RVR ဆိုတဲ့နာမည်ကို ဂျပန်နဲ့ကနေဒါ နှစ်နိုင်ငံမှာတာ သုံးစွဲတဲ့နာမည်ပါ။ ဂျပန် ပြည်တွင်းမှာပဲ သုံးဖို့ ထုတ်ထားတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ RVR တွေက ဂျပန်ကအများဆုံးတင်သွင်းလာတဲ့ ဂျပန်တပတ်ရစ်ကားတွေပေါ့။ တင်ပို့တဲ့နိုင်ငံတွေရဲ့  လိုအပ်ချက်ပေါ်မူတည်ပြီးတော့ RVR ကို 1.6L, 1.8L, 2.0L နဲ့ 2.4L စသည့် အင်ဂျင်တွေနဲ့ တင်ပို့ရောင်းချပါတယ်။ ဥပမာအားဖြင့် အာရှနိုင်ငံတွေကို 1.8L နဲ့ 2.0L gasoline engine တွေနဲ့တင်ပို့ရောင်းချပါတယ် ဥရောပနိုင်ငံတွေကိုတော့ 1.6L gasoline engine တွေနဲ့ရောင်းချပါတယ်။
နိုင်ငံတကာကို တင်ပို့တဲ့အခါကျတော့ ASX ဆိုတဲ့နာမည်နဲ့ တင်ပို့ရောင်းချပါတယ်။ တကယ်တော့ ASX နဲ့ RVR အတူတူပါပဲ။ ထူးခြားသွားတာကတော့ ASX ဟာနိုင်ငံတကာကို တင်ပို့တဲ့ ကားဖြစ်တာကြောင့် တင်ပို့တဲ့နိင်ငံတွေရဲ့  ရာသီဥတု ၊ လမ်းအခြေအနေ ၊ ဆီအရေအသွေးနဲ့ ကိုက်ညီအောင်ထုတ်လုပ်ပေးလိုက်တာပါ။ ဥပမာ မြန်မာပြည်အတွက် ကျွန်တော်တို့ တင်သွင်းလာတဲ့ ၂၀၁၆ ၂၀၁၇ မော်ဒယ် ASX ဟာ ဘယ်မောင်းဖြစ်တယ် ပန့်ကို low grade fuel နဲ့တောင်အဆင်ပြေအောင် ထုပ်လုပ်ပေးလိုက်တယ် suspension (ကားအောက်ပိုင်း) မှာတော့ လမ်းကြမ်းရော လမ်းချောလုံး နှစ်မျိုးလုံးမှာ ကောင်းမွန်စွာမောင်းနှင်နိုင်ဖို့ အရှေ့ဘက်ကို MacPherson Strut Front နဲ့ နောက်ဖက်ကို Multi-Link rear suspension ထည့်ပေးလိုက်တယ်။
ဒါကြောင့် ကျွန်တော်တို့ Mitsubishi Motors Myanmar မှတင်သွင်းရောင်းချနေတဲ့ 2016 2017 model ASX ဟာ မြန်မာနိုင်ငံအတွက်အထူးသင့်လျော်အောင် ထုတ်လုပ်ထားပြီး ဆီအရေအသွေးကြောင့် ပန့်ပြသနာတွေ လမ်းအခြေအနေကြောင့် suspension တွေခနခန ပြုပြင်ရတဲ့ ဒုက္ခက ကင်းဝေးနိုင်မှာပါ။
For more information, Call our hotline;
Yangon – 09260902943, 01-514522
Mandalay – 09456005573, 09456005574