 2 ဟာ Mi Note 3 ထက် ဈေးပိုပေမယ့် ကျောဘက်မှာ ကင်မရာတစ်လုံးတည်း သုံးထားပါတယ်။ mid range လို့ ပြောနိုင်တဲ့ Mi Note 3 မှာတော့ Xiaomi ရဲ့ flagship ဖြစ်တဲ့ Mi 6 လိုပဲ 4 axis OIS ရုပ်ငြိမ်စနစ်ပါ 12MP dual rear ကင်မရာ ပါရှိပါတယ်။ ဒီတော့ 2X optical Zoom ဆွဲဖို့ နဲ့ wide angle မြင်ကွင်းကျယ် ရိုက်ဖို့ အတွက် အဆင်ပြေသလို နာမည်ကြီး bokeh effect လည်း အကြိုက်သုံးနိုင်တော့မှာပါ။ ရှေ့ ကင်မရာကတော့ AI စနစ်ပါ beautify features တွေ သုံးနိုင်တဲ့ 16MP ကင်မရာဖြစ်ပါတယ်။

Mi Note 3 မှာ နောက်ထပ်ပါလာတဲ့ feature တစ်ခုကတော့ သုံးစွဲသူရဲ့ မျက်နှာနဲ့ လော့ခ်ဖွင့်နိုင်တဲ့ AI based facial recognition နည်းပညာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ fingerprint လိုပဲ ဖုန်းဖွင့်တဲ့နေရာမှာ မြန်ဆန်တဲ့အပြင် လက်ကို ရေစိုနေချိန်နဲ့ နောက်ဆုံး လက်အိတ်ဝတ်ထားချိန်မှာတောင် သုံးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ခြား specs တွေ အနေနဲ့ ကတော့ Snapdragon 660 SoC ၊ RAM 6GB နဲ့ 3500 mAh ဘက်ထရီတွေ သုံးထားပါတယ်။

လောလောဆယ်မှာတော့ Xiaomi Mi Note 3 ကို အနက်ရောင်နဲ့ အပြာရောင် နှစ်မျိုးနဲ့ ပဲ ဝယ်လို့ ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ RAM 6GB/storage 64GB အနက်ရောင် ဗားရှင်းကို ၂၄၉၉ ယွမ် (မြန်မာငွေ ၅ သိန်းကျော် ) ၊ 128GB ဗားရှင်းကို ၂၈၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၈ သောင်းကျော်) ဈေးများနဲ့ ရောင်းချသွားမှာပါ။ 128GB အပြာရောင်ဗားရှင်းကတော့ ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Click Here for product details Specification

Credit : Duwun