မောင်သာ(ရှေးဟောင်းသုတေသန)၊ ဓာတ်ပုံ- ခန့်ညား
ပြတိုက်ဟူသည့်ဝေါဟာရ၏ အဓိပ္ပာယ်ကို မြန်မာ့စွယ်စုံကျမ်း အတွဲ(၇)တွင် ”ပညာလိုက်စားသူအပေါင်းတို့အတွက် အဘက်ဘက်မှ အကူအပံ့ဖြစ်စေသော ပစ္စည်းအမျိုးမျိုးတို့ကို သိုမှီးပြသထားရာ အဆောက်အအုံများကို ပြတိုက်ဟု ခေါ်ဆိုနိုင်ပေသည်”ဟု ဖွင့်ဆိုသည်။ အခြေခံပြတိုက်ပညာ စာအုပ်တွင်လည်း ပြတိုက်သည် ရှေးဟောင်းပစ္စည်းများ သို့မဟုတ် အမှတ်တရ မှတ်တမ်းတင်ထားရှိရမည့်ပစ္စည်းများ ကို တစ်နေရာတည်း၌ စုစည်းထားပြီး အများပြည်သူများ စူးစမ်းလေ့လာရန်၊ သုတေသနပြုလုပ်ရန် လေ့လာကြည့်ရှု စေခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေသည့် ပညာဖြန့်ဖြူးရာဌာနကြီးဖြစ်ကြောင်း ရေးသားထားသည်။
က္ဘမာတစ်ဝန်း နိုင်ငံအသီးသီးတွင် ဖွင့်လှစ်ထားသည့် ပြတိုက်ပေါင်း ၅၅ဝဝဝ ကျော်ရှိသည့်အနက် အမျိုးသားပြတိုက် များကို နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကိုဖော် ညွှန်းသည့် ပြကွက်များဖြင့် ပြသလေ့ရှိသဖြင့် နိုင်ငံတိုင်းမှ အမျိုးသားပြတိုက်များသည် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်ကြည့်ရှုလေ့လာကြရသည့် နေရာတစ်ခု ဖြစ်လာ ခဲ့ပေသည်။
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် အမျိုးသား အဆင့်ပြတိုက်ကြီးနှစ်ခု ဖွင့်လှစ်ပြသထားရာ ရန်ကုန်မြို့နှင့် နေပြည်တော်တွင် တစ်ခုစီ တည်ရှိကြသည်။
ကနဦး အမျိုးသားပြတိုက်
မြန်မာနိုင်ငံ အမျိုးသားပြတိုက်ကို လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း၊ ခေတ်အဆက်ဆက်တွင် ရန်ကုန်မြို့ နေရာ အသီးသီး၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ဗြိတိသျှတို့သည် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီးနောက် များစွာသော မြန်မာ့နန်းသုံးတော်ဝင် ပစ္စည်းများသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားခဲ့သည်။ မြန်မာဘုရင်တို့၏ အထွတ်အမြတ် တော်ဝင်နန်းသုံးပစ္စည်းတစ်ခု ဖြစ်သည့် သီဟာသနပလ္လင်ကို အိန္ဒိယနိုင်ငံသို့ယူဆောင်ပြီး ကလကတ္တားပြတိုက်တွင် ထားရှိခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်မောင့် ဘက်တန်က သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်လည် ပေးအပ်လိုသည့်ဆန္ဒရှိကြောင်း ဗြိတိသျှဘုရင် ဂျော့ထံ အကြံ ပြုခဲ့သည်။ ဘုရင်က သဘောတူညီခဲ့သဖြင့် ဗြိတိသျှအစိုးရ သည် သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး လော့ဒ်မောင့်ဘက်တန်က မြန်မာနိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်ထံမှောက်၌ ၁၉၄၈ ခုနှစ် မတ် ၁၂ ရက်တွင် ပလ္လင် ကြီးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
ထိုအချိန်က အမျိုးသားပြတိုက်မရှိသေးသဖြင့် သီဟာသန ပလ္လင်ကို ရန်ကုန်မြို့ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် ထားရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ဦးဝိစာရလမ်းရှိ ဂျူဗလီခန်းမသို့ ပြောင်းရွှေ့ပြသခဲ့သည်။ ဂျူဗလီခန်းမတွင် သီဟာသနပလ္လင် နှင့် ရှေးဟောင်းအနုပညာပစ္စည်း အနည်းငယ်ကိုသာ ပြသနိုင် ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အမျိုးသားပြတိုက်ကို ဂျူဗလီခန်းမမှ ပန်းဆိုးတန်းလမ်းရှိ ဂရင်းလေးဘဏ်ဟောင်း (ယခု စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်)သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ်ဖေဖော်ဝါရီလတွင် အများပြည်သူများအား ဖွင့်လှစ် ပြသခဲ့သည်။ ယင်းအမျိုးသားပြတိုက်တွင် အထပ်သုံးထပ်ပါ ရှိပြီး မြေညီထပ်တွင် သီဟာသနပလ္လင်ကို ထားရှိခဲ့ကာ ကျန် အထပ်များတွင် မင်းခမ်းတော်ပစ္စည်းများ၊ ရှေးဟောင်းသုတေ သန တူးဖော်မှုများမှ ရရှိသည့် ပစ္စည်းများ၊ မြန်မာ့လက်မှု အနုပညာလက်ရာ ပစ္စည်းများ၊ တိုင်းရင်းသားလူမျိုးများ၏ အသုံးအဆောင်ပစ္စည်းများကို ပြသခဲ့သည်။
အမျိုးသားပြတိုက်(ရန်ကုန်)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်လမ်း အမှတ် (၆၆/၇၄)တွင် တည်ရှိသည့် အထပ်ငါးထပ်ပါဝင်၍ အလျား ပေ ၃၈ဝ နှင့် အနံ ပေ ၂ဝဝ ရှိသော လက်ရှိ အမျိုးသား ပြတိုက်(ရန်ကုန်)ကို ၁၉၉ဝ ပြည့်နှစ်တွင် အုတ်မြစ်ချ တည် ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့် လှစ်ခဲ့သည်။
ဧရိယာ ၃ ဒသမ ၈ဝ၄ ဧကကျယ်ဝန်းသည့် အမျိုးသား ပြတိုက်ဝင်းအတွင်း သမိုင်းတစ်လျှောက် စည်းလုံးညီညွတ်၍ အင်အားတောင့်တင်းသည့် မြန်မာနိုင်ငံတော်ကြီးများကို ထူထောင်ခဲ့ကြသည့် မင်းတရားကြီးသုံးပါး၏ ရုပ်တုများကို စိုက်ထူထားသည်။ အမျိုးသားပြတိုက်အနီးသို့ရောက်သည် နှင့် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည့် အနော် ရထာမင်းကြီး(ခရစ်နှစ် ၁ဝ၄၄ -၁ဝ၇၇)၊ ဒုတိယ မြန်မာ နိုင်ငံတော်ကို ထူထောင်ခဲ့သည့် ဘုရင့်နောင်မင်းကြီး (ခရစ် နှစ်၁၅၅ဝ-၁၅၈၁)နှင့် တတိယမြန်မာနိုင်ငံတော်ကို ထူ ထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင်ဇေယျ(ခရစ်နှစ် ၁၇၅၂-၁၇၆ဝ)တို့၏ သက်ရှိအရွယ် ရုပ်တုများကို မြင်ကြရ ပေသည်။
အမျိုးသားပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသထားကာ တစ်ဦးလျှင် ဝင်ကြေး ၅ဝဝ ကျပ် ကောက်ခံပြီး ကျောင်းသား ကျောင်းသူများကို အခမဲ့ဝင်ခွင့်ပြု သည်။
မြန်မာ့သမိုင်းနှင့် အနုပညာလက်ရာများကို ပြခန်း ၁၃ ဆောင်ခွဲကာ ပြသထားသည့် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ပြည်တွင်းပြည်ပမှ သုတေသီများအပါအဝင် ကျောင်းသား ကျောင်းသူများနှင့် ဧည့်သည်များ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိရာ ခရီးသွားရာသီများတွင် ပြည်ပဧည့်သည် ၁ဝဝဝ ကျော် နေ့စဉ် လာရောက်ကြကြောင်း သိရှိရပေသည်။
မြေညီထပ်ပြခန်းသို့ ဝင်လိုက်သည်နှင့် ထိုးကွင်းမင်ကြောင် များထိုးထားသည့် အမျိုးသားနှစ်ဦးက ကြေးမောင်းတစ်လုံးကို ကနုတ်ထွင်းထမ်းပိုးဖြင့် ထမ်းထားသည့် မောင်းခတ်သူ ပန်းပု ရုပ်အပါအဝင် ပန်းပုရုပ်များနှင့် ဦးဘဉာဏ်၊ ဦးစံဝင်း၊ ဦးနန်း ဝေ၊ ဦးဘရင်ကလေး၊ ဦးဘရင်ကြီးစသည့် မြန်မာပန်းချီကျော် များ၏ ပန်းချီကားများကို မြင်တွေ့ကြရသည်။
မြေညီထပ်တွင်ပြသထားသည့် ပြခန်းသုံးခန်းအနက် မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်းတွင် မြန်မာအက္ခရာနှင့် ကိန်းဂဏန်းများ ပြောင်းလဲလာပုံအဆင့်ဆင့်၊ ခေတ်အဆက် ဆက် စာပေရေးသားမှု အထောက်အထားများနှင့် မဟာဆွေ၊ သိပ္ပံမောင်ဝ၊ ဒဂုန်ခင်ခင်လေးစသည့် ၂ဝ ရာစု မြန်မာ စာရေး ဆရာများ၏ လက်ရေးစာမူများကို ပြသထားသည်။ ယင်း အခန်းမှာပင် ၁၉၉၃ ခုနှစ် မတ်လတွင် သရေခေတ္တရာမြို့ ဟောင်းမှ တူးဖော်ရရှိခဲ့သည့် ဘုရားထောင်အရိုးအိုးကို တူး ဖော်တွေ့ရှိခဲ့သည့် ဘုရားထောင်စေတီအနီးမှ အခင်း အကျင်းအတိုင်း ပုံစံတူပြုလုပ်ပြသထားသည်။ ဘုရားထောင် အရိုးအိုး ပတ်လည်တွင် ပျူဘုရင်များ၏ အမည်များကို ရေးထိုးထားသည်။
ပျူစာပါ အုတ်ချပ်များ၊ အုတ်ခွက်ဘုရားများ၊ စဥ့်ကွင်း များနှင့် သရေခေတ္တရာမြို့ဟောင်း၊ ခင်ဘကုန်းမှ ရရှိခဲ့သည့် ရွှေပေလွှာ ဓာတ်ပုံများအပြင် မွန်စာများရေးထိုးထားသည့် မွန်ခေါင်းလောင်းကိုလည်း လေ့လာနိုင်ကြသည်။ မြစေတီ ကျောက်စာပုံတူ၊ ပဲခူးမြို့ရှိ က္ဘောဇသာဒီနန်းတော်ရာမှ တူးဖော်ရရှိခဲ့သည့် ကျွန်းတိုင်ကြီးနှစ်လုံး၊ က္ဘာ့မှတ်တမ်း အမွေအနှစ် အလောင်းမင်းတရားရွှေပေလွှာ ဒီဂျစ်တယ် မိတ္တူတို့အပြင် လွတ်လပ်ရေးရပြီးစက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လူမျိုးစုလွှတ်တော် နာယကတို့ လွှတ်တော်တက်ချိန်၊ ဆင်းချိန်တွင် အသုံးပြုခဲ့သည့် ရွှေကျိုင်းနှစ်လက်ကို မြင်တွေ့ နိုင်ကြသည်။
သီဟာသနပလ္လင်ပြခန်းတွင် ဗြိတိသျှတို့ထံမှ ပြန်လည် ရရှိခဲ့သည့် ယမနေသား မူရင်း သီဟာသနပလ္လင်ကို ပြသထား သည်။ ယင်းပလ္လင်ကို ရတနာပုံခေတ်၌ လွှတ်တော်ဆောင်တွင် ထားရှိခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ပြယုဂ် တစ်ခုအဖြစ် ဂုဏ်ယူဖွယ် ကျန်ရှိနေပေသည်။ ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်ဟူသည့်အတိုင်း ပလ္လင်ရှစ်မျိုး၊ အရေ အတွက်ကိုးခု ရှိခဲ့သော်လည်း ကျန်ပလ္လင်ရှစ်ခုသည် ဒုတိယက္ဘာစစ်အတွင်းပျက်စီးခဲ့သဖြင့် ပုံတူများကို ပြသထားသည်။ သီဟာသနပလ္လင်၏ မျက်နှာချင်းဆိုင်နံရံတွင် ရာဇပလ္လင်အခေါ် အဝေါ်များ၊ သီဟာသနပလ္လင်ပြုလုပ်ပုံ၊ ပလ္လင်သမိုင်းအကျဉ်း နှင့် လောကနတ်ရုပ်အကြောင်း သိမှတ်ဖွယ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားချိတ်ဆွဲထားသည်။
မြေညီထပ်ရှိ ရတနာပုံခေတ်ပြခန်းတွင် မ္တလေးနန်းမြို့ အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်၏ ပုံစံငယ်များ၊ ပန်းချီ ကားများ၊ နန်းတွင်းသုံးပရိဘောဂများ၊ တော်ဝင်မျိုးနွယ်များ၏ အခမ်းအနားသုံး ဝတ်စုံများကို မြင်တွေ့နိုင်ကြသည်။ ပြခန်း ပတ်လည် နံရံများပေါ်တွင် မ္တလေးနန်းမြို့ရှိ အဆောင်များ၊ ကျုံးကူးတံတား၊ မြို့ရိုး၊ ပြအိုး၊ ပစ္စင် ဓာတ်ပုံများကို ချိတ်ဆွဲ ထားသည်။
ယင်းပြခန်း၌ပင် တောင်တွင်းကြီးဆရာတော် အသုံးပြုခဲ့ သည့် မှန်စီရွှေချ သလွန်တော်၊ မင်းတုန်းမင်း မိဖုရားခေါင်ကြီး၏သလွန်၊ စုဖုရားလတ်၏ မှန်တင်ခုံ စသည်တို့ကို မြင်တွေ့ ကြရသည်။ ထူးခြားသော ပြကွက်များအဖြစ် ငွေသင်ဖြူးဖျာ၊ ဇာတ်ကွက်များထွင်းထားသည့် သစ်ထွင်းစင်၊ အချိန်နာရီ မောင်း၊ မှန်စီရွှေချဗီရို၊ ပြင်သစ်နိုင်ငံက ကင်းဝန်မင်းကြီးကို လက်ဆောင်ပေးခဲ့သည့် ကြေးခုတင်၊ ဆင်စွယ်ကုလားထိုင် စသည့် ရတနာပုံခေတ် နန်းသုံးပစ္စည်းများကို လေ့လာနိုင်ကြ သည်။ ရတနာပုံခေတ်ပြခန်းတွင် ပြသထားသည့် ပစ္စည်းများ အနက် သီပေါမင်း၏ ဒုရင်တော်နှင့် စုဖုရားလတ်၏ မဟာ လတ္တာတန်ဆာ ဝတ်ရုံတော်များသည် စိတ်ဝင်စားဖွယ် အကောင်းဆုံးဟု ဆိုနိုင်သည်။ ကျောက်မျက်ရတနာများ စီခြယ်၍ ဘော်ကြယ်များအထပ်ထပ်ထိုးထားသည့် ဝတ်ရုံ များကို မှန်ခန်းအတွင်း စနစ်တကျ သိမ်းဆည်းပြသထား သည်။ ထို့အတူ မှူးတော်မတ်တော်များ၏ ဝတ်ရုံများကိုလည်း မြင်တွေ့နိုင်ကြသည်။
အမျိုးသားပြတိုက် ပထမထပ်တွင် မင်းခမ်းတော်ပစ္စည်း များပြခန်း၊ မြန်မာ့မြို့ပြယဉ်ကျေးမှုပြခန်းနှင့် သဘာဝသမိုင်း နှင့် မြန်မာ့သမိုင်းမတင်မီ ပြခန်းများကို ခင်းကျင်းထားသည်။
မင်းခမ်းတော်ဝင်ပစ္စည်းများပြခန်းတွင် မြန်မာ့မင်းခမ်း တော်နှင့် မင်းခမ်းတော်မဟုတ်သည့် နန်းသုံးပစ္စည်းများကို ရှင်းလင်းရေးသားထားသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံး ခဲ့ရပြီးနောက် ပြည်ပသို့ရောက်ရှိခဲ့သည့် သီဟာသနပလ္လင် အပါအဝင် မင်းခမ်းတော်ဝင်ပစ္စည်းများ ၁၄၁ မျိုးကို လွတ်လပ်ရေးရရှိပြီးနောက် ပြန်လည်ရရှိခဲ့ရာ ယင်းတို့ကို ပြသ ထားသည်။
မင်းခမ်းတော်သည် မင်းခမ်းမင်းနားဆိုင်ရာ လက်ဝဲ လက်ယာ အခင်းအကျင်းဖြစ်ပြီး မင်းခမ်းတော်ဝင်ပစ္စည်း များသည် မြန်မာဘုရင်များလက်ထက်က နှစ်စဉ် တော်ဝင် အခမ်းအနားများတွင် သုံးစွဲလေ့ရှိသည့် နန်းသုံးပစ္စည်းများ ဖြစ်ကြသည်။ ဇေယသင်္ခယာပြုစုသည့် ရွှေဘုံနိဒါန်းတွင် မင်းခမ်းတော်၂၆ ပါးကို လက်ဝဲမင်းခမ်း ၁၃ ပါးနှင့် လက်ယာ မင်းခမ်း ၁၃ ပါးဟု ပြဆိုပြီး အမျိုးသားပြတိုက်တွင် လက်ယာ မင်းခမ်းတော် ၁၇ ပါးနှင့် လက်ဝဲမင်းခမ်းတော် ၁၈ ပါး ပြသ ထားသည်။
မြန်မာ့ မြို့ပြယဉ်ကျေးမှုအခန်းတွင် တကောင်း ရှေး ဟောင်း ယဉ်ကျေးမှုနယ်မြေ မုခ်ဦးပုံစံတူနှင့်အတူ မ္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ဟောင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက္ကသာမြို့ဟောင်းနှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ဝေသာလီမြို့ဟောင်း မြေပုံ များကိုချိတ်ဆွဲထားသည်။ ထို့အတူ တကောင်းမြို့ဟောင်းမှ ရရှိခဲ့သည့် အေဒီ ၁၁ ရာစုလက်ရာ အနော်ရထာမင်းကြီး အုတ်ခွက်ဘုရားများ၊ လက်ရေးစင်းပါ အုတ်ချပ်များ၊ မြေဆေး တံများ၊ ပျူမြို့ဟောင်းများမှရရှိခဲ့သည့် အရိုးအိုးများ၊ ကျောက် နှင့်မြေ အသုံးအဆောင်များကို မြင်တွေ့နိုင်ကြသည်။ ရှေး ဟောင်းပစ္စည်း မှောင်ခိုသမားများကြောင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ပြန်လည်ရရှိခဲ့သည့် ပျူ ကချေသည်ရုပ်ငါးရုပ် ပုံပွားများကိုလည်း မြင်တွေ့ကြရပေသည်။
သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီ ပြခန်းတွင် မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် နှစ်သန်း ၄ဝ သက်တမ်းရှိပြီဖြစ် သည့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ြ<ွကင်းများ၊ ကုန်းနေရေနေ၊ ကျောရိုးရှိနှင့် ကျောရိုးမဲ့ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ြ<ွကင်းများ၊ သက်တမ်းနှစ် ၁ဝဝဝ ကျော်ကဟု ခန့်မှန်းသည့် ပြဒါးလင်းဂူ ကျောက်ခေတ်ယဉ်ကျေးမှု အထောက်အထား များ၊ မြန်မာနိုင်ငံအတွင်း နှစ် ၃၅ဝဝ ဝန်းကျင်က ထွန်းကားခဲ့ သည့် ကြေးခေတ်နှင့် ခရစ်တော်မပေါ်မီ ၂ ရာစုမှ ၉ ရာစု အကြား ထွန်းကားခဲ့သည့် ပျူခေတ်အထောက်အထားများကို ပြသထားသည်။ ကျောက်ဖြစ်ရုပ်ြ<ွကင်းများ တူးဖော်တွေ့ရှိပုံ၊ အမျိုးအစားခွဲခြားပုံ၊ ထိန်းသိမ်းပုံစသည့် အသိပညာပေး အစီ အစဉ်များကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ယင်းပြခန်းတွင် ပရိုဂျက်တာဖြင့် ပြသပေးသည်။
အမျိုးသားပြတိုက် ဒုတိယထပ်တွင် မြန်မာ့လက်မှု အနုပညာ ပြခန်းနှင့် မြန်မာ့သုခုမအနုပညာပြခန်းများကို လေ့လာနိုင်သည်။ လက်မှုအနုပညာပြခန်းတွင် မြန်မာနိုင်ငံ သားများ၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းများ၊ သွားလာ မှုတွင်သုံးစွဲခဲ့သည့် ပစ္စည်းများ၊ ရက်ကန်းပစ္စည်းများ၊ ထန်း ဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများ၊ မှန်စီရွှေချ အလှအပ ပစ္စည်းများ၊ စဥ့်ထည်ပစ္စည်းများစသည့် မြန်မာ့လက်မှု အနုပညာပစ္စည်းများကို ပြသထားသည်။
ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရံ၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီနှင့် ပန်းယွန်းဟူသည့် မြန်မာ့ရိုးရာ ပန်း ၁ဝ မျိုး အနုပညာလက်ရာများကိုလည်း ပြသထားရာ ပဲ တိမ် တဉ်း တော့၊ ရံ ပု မော့၊ မှတ်လော့ ပွတ် ချီ ယွန်း ဟူသည့် လင်္ကာနှင့် တွဲစပ်လေ့လာနိုင်ကြသည်။ သမင်ဦးချိုကုလားထိုင်၊ ကျောက်ကာသပိတ်၊ အုန်းမှုတ်ပန်းအိုး၊ ဆွမ်းတော်အုပ်၊ ပေထုတ်နှင့်စာပလွေ၊ သစ်သားသင်ပုန်းတို့အပြင် မြန်မာ့ရိုးရာ လှည်းယဉ်ကြော့၊ အင်းသားရိုးရာလှေ၊ ဆလုံလှေ၊ ချပ်လှည်း ဘီးတို့ကိုလည်း လေ့လာနိုင်သည်။
မြန်မာ့သုခုမ အနုပညာပြခန်းတွင် မြန်မာ့ မှန်စီရွှေချဆိုင်း ဝိုင်းအပါအဝင် ရိုးရာသုခုမပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ လေမှုတ်နှင့် ကြိုးတပ် တူရိယာပစ္စည်းများ၊ ရုပ်သေးရုပ်များ၊ ခေတ်အဆက်ဆက်ထင်ရှားခဲ့သည့် အနုပညာရှင်များ၏ ဓာတ်ပုံ၊ ပန်းချီ၊ အသုံးအဆောင်များကိုခင်းကျင်းထားသည်။
တတိယထပ်တွင် မြန်မာပန်းချီခန်းမဆောင်နှင့် မြန်မာ့ ရှေး ဟောင်းအဆင်တန်ဆာရတနာပြခန်းတို့ရှိသည်။ ပန်းချီ ခန်းမဆောင်တွင် မြန်မာ့ရှေးဦး ကျောက်ခေတ်လူသားများ ပြဒါးလင်းဂူတွင်ရေးဆွဲခဲ့သည့် နံရံပန်းချီ ပုံတူများ၊ မြင်းကပါ ဂူပြောက်ကြီး၊ နန္ဒမညာ၊ ကျန်စစ်သား ဥမင်၊ စူဠာမဏိစသည့် ပုဂံရှေးဟောင်းနယ်မြေရှိ စေတီပုထိုးများရှိ နံရံဆေးရေးပန်းချီ ပုံတူများ၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ် လက်ရာ နံရံဆေးရေးပန်းချီ ပုံတူများကို မြင်တွေ့နိုင်ကြသည်။ ကုန်းဘောင်ခေတ်မှ မျက်မှောက်ခေတ်တိုင် ထင်ရှားခဲ့သည့် မြန်မာပန်းချီပညာရှင်များ၏ ဆီဆေး၊ ရေဆေး၊ ခဲခြစ်၊ မင်ခြစ်၊ ခရိုင်းလစ်ဆေး ပန်းချီလက်ရာများကို ကြည့်ရှုခံစားနိုင်သည်။
ရှေးဟောင်းအဆင်တန်ဆာရတနာပြခန်းတွင် ပျူခေတ်မှ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် ဆင်မြန်းဝတ်ဆင်ခဲ့ သည့် လက်ဝတ်တန်ဆာများကို ပြသထားရာ ပျူခေတ်လက်ရာ ရွှေနရားလက်ကောက်ခေါင်းပိုင်း၊ နွားရုပ်ပါ ရွှေဆွဲပြား၊ ပျူခေတ်နှောင်းပိုင်းလက်ရာ ရွှေတံဆိပ်ပြားလက်စွပ်၊ ကုန်း ဘောင်ခေတ်လက်ရာ ရွှေဒါလီဆန်းဘယက်တို့သည် အလွန် လက်ရာမြောက်သည့် မြန်မာ့အဆင်တန်ဆာများ ဖြစ်ကြပေ သည်။
စတုတ္ထထပ်ရှိ ပြခန်းသုံးခန်းအနက် ဗုဒ္ဓအနုပညာပြခန်းတွင် ပျူခေတ်မှ ရတနာပုံခေတ်တိုင် ခေတ်အဆက်ဆက်လက်ရာ မြေထည်၊ ကျောက်ဆစ်၊ ကြေးသွန်း၊ သစ်သား၊ ယွန်းထည်၊ သံထည် ဗုဒ္ဓရုပ်ပွားတော်များ၊ အုတ်ခွက်ဘုရားများကို ပြသ ထားသည်။ ယင်းအထပ်၌ပင်ရှိသည့် တိုင်းရင်းသားယဉ်ကျေး မှုပြခန်းတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်း သားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုသရုပ်ဖော် ရုပ်လုံးများ၊ တူရိယာပစ္စည်းများနှင့် ထုံးတမ်းဓလေ့သုံး ပစ္စည်း များကို ပြသထားပေသည်။ အာဆီယံပြခန်းတွင်မူ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၁ဝ နိုင်ငံ၏ တည်နေရာ၊ မြို့တော်၊ ရုံးသုံး ဘာသာစကား အစရှိသည့် သိမှတ်ဖွယ်အချက်အလက်များ ကို တစ်နိုင်ငံခြင်းမြေပုံ၊ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ တစ်နိုင်ငံစီ၏ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း လေ့လာနိုင်ကြပေသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်များသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် တိုင်းရင်းသားများ၏ ယဉ် ကျေးမှုအမွေအနှစ်များကို တစ်နေရာတည်းတွင် လေ့လာနိုင် သည့်နေရာများဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များ အပါအဝင် မြန်မာနိုင်ငံသားများသာမက ပြည်ပခရီးသွား ဧည့်သည် များပါ နေ့စဉ်လာရောက်လျက်ရှိသည့် ယဉ်ကျေးမှုမှတ်တမ်း ဌာနကြီးတစ်ခုအဖြစ် ဂုဏ်ယူဖွယ် ရပ်တည်နေပေသည်။ ။
ကိုးကား
(၁) မင်းခမ်းတော်ဝင်ပစ္စည်းများ (ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန)
(၂) အမျိုးသားပြတိုက် လေ့လာရေး မှတ်စုများ
(၃) မြန်မာ့သမိုင်းကိုဖော်ကျူးနေတဲ့ အမျိုးသားပြတိုက်
(Info Digest Journal, အမှတ်၂၄၊ ၂၅)
အမျိုးသားပြတိုက်(ရန်ကုန်)
