ယခုရက်ပိုင်းအတွင်း အဆောက်အအုံ၊ လမ်း တံတားများ ဆောက်လုပ်ခြင်းများနှင့်စပ်လျဉ်း၍ တင်ဒါကိစ္စရပ်များ၊ ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းစစ်ဆေးခြင်း ဆိုင်ရာ ကိစ္စများအကြောင်းကို လူမှုကွန်ရက် များတွင် ကျယ်ကျယ်လောင်လောင် ပြောဆို ရေးသားမှုများ ပြုလုပ်လာကြသည်ကို တွေ့ရှိ ရပါသည်။ သို့ဖြစ်၍ မိမိတွေ့ကြုံလှုပ်ရှားခဲ့ရသော ဘဝ၏တစ်စိတ်တစ်ပိုင်း ကာလများအတွင်းမှ ယခုဘာသာရပ်နှင့် သက်ဆိုင်သော အကြောင်း အရာအချို့ကို တင်ပြလိုပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများကို စစ်ဆေး ရာတွင် စံချိန်စံòန်းနှင့်အညီ ဆောက်လုပ်မှုရှိ၊ မရှိကို အဓိကထား၍ စစ်ဆေးခဲ့ကြပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ၏ အကြီးဆုံးနှင့် အားအထားရဆုံး ဌာနကြီး ဖြစ်ပြီး ဆောက်လုပ်မှုဆိုင်ရာလုပ်ငန်းများကို စီမံ၊ ကြီးကြပ်၊ ဆောက်လုပ်၊ စစ်ဆေးစသဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ယင်းဌာနကြီးတွင် ယခင်က ဆောက်လုပ်ရေး လုပ်ငန်းများစစ်ဆေးရေး ဦးစီးဌာနတစ်ခုပင် ရှိခဲ့ဖူးသည်ဟု သိရပါသည်။
ပြည်သူ့လုပ်ငန်းဌာန (PWD)ခေတ်၊ ဆောက်လုပ်ရေးကော်ပိုရေးရှင်း (ဆလက) ခေတ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ပဆင)ခေတ်စသည်ဖြင့် ခေတ်အဆက်ဆက် ခိုင်မာသော လုပ်ထုံးလုပ်နည်း၊ လက်စွဲစာအုပ်၊ လုပ်ငန်းအခြေခံစံနှုန်းများ(Yellow Book)စသည့် ကိုးကားပြုနိုင်သော Document များလည်း များစွာရှိခဲ့ပါသည်။
တပ်မတော် အစိုးရလက်ထက်များတွင် အစိုးရမှ ဦးစီးဆောင်ရွက်သော စီးပွားရေး လုပ်ငန်းများကို နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လက်လွှဲဆောင်ရွက်စေခဲ့သည့် Market Economic System ကို စတင်ပြောင်းလဲခဲ့ရာ ယင်းပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေ နိုင်သည့် လုပ်ငန်းဆောင်ရွက်ပုံ နည်းလမ်းများ ကိုလည်း ပဆင အနေဖြင့် ပြောင်းလဲဆောင်ရွက် ခဲ့ရပေသည်။ ယင်းသို့ ဆောင်ရွက်ခြင်း၏ ထင်ရှားသော ပြောင်းလဲမှုများမှာ နိုင်ငံတော်၏ ဆောက်လုပ်ရေး၊ လမ်း၊ တံတားဆိုင်ရာ Pro- ject များ၊ စီမံကိန်းဖြင့် တည်ဆောက်သော စက်ရုံ/အလုပ်ရုံ တည်ဆောက်ရေးလုပ်ငန်း များ၊ အများစုကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အပ်နှံဆောင်ရွက်စေခဲ့ခြင်း ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်လိုက်ခြင်းဖြင့် ယခင်က ဆောက်လုပ်ရေးKey Player ဖြစ်ခဲ့ သော ပဆငသည် လမ်းလုပ်ငန်းနှင့် တံတားလုပ် ငန်းများကို အဓိကဆောင်ရွက်ရသော အစိုးရ ပိုင် Enterprise တစ်ခု ဖြစ်သွားခဲ့သည်။ နောက်ပိုင်း လမ်းလုပ်ငန်းအချို့တွင် B.O.T.ွှ စနစ် ကို ကျင့်သုံးမှုရှိခဲ့ပါသည်။
သို့ဆိုလျှင် ”ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်သော လုပ်ငန်းများကို မည်သို့မည်ပုံ စစ်ဆေးခဲ့ကြပါသနည်း”ဟူသော မေးခွန်းတစ်ရပ် ထွက်ပေါ်လာပါသည်။ စာရေးသူသိမီလိုက် သမျှ တင်ပြရလျှင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ခေါ်ယူသည့် တင်ဒါအောင်မြင် သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် ဆိုင်ရာဌာန၏ လုပ်ငန်းလိုအပ်ချက်ကို ညှိနှိုင်း၍ စီမံကိန်း၏Design နှင့် Drawing များ၊ Estimate များ၊ စီမံကိန်းတန်ဖိုးတွက်ချက် မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ် ဆင့်နိုင်ငံတော်အစိုးရကဖွဲ့စည်းပေးထားသော တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ (တည်/ကော်)သို့ တင်သွင်းလျက် ပထမအဆင့်စိစစ်ခြင်းခံရပါသည်။ ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနရုံးကြီးတွင် ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးက မိမိတို့ဌာနကဆောင်ရွက်မည့် လုပ်ငန်းများကို သွားရောက်တင်ပြ စစ်ဆေးမှု ခံယူကြရသည်ကို ကောင်းစွာမှတ်မိနေပါသည်။ (တည်/ကော်)မှ အတည်ပြုသတ်မှတ်ပေး သောလုပ်ငန်းနှင့် စီမံကိန်းကုန်ကျငွေသည် ဘတ်ဂျက်အတွက် အတည်ဖြစ်တာများပါသည်။ (တည်/ကော်)မှသတ်မှတ်ထားသော မူဘောင် အရ ဆောင် ရွက်မှသာ စာရင်းစစ်ချုပ်ရုံးမှလည်း အသိအမှတ်ပြုလက်ခံစစ်ဆေးခြင်း ပြုလုပ် ပေးခဲ့ပါသည်။
ယင်းကဲ့သို့ ပထမဆုံးအဆင့်အဖြစ် စစ်ဆေး ခံပြီးနောက် နိုင်ငံတော်ဘတ်ဂျက် အတည်ဖြစ် လျှင် ဆောက်လုပ်ရေးစီမံကိန်များ စတင်ဆောင် ရွက်ကြရသည်။ လုပ်ငန်းစသည်ဆိုသည်နှင့် (QC)ခေါ် အရည်အသွေး ထိန်းသိမ်းမှုနှင့် စစ်ဆေးရေးကို တစ်ပြိုင်တည်း ဆောင်ရွက် ကြရမည်ဖြစ်သော်လည်း ဌာနအများစုမှာ ယင်း လုပ်ငန်းကို ချက်ချင်းမစတင်နိုင်ကြဘဲ လုပ်ငန်း တော်တော်အရှိန်အဟုန်ရသည့် အခါကျမှသာ ဆောင်ရွက်နိုင်ကြသည်က များပါသည်။ သို့သော် ဌာနအများစုအနေဖြင့် လုပ်ငန်း စစ်ဆေးရေးအဖွဲ့များကို ကုမ္ပဏီများနှင့် သက်ဆိုင်ခြင်းမရှိသော ပုဂ္ဂိုလ်၊ ကျွမ်းကျင်သူ များဖြင့် ဖွဲ့စည်းလျက် စစ်ဆေးခြင်းအမှုကို ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းအဖွဲ့များတွင် သက်ဆိုင်ရာပင်တိုင်ဌာနမှတာဝန်ရှိသူ တစ်ဦး က ခေါင်းဆောင်၍ အခြားပညာရှင်ဌာနများ၊ တက္ကသိုလ်များမှ Conflict of Interest (COI)ကင်းရှင်းသည့် ပုဂ္ဂိုလ်များကို အဖွဲ့ဝင် များအဖြစ်ထားရှိကာ ဆောင်ရွက်ခဲ့ကြသည်မှာ နှစ်ကာလအတော်ကြာခဲ့ပါသည်။ ဆောင်ရွက် ခဲ့သည့် သမိုင်းစဉ်ကာလ စစ်ဆေးရေးလုပ်ငန်း များတွင် အားသာချက်များ၊ အားနည်းချက်များ များစွာရှိခဲ့သည်မှာ မငြင်းဆိုနိုင်ပါ။ အဖွဲ့များမှာ ဗဟိုမှသည် မြို့နယ်များအထိ၊ တိုင်း၊ ခရိုင် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြီး Ethic ကို စောင့်ထိန်း ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့များ လည်း များစွာရှိခဲ့သလို အဂတိတရားလေးပါး မကင်းသည့် ကိစ္စများလည်း ရှိခဲ့ပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တင်ပြခဲ့သည့် အဓိက ဆိုလိုရင်းမှာ(COI) ခေါ် (Conflict of Inter- est)မြန်မာမှုပြုရလျှင် အဂတိတရားလေးပါးမှ ကင်းရှင်းမှုသည် လုပ်ငန်းစစ်ဆေးရေးတွင် အဓိကမဏ္ဍိုင်ဖြစ်လာခြင်းကို ဆိုလိုပါသည်။
သို့ဆိုလျှင် ယနေ့ကာလ ဆောင်ရွက်နေကြ သည့် သို့မဟုတ် ဆောင်ရွက်ကြမည့် ကျပ်ငွေ ဘီလီယံထောင်နှင့် ချီနေသော ဝန်ကြီးဌာန အသီးသီး၏ ဆောက်လုပ်ရေးလုပ်ငန်း အသီးသီးအတွက် စစ်ဆေးရေးကိစ္စကို ဆောင် ရွက်ကြသည့်အခါ အောက်ဖော်ပြပါ အဓိက အလုပ်နယ်ပယ်များ ပေါ်ပေါက်လာမည်ကို ကြိုတင်တွေးဆသင့်လှပါသည်။ ယင်းတို့မှာ –
(၁)ပြည်သူလူထုအကျိုးအတွက် နိုင်ငံတော် ဘဏ္ဍာကို အကျိုးရှိစွာနှင့် ထိရောက်စွာ သုံးစွဲနိုင်မည့် ဖွံဖြိုးရေးပရိုဂျက် (Deve- lopment Project)များ ဖြစ်ရန် လိုအပ် ခြင်း၊
(၂) လုပ်ငန်းအပ်နှံသူ၊ လုပ်ငန်းတင်ဒါရသူ ကန်ထရိုက်တာ၊ ကန်ထရိုက်အဖွဲ့၏ အရည်အသွေး စစ်ဆေးထိန်းသိမ်းရေး အဖွဲ့ (Internal Q.C Team) တို့အပြင် လွတ်လပ်သော လုပ်ငန်းစစ်ဆေးရေးအဖွဲ့ (Third Party Inspection Team)တို့ကို အရေးကြီးသောStakeholderများအဖြစ် သတ်မှတ်ရန် လိုအပ်ခြင်း၊
(၃) စစ်ဆေးမည့်အဖွဲ့အစည်းများကို ဖွဲ့စည်း ခြင်း၊ ဖွဲ့စည်းပေးခြင်း၊ အသိအမှတ်ပြုခြင်း၊
(၄) စစ်ဆေးမည့်အဖွဲ့အစည်းများတွင် အဖွဲ့ ဝင်များ၏ စောင့်ထိန်းရမည့် Ethicများ မှာ လွန်စွာအရေးကြီးလှသဖြင့် တာဝန် အသီးသီးပေးအပ်ရာ၌ COI များကို ကြိုတင်စဉ်းစား၍ တာဝန်ပေးအပ်ခြင်း၊
(၅) စစ်ဆေးမည့် လုပ်ငန်းများအတွက် စစ်ဆေးရေးအဖွဲ့အစည်းများက တိကျစွာ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ် နည်း (Manual)များကို ပြဋ္ဌာန်းခြင်းနှင့် ယင်းလုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ရန်လိုအပ်ခြင်း၊
(၆) စစ်ဆေးမည့် အဖွဲ့အစည်းများအတွက် ကုန်ကျစရိတ်နှင့် ချီးမြှင့်ငွေများကို သတ် မှတ်ထားသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတစ်ခုခု( သို့မဟုတ် ) တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က သာ တိုက်ရိုက်ထုတ်ပေးခြင်း၊ ချီးမြှင့်ခြင်း၊
(၇) စစ်ဆေးမည့် အဖွဲ့အစည်းများကို နိုင်ငံရေး ပါတီတစ်ခုခု၊ ဝန်ကြီးဌာနတစ်ခုခု၊ အဖွဲ့ အစည်း တစ်ခုခုတို့မှ မလျော်သြဇာသုံး၍ လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ရှားနိုင်ရန် ကြိုတင်ကာကွယ်သည့် စည်းမျဉ်းစည်းကမ်း သို့မဟုတ် အမိန့်òန် ကြားချက်များကို ပြည်ထောင်စုအစိုးရ အဖွဲ့မှသော်လည်းကောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ သော် လည်းကောင်းထုတ်ပြန်ထားရန်လိုအပ် ခြင်း၊
(၈) စစ်ဆေးခံအဖွဲ့အစည်းများ၊ ကုမ္ပဏီများ အနေဖြင့်လည်း ကျင့်ဝတ်သိက္ခာအရ စောင့်ထိန်းလျက် စစ်ဆေးသည့်အဖွဲ့ အစည်း၏ အပြုသဘောမှတ်ချက်နှင့် အကြံပြုချက်များကို တိတိကျကျလိုက်နာ အကောင်အထည်ဖော်လုပ်ဆောင်ခြင်း၊
(၉) စစ်ဆေးမည့်အဖွဲ့အစည်းဝင် ပညာရှင် များအနေဖြင့် တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အရည်အချင်း ဖွံ့ဖြိုးတိုးတက်နေစေရန် အစဉ် လေ့ကျင့်ရန်လိုအပ်ခြင်းတို့ ဖြစ်ပါ သည်။
အထက်ပါနယ်ပယ်များမှာ စီမံခန့်ခွဲရေး ရှုထောင့်နှင့် ပညာရှင်ရှုထောင့်တို့မှ အဓိကထား စဉ်းစားထားခြင်းဖြစ်ပြီး ပညာရပ်နယ်ပယ် ရှုထောင့်များမှလည်း စဉ်းစားသင့်သည့် လုပ် ငန်းနယ်ပယ်များရှိနိုင်ပါသည်။ စဉ်းစားတွေးခေါ် သင့်သော အကြောင်းအရာများကို မှန်ကန်စွာ သုံးသပ်ကြရန် အချိန်လည်း ကျရောက်နေပြီဖြစ် ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန (သို့မဟုတ်) လုပ်ငန်းအပ်နှံကြမည့် ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများအနေဖြင့် ကျစ်လျစ်ခိုင်မာလျက် လွတ်လပ်စွာရပ်တည်သော စစ်ဆေးရေးအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရေးကို ဦးတည် ဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်လင့်လျက် အမိမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီတည် ဆောက်ရေးကာလများတွင် ဆောက်လုပ်ရေး ကဏ္ဍအတွက် လိုအပ်သော တွေးခေါ်မှုအချို့ကို ဉာဏ်စွမ်းရှိသရွေ့ တင်ပြရေးသားလိုက်ရပါ သည်။ ။
ဒေါက်တာအောင်ကျော်မြတ်
Source: Myanmaralinn